Entertainment

“မြန်မာရုပ်ရှင်တွေမှာ သဘင်က ကူးလာတဲ့ အိုက်တင်တွေ များနေတယ်”

Want create site? Find Free WordPress Themes and plugins.

Stay Home ကာလမှာ ဇာတ်ကားတွေ ကြည့်ဖြစ်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင် ထူးသာက မြန်မာရုပ်ရှင်တွေဟာ သဘင်က ကူးလာတဲ့ အိုက်တင်တွေနဲ့ သရုပ်ဆောင်တာ များနေတယ်လို့ ဆိုပါတယ်။

“Stay Home က အိမ်မှာပဲ နေဖြစ်တာပေါ့။ စာတွေ ဖတ်ဖြစ်တယ်၊ ဘာသာရေးတွေ လုပ်ဖြစ်တယ်။ အရင်တုန်းက မလုပ်တာတွေ အခု လုပ်ဖြစ်နေတာပေါ့။ ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်။ အခုချိန်မှာ ကြည့်မိတော့ သူများနိုင်ငံမှာ မျက်လုံးလောက်နဲ့ အလုပ်လုပ်ချိန်မှာ ကိုယ်တွေက မျက်နှာတွေ ပါလာတယ်။ လက်ဟန်ခြေဟန်တွေ ပါလာတယ်”

“မြန်မာရုပ်ရှင်က သဘင်ကနေ ကူးလာတဲ့ အိုက်တင်တွေ များနေတယ်။ လျှော့ဖို့ လိုတာပေါ့။ တီဗီအသေးအတွက် လုပ်တဲ့ အိုက်တင်နဲ့ ပိတ်ကားမှာလုပ်တဲ့ အိုက်တင်တောင် ကွာနေပြီ။ကျနော်တို့ ကိုယ်တိုင်လည်း လေ့ကျင့်ရဦးမယ်။ ဇာတ်လမ်းတွဲတွေလည်း ကောင်းလာတယ်။ Lighting တွေ၊ ကင်မရာပိုင်းတွေ၊ ရိုက်ကူးရေးပိုင်းတွေ မပြောလိုဘူး။ သရုပ်ဆောင်ပိုင်း အိုက်တင်တွေ အားနည်းချက်ကို တွေ့ရတယ်”

“အဲ့ဒါတွေ ထပ်ဖြည့်လိုက်ရင် ပိုကောင်းသွားနိုင်တယ်။ တယောက်နဲ့ တယောက် အားနည်းချက်ခြင်းတော့ မတူဘူးပေါ့။ ဒါပြော ဒါကျက်ပြီး ပြောရတာကို အိုက်တင်လို့ ထင်နေတယ်။ စကားပြောမှ အိုက်တင်လို့ ထင်ကြတယ်။ စကားမပြောလည်း အိုက်တင်ဆိုတာကို တို့မြန်မာတွေ ဖြည့်လိုက်ရင် တော်တော်ကောင်းမယ်”လို့ သရုပ်ဆောင် ထူးသာက ပြောပါတယ်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းတွေ အနှုတ်လက္ခဏာပြနေပြီလို့ ထူးသာက ဆိုပြီး ဒီရောဂါကြီး အမြန်ကင်းစင်ကာ အလုပ်တွေ ပြန်လုပ်ချင်နေပြီလို့လည်း ဆိုပါတယ်။

“အခုချိန်မှာ စီးပွားရေးက အနှုတ်လက္ခဏာ ပြနေပြီ။ ရှိတဲ့ ရွှေတိုရွှေစတွေ ကုန်သလောက် ရှိပြီ။ ရွှေပွန်းတဲ့ ကာလလို့ ပြောရမယ်။ ဒီရောဂါကြီး အမြန်ကင်းစင်ပြီး အလုပ်တွေ ပြန်လုပ်ချင်နေပြီ။ ရုပ်ရှင်သမားက အုပ်စုနဲ့ အလုပ်လုပ်ရတဲ့အတွက် ၅ ယောက် မကျော်ရဆိုတော့ စက်အဖွဲ့နဲ့တင် ၅ ယောက် ဖြစ်နေပြီလေ”

“သရုပ်ဆောင် လာလို့ ခွဲရိုက်လို့လည်း မရဘူး။ အဲ့တော့ ကိုဗစ်ကာလ ကျော်လွန်မှပဲ အလုပ်ရှိမယ်။ အလုပ်ရှိမှ ဝင်ငွေ ရှိမယ်။ ဝင်ငွေ ရှိမှ စားဝတ်နေရေး အဆင်ပြေပါလိမ့်မယ်။ အရင်ကတောင် ဗီဒီယိုလောက မရှိရတာ။ အခုလို ရောဂါပါ ထပ်ဝင်လာတော့ ပိုဆိုးတာပေါ့”လို့ ထူးသာက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အနုပညာသင်တန်းကျောင်းတွေ မဖွင့်ဖြစ်သးဘဲ အရင်ကတော့ မန္တလေးမြို့မှာ သရုပ်ဆောင်သင်တန်းကျောင်း ဖြစ်ဖွင့်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“အခုထိတော့ ဘာတွေ လုပ်ကိုင်ရမှန်း မသိသေးဘူး။ အခုက သရုပ်ဆောင် သင်တန်းတွေလည်း ဖွင့်မရဘူး။ သင်တန်းကတော့ မန္တလေးမှာ အော်စကာ သရုပ်ဆောင် သင်တန်းကျောင်းရယ်လို့ ဖွင့်ဖြစ်တယ်။ သူတို့ကိုသင်ရင်း ကိုယ်ပါ တိုးတက်နေတာ။ နောက်ဆုံး သတိထားမိတာ ငါတို့ တော်တော် ညံ့နေပါသေးလားဆိုတာလေး တွေ့ရတယ်”

“သူတို့တွေ သင်ပေးဖို့ လေ့လာချိန်မှာ ဇာတ်ကားတွေမှာ အိုက်တင်တွေ များနေတာ တွေ့ရတယ်။ ကိုယ်တိုင်လည်း များနေတယ်။ နောင်လာမယ့် Generation ကို သင်ဖို့ ကိုဗစ်ကာလ ၃ လမှာ လေ့လာ တွေ့ရှိထားတာ တော်တော်တော့ အကျိုးရှိတယ်”လို့ ထူးသာက ပြောပါတယ်။

သရုပ်ဆောင် ထူးသာကတော့ ယခင် မြန်မာ ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ဇာတ်ကားများ ခေတ်ကတည်းက ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဝါရင့် ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

You may also like these stories:

အိမ်ဆောက်လိုက်လို့ ငွေကြေး အကျပ်အတည်းဖြစ်ခဲ့တဲ့ လိမ္မော်သီး

Food Blogger တယောက်လို့ မခံယူထားဘူးလို့ ရွှေသမီး ပြော

Tik Tok မှာ သဘောကျသူတွေကို ရုပ်ရှင်ခေါ်ရိုက်မယ့် ကိုပေါက်

Did you find apk for android? You can find new Free Android Games and apps.
Loading