• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟယ်ရီပေါ်တာ ဇာတ်ကောင်ကြောင့် အရက်စွဲခဲ့ဖူးတဲ့ Daniel Radcliffe

by မစ်ကီ
26 May 2020
in Entertainment
A A
မင်းသား Daniel Radcliffe

မင်းသား Daniel Radcliffe

18.5k
VIEWS
Share on FacebookShare on Twitter

မင်းသား Daniel Radcliffe ဟာ ဟယ်ရီပေါ်တာ ရုပ်ရှင်တွေကို ရိုက်ကူးနေတဲ့အချိန်မှာ အရက်စွဲနေခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နောက်ဆုံးဟယ်ရီပေါ်တာ ရုပ်ရှင်ကိုရိုက်ကူးခဲ့ပြီးတဲ့နောက် နှစ်အနည်းငယ်အထိ အရက်စွဲနေခဲ့တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက Off Camera မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသားက လူငယ်မင်းသားတယောက်အနေနဲ့ အကြည့်ခံခဲ့ရတဲ့ ခံစားချက်ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
555
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
515

“ကျနော့်အကြောင်း ပြောရမယ်ဆိုရင် လူတွေရဲ့စောင့်ကြည့်တာကို ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို မေ့ပျောက်ဖို့ အလျင်မြန်ဆုံး နည်းလမ်းကတော့ အရက်မူးနေဖို့ဖြစ်ပါတယ်။ ပြီးတော့ အရက် အရမ်းမူးလာတာနဲ့အမျှ လူတွေ စောင့်ကြည့်နေကြတယ်ဆိုတာကို ပိုပြီး ရှောင်ရှားလာနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

၂၀၁၀ ခုနှစ်ကစလို့ အရက်စွဲခဲ့တဲ့ မင်းသားက သူငယ်ချင်းတွေရဲ့ အကူအညီတွေနဲ့ အရက်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

သူက “ကျနော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ညက ရေချိန်ကိုက်ထားပြီး နောက်တနေ့ မနက်မှာ အိပ်ရာထရတာဟာ တော်တော်လေးကို မကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့လည်း ကျနော့်ရဲ့ အလုပ်ကို အရမ်း ချစ်မြတ်နိုးပါတယ်။ ရိုက်ကွင်းကိုသွားရတာလည်း ကြိုက်ပါတယ်။ ပြီးတော့ ကျနော် ရိုက်ကွင်းမှာ မရှိတဲ့နေ့ဟာ နေ့တနေ့တောင် မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ သီးခြားအင်တာဗျူးတခုမှာတော့ သူက “လူတွေရှေ့မှာ ဆောင်ရွက်ရမယ့် အပြုအမူဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ကျနော် တကယ်မသိခဲ့ပါဘူး။ နာမည်ကြီးမှုက ကျနော့်ဘဝကို အနှောင့်အယှက် ဖြစ်နေတယ်လို့ ခံစားရတာ အဲ့ဒီတုန်းက ပထမဆုံးအကြိမ်ပါ။ ကျနော်အပြင်မှာ အရက်ထွက်သောက်တဲ့အခါ လူတွေက အရက်မူးနေတဲ့ လူတယောက်လို့ မြင်မှာ မဟုတ်ဘူး”

“ဟယ်ရီပေါ်တာက ဘားတခုမှာ အရက်မူးနေတယ်လို့ပဲ သိကြမှာ။ အဲ့ဒါက လူတွေရဲ့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ လူတွေအတွက် ရယ်စရာ တခုဖြစ်ခဲ့မှာပါ။ အဲ့ဒါနဲ့ပဲ ကျနော်က ပိုသောက်တယ်။ ပိုမူးတယ်ဆိုတာမျိုး ဖြစ်လာခဲ့တယ်။ နှစ်အနည်းငယ်အထိ ကျနော်အရမ်းကို စွဲစွဲမြဲမြဲ သောက်ခဲ့တယ်” လို့ဆိုပါတယ်။

အသက် ၃၀ အရွယ် မင်းသား Daniel ဟာ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Harry Potter and the Philosopher’s Stone ရုပ်ရှင်မှာ စတင်သရုပ်ဆောင်ခဲ့ပြီး ၁၀ နှစ်အတွင်း ဟယ်ရီပေါ်တာရုပ်ရှင် ၇ ကားမှာ ဆက်တိုက် သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလတုန်းက ကမ္ဘာပေါ်မှာ အနုပညာကြေးအမြင့်ဆုံး မင်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး အဲ့ဒီရုပ်ရှင်စီးရီးမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် ကမ္ဘာတဝန်းမှာ ပရိသတ်တွေကရော ဝေဖန်သူတွေကပါ ချီးကျူးခဲ့ကြပါတယ်။

ဟယ်ရီပေါ်တာရုပ်ရှင်တွေ ပြီးတဲ့နောက် မင်းသားဟာ “The Woman in Black” နဲ့ “Victor Frankenstein” ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

အခုနှစ်ကုန်ပိုင်းမှာ ABBA အဖွဲ့ရဲ့ သီချင်းသစ် ဖြန့်ချိမည်

တပတ်အတွင်း “Avatar” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်မည်

မင်္ဂလာပွဲတွေမှာ သီဆိုဖျော်ဖြေတာမျိုးလုပ်မှာ မဟုတ်ဘူးလို့ ရှာရွတ်ခန် ပြော

Your Thoughts …
Tags: Daniel Radcliffeဟယ်ရီပေါ်တာ ဇာတ်ကောင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများရဲ့ ဖန်တီးရှင် ကမ္ဘာကျော်စာရေးဆရာမ ဂျေကေရိုးလင်း

ဟယ်ရီပေါ်တာ ဇာတ်ကောင်တခုရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်ကို စာရေးသူ ထုတ်ဖော်ပြော

by ဧရာဝတီ
23 October 2017
32.2k

ဒါကတော့ ရုပ်ရှင်ကြည့်ရင်း မယုံနိုင်လောက်အောင် အနုစိတ် ခြယ်မှုန်းဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ ကျမ အမေကတော့ ကျမနဲ့ မိုင်ပေါင်း ၂၅ဝ လောက်ဝေးတဲ့အရပ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ အမေဆုံးတဲ့အကြောင်း နောက်တနေ့ကျမှ ကျွန်မ ဖုန်းရပါတယ်။

မင်းသား Daniel Radcliffe

လိင်ပြောင်းအမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပဲလို့ Daniel Radcliffe ပြော

by မစ်ကီ
10 June 2020
3.9k

စာရေးဆရာမ Rowling က ရာသီသွေးလာခြင်းနဲ့ အမျိုးသမီးတယောက်ကို သတ်မှတ်သင့်တယ်လို့ ပြောကြားတဲ့ တချို့သူတွေကို တုံ့ပြန်ဖို့ အမျိုးသမီးတွေက ရာသီသွေးလာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

Next Post
မျက်နှာကို ခွဲစိတ်ပြုပြင်ခဲ့တဲ့ ထိုင်းအမျိုးသား

မျက်နှာကို ဆာဂျရီ အကြိမ်ပေါင်း ၃၀ လုပ်ဆောင်ခဲ့တဲ့ ထိုင်းအမျိုးသား

မိခင်နဲ့ ဝေးကွာခဲ့တဲ့ အသက် ၅ နှစ်အရွယ် ကလေး

Lockdown ကြောင့် ၃ လနီးပါး မိခင်နဲ့ ဝေးကွာခဲ့တဲ့ ကလေးငယ်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate