• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို

by ချစ်ပိုး
30 May 2020
in Entertainment
A A
နာရေးကူညီမှုအသင်းမှာ ပရဟိတ လုပ်နေတဲ့ ထွန်းကိုကို  / Yanpaing Tunko's Facebook

နာရေးကူညီမှုအသင်းမှာ ပရဟိတ လုပ်နေတဲ့ ထွန်းကိုကို / Yanpaing Tunko's Facebook

73.5k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ထွန်းကိုကိုကတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတွေ့ကတည်းက အိမ်မပြန်ဖြစ်ဘဲ နာရေးကူညီမှုအသင်းမှာပဲ နေထိုင်ကာ ပရဟိတအလုပ်များ ကူညီလုပ်ကိုင်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော် ဒီနိုင်ငံမှာ COVID-19 တွေ ဖြစ်ကတည်းက အိမ်မပြန်ဖြစ်တာ ၁ လပြည့်တော့မယ် ထင်တယ်။ ပထမတုန်းက ပြန်သေးတယ်။ နောက်ပိုင်း အိမ်ကို သေချာပြောပြီး မပြန်တော့ဘဲ အသင်းမှာ နေလိုက်တာပါ။ အမေက စိတ်ပူတယ်။ စိတ်လည်း မချဘူး။ ကျနော်က ပြန်ငဲ့ရတာပေါ့။ အမေ စိတ်မချပေမယ့် အိမ်ပြန်ရင် အမေတို့ အဖေတို့နဲ့ဆိုတော့ ကျနော်ကလည်း နေရာစုံသွားနေရတာ”

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
67
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
194
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
633
“ဆေးရုံတွေလည်း ရောက်တယ်။ သံသယလူနာတွေ သယ်ရတယ်။ ရပ်ကွက်တွေထဲ ဆေးလိုက်ဖျန်းနဲ့ အန္တရာယ် အရမ်းများတယ်။ မကူးဘူးလို့ ပြောမရဘူး။ ကူးချင်ရင် ကူးသွားမှာပဲ။ အခန့်မသင့်ရင် ကူးနိုင်တဲ့အတွက် မိသားစုဆီ မပြန်ဘဲ နာရေးကူညီမှုအသင်းမှာ နေပြီး ပရဟိတ အလုပ်တွေ လုပ်တယ်။ ဒီရက်ထဲမှာလည်း တရက်မှ မနားရသေးဘူး”လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

ဆက်လက်ပြီး ထွန်းကိုကိုက အခုလို ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရချိန်မှာ လုပ်ရတဲ့အတွက် ပီတိ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

“ကျနော်လည်း အိမ်မှာ နေချင်တာပေါ့။ ပင်ပန်းတယ်လို့လည်း သဘောမထားပါဘူး။ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့အချိန်မှာ လုပ်ရတဲ့အတွက် ပီတီဖြစ်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ကိုဗစ်ကာလအတွင်း ဦးကျော်သူရဲ့ ညွှန်ကြားမှု အောက်မှာ ပရဟိတလုပ်ငန်းတွေကို အကောင်းဆုံးလုပ်ပြီး  ဖြတ်သန်းနေတယ်ဆိုတဲ့ ထွန်းကိုကိုက စိတ်ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ထားတယ်လို့ ဆိုပါတယ်။

“ကျနော် စိတ်ဆုံးဖြတ်ချက် ၂ ခု ထားထားတယ်။ အကောင်းဆုံးတွေ တွေးထားသလို အဆိုးဆုံးတွေ ဖြစ်ဖို့အတွက်လည်း ကြိုတွေးထားရတယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာမှလည်း အလုပ်တွေ လုပ်ရတာ ပိုအားရှိတာပေါ့။ အဆိုးဆုံးလည်း တွေးထားသလို အကောင်းဆုံးလဲ တွေးထားတယ်။ ကျနော်တို့နဲ့ အတူ ဒီကာလမှာ ဦးမောင် (ဦးကျော်သူ) ကလည်း အားနဲ့ မာန်နဲ့ အသက်အရွယ်အရ ညှာရမယ့် အသက်ဆိုပေမယ့် မညှာဘဲ ကိုယ်တိုင်လုပ်တော့ ကျနော်တို့ လူငယ်တွေ အားတက်စေပါတယ်”

“ဒီကာလမှာ ဦးမောင်ရဲ့ ညွှန်ကြားမှုအောက်မှာ ပရဟိတလုပ်ငန်းတွေကို အကောင်းဆုံး လုပ်ပြီး ကျနော်တို့ ဖြတ်သန်းနေပါတယ်။ လူတိုင်းကို သံသယ မျက်လုံးနဲ့ ကြည့်ရမယ်။ ကိုယ်တိုင်ကလည်း တခြားသူ မကူးစက်အောင် နေသင့်တယ်။ ပေါ့လည်း မပေါ့ဆပါနဲ့။ အရမ်းကြောက်ဖို့လည်း မလိုပါဘူး” လို့ ထွန်းကိုကိုက ပြောပါတယ်။

ရောဂါ ကူးစက်မှုများ လျော့နည်းအောင် တတ်နိုင်သမျှ အိမ်မှာပဲ နေကြဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ရရင်လည်း Mask တပ်ကြဖို့ ထွန်းကိုကိုက တိုက်တွန်းထားပါတယ်။

“အိမ်မှာနေတာ အကောင်းဆုံးပဲ။ အိမ်မှာနေလို့ မရဘူး၊ အလုပ်တွေ လုပ်ဖို့ အပြင်ထွက်ရမယ်ဆိုလည်း လက်ကို ခဏခဏ ဆေးပါ။ နှာခေါင်းစည်း တပ်ပါ။ အသုံးပြုများတဲ့ နေရာတွေကို မကိုင်ပါနဲ့။ ကိုင်ပြီးရင်လည်း လက်ကို ဆေးပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် ထွန်းကိုကိုက နာရေးကူညီမှု အသင်း၊ မီးသတ်တပ်ဖွဲ့များနဲ့အတူ အရေးပေါ် ကယ်ဆယ်ရေးအလုပ်တွေမှာ ပရဟိတ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

You may also like these stories:

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေအတိုင်း နေစေချင်တယ်”

“ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ်မရှိတော့ အဆင်မပြေကြဘူး”လို့ စိုပြေ ပြော

Your Thoughts …
Tags: ထွန်းကိုကိုပရဟိတ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

တပူပေါ်နှစ်ပူဆင့်

ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်

by ဧရာဝတီ
18 September 2024
1.4k

ယခုနောက်ဆုံး သဘာဝဘေးအန္တရာယ်တွင် ချီးကျူးဂုဏ်ပြုသင့်သူများမှာ နိုင်ငံကို အုပ်ချုပ်နေသည့် စစ်သားများ ခြေမချရဲသည့် ရေလွှမ်းမိုးမှုအတွင်း ပြည်သူများကို ကယ်ဆယ်ရန် စွန့်စားလုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ပရဟိတ လုပ်ငန်းများ ဖြစ်သည်။

အမျိုးသမီးအို တဦး နှင့် အမျိုးသမီးပျို တဦး

အမျိုးသမီးအို တဦး နှင့် အမျိုးသမီးပျို တဦး

by မြသန်းတင့်
20 July 2024
999

အမျိုးသမီး နှစ်ဦးတို့သည် ကုသိုလ် ဒါနနှင့် ပတ်သက်သော စေတနာတွင် ပေါင်းဆုံမိကြပါသည်။ ကုသိုလ် ဒါန ဆိုသည်မှာ တော်တော် စိတ်ထားတတ်မှ မြတ်သည့် အလုပ်မျိုး ဖြစ်ပါသည်။

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်  / ဧရာဝတီ

ပရဟိတ မိခင်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

by ဧရာဝတီ
11 February 2022
13.1k

ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှာ ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ယင်းနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က...

မြင်းခြံ ပရဟိတဆရာတော်ကို ပစ်ခဲ့တဲ့ လက်သည် (ရုပ်/သံ)

မြင်းခြံ ပရဟိတဆရာတော်ကို ပစ်ခဲ့တဲ့ လက်သည် (ရုပ်/သံ)

by ယဉ်မွန်
3 July 2024
520

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပရဟိတ ဆရာတော် ဦးဥတ္တမ ကို ပစ်ခတ်သတ်ဖြတ်သူတွေဟာ စစ်ကောင်စီဩဇာခံ ပျူစောထီးတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

စစ်ကောင်စီက ရေဘေးကိုအသုံးချ ဝါဒဖြန့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော (ရုပ်/သံ)

စစ်ကောင်စီက ရေဘေးကိုအသုံးချ ဝါဒဖြန့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော (ရုပ်/သံ)

by မိုးသောက်
16 September 2024
293

စစ်ကောင်စီဟာ ရေဘေးသင့်ဒေသတွေကို ကူညီကယ်ဆယ်ရေး ထိထိရောက်ရောက်လုပ်ပေးတာမျိုးမရှိဘဲ ဝါဒဖြန့်ချိရေး သက်သက်အဖြစ်သာ အသုံးချနေတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အိုမီခရွန်မျိုးကွဲသည် ကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး ထိုးပြီးသူများ သို့မဟုတ် ကိုဗစ်နိုင်တင်းမှ နာလန်ထလာသူများကိုပါ ရောဂါဖြစ်ပွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတိပေးသည်

စစ်ကောင်စီကို WHO ကူညီနေသလား

by ဒက်စမွန်
22 July 2022
7.1k

ကုလသမဂ္ဂအဖွဲ့အစည်းများသည် “အလွန်စိုးရိမ်တတ်သော” အဖွဲ့အစည်းများ ဖြစ်သောကြောင့် ၎င်းတို့ ကျန်းမာရေး ထိခိုက်မည်ကို မြန်မာပြည်သူများက အလွန်စိုးရိမ်နေကြပါသည်။

Next Post
နေပြည်တော်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ရဲအရာရှိ ၃ ဦး  / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီယားအမှုတွင် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦး အရေးယူခံရ

Irrawaddy Market Review

Irrawaddy Market Review

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate