မင်းသား ပတ်စောဂျွန်းက နောက်ထပ် အောင်မြင်မှုတခု စိုက်ထူလိုက်နိုင်ပါပြီ။ ဇွန်လ ၁ ရက်နေ့မှာ မင်းသားရဲ့ တရားဝင် YouTube channel ဖြစ်တဲ့ Record PARK’s ကနေ တိုက်ရိုက် ထုတ်လွှင့်ရင်း Subscriber ၁ သန်း ပြည့်တဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။
YouTube channel ကနေ Subscriber ၁ သန်းပြည့်သူတွေအတွက် အထိမ်းအမှတ် ရွှေရောင်တံဆိပ်နဲ့ Gold Play Button ကို ပြသခဲ့ပါတယ်။ ဒါဟာ Subscriber ၁ သန်းပြည့်သွားတဲ့ ပထမဆုံး ကိုရီးယားသရုပ်ဆောင်လည်း ဖြစ်ပါတယ်။ ၁ သန်းပြည့်တဲ့အကြောင်း တိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာ ဒီလို အောင်မြင်မှုရအောင် ပံ့ပိုးကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကိုလည်း ကျေးဇူတင်ကြောင်း ပြောပြခဲ့ပါတယ်။
“ကျနော်နဲ့အတူတူ နေ့ရော ညရော ဗီဒီယိုတွေကို အတူတူ တည်းဖြတ်ခဲ့ပေးကြတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်အများကြီး မလုပ်လိုက်ရပါဘူး။ အားလုံးက ကျနော်ကို ကူညီပေးခဲ့ကြတယ်။ နောက်ပြီး ကျနော့် နေ့စဉ်ဘဝတွေအကြောင်းကို စိတ်ဝင်တစားနဲ့ ကြည့်ရှုပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူတင်ပါတယ်” လို့ ပြောပြသွားခဲ့ပါတယ်။
မင်းသား ပတ်စောဂျွန်းဟာ သူ့ရဲ့ တရားဝင် YouTube channel ဖြစ်တဲ့ Record PARK’s ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကမှ စတင်ခဲ့တာဖြစ်ပြီး ၁၁ လဆိုတဲ့အချိန်တိုအတွင်း Subscriber တသန်းပြည့် စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ပြင် YouTube မှာ Gold Play Button ရတဲ့ ပထမဆုံး ကိုရီးယားသရုပ်ဆောင်ဖြစ်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ပြောသွားခဲ့ပါတယ်။ မင်းသားဟာ Webtoon ကို ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ “Itaewon Class” မှာ စားသောက်ဆိုင်ပိုင်ရှင် ပတ်ဆယ် ရိုအီဇာတ်ကောင်နဲ့ နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ မင်းသမီး IU ၊ မင်းသား လီဟွန်ဝူးတို့နဲအတူ “Dream” ဇာတ်ကား ရိုက်ကူးနေပါတယ်။ နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပတဲ့ အိမ်ခြေရာမဲ့ ကမ္ဘာ့ဖလားပွဲ Homeless World Cup ဝင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဘောလုံးအသင်းအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ မင်းသား ပတ်စောဂျွန်းက ကြေးစားဘောလုံးသမားဟောင်း ယွန်ဟွန်ဒယ်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်အတွက် မင်းသားကိုယ်တိုင် စိတ်လှုပ်ရှားနေပြီး စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
Ref: Soompi
You may also like these stories:
“ကလေးတွေရဲ့ ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်စေချင်တယ်”
“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်
“Rocky” ရုပ်ရှင်ကြောင့် မျက်ခုံး ဆုံးရှုံးခဲ့တဲ့ စတားလုံး