ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ် “No Time to Die” ရဲ့ ပြသမယ့်ရက်ကို ထပ်မံ သတ်မှတ်လိုက်ပြန်ပါပြီ။ အဲ့ဒီရုပ်ရှင်ကို မူလတုန်းကတော့ ပြီးခဲ့တဲ့ဧပြီလမှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် ပြသမယ့်ရက်ကို လာမယ့်နှစ် မတ်လအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲ့ဒီနောက် လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြသမှာဖြစ်တယ်လို့ အတည်ပြုသတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ရုပ်ရှင်ရဲ့ ပြသမယ့်ရက်ကို ထပ်မံရွှေ့လိုက်ပြန်ပြီဖြစ်တဲ့အကြောင်း တရားဝင် Twitter အကောင့်က နေ အတည်ပြုလိုက်ပြန်ပါတယ်။ အဲ့ဒီတရားဝင် Twitter အကောင့်မှာ “NO TIME TO DIE” မှာ သူငယ်ချင်းဟောင်းကြီးတွေ ပြန်လာပါပြီ။ ယူကေ ရုပ်ရှင်ရုံတွေမှာ နိုဝင်ဘာလ ၁၂ ရက်၊ အမေရိကန်မှာ နိုဝင်ဘာလ ၂၀ ရက်” လို့ရေးသား ခဲ့ပါတယ်။
မကြာခင် ရုံတင်တော့မယ့် အဲ့ဒီရုပ်ရှင်ဟာ မင်းသား Daniel Craig အတွက်တော့ ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အဖြစ် နောက်ဆုံး ပါဝင်သရုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းတုန်းကတော့ မင်းသားဟာ ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်မှုကနေ ထွက်ခွာရတာဟာ အဆင်ပြေတယ်လို့ ဆိုပါတယ်။
မင်းသားက “ကျနော် တကယ့်ကိုပဲ အဆင်ပြေပါတယ်။ ကျနော် နောက်ဆုံးရုပ်ရှင်အတွက် လုပ်နိုင်ပါတယ်လို့တောင် မထင်ခဲ့မိဘူး။ ဒါပေမဲ့ အခုတော့ အဲ့ဒါကို သွားခွင့်ပြုရပါတော့မယ်။ ကျနော် အဆင်ပြေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဂျိမ်းစ်ဘွန်းဇာတ်ကောင် နောက်ပိုင်း သူလျှောက်လှမ်းရမယ့် အနုပညာလမ်းကြောင်းအတွက်လည်း စိတ်အရမ်းပူနေတာမျိုး မရှိဘူးလို့ မင်းသားက ဆိုပါတယ်။
သူက “ကျနော် ဘာကိုမဆို သရုပ်ဆောင်နိုင်လိမ့်မယ်လို့ အသေအချ ာသိပါတယ်။ ဟုတ်ပါတယ်။ ကျနော် လုပ်နိုင်မှာပါ။ အနည်းဆုံးတော့ လက်သီးကောင်းကောင်း ထိုးတတ်ပါတယ်” လို့ ဆိုပါတယ်။ မင်းသားဟာ အရင်တုန်းကတော့ ရုပ်ရှင်အသစ်အတွက် ဇာတ်ညွှန်းရေးတဲ့ နေရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။
သူ့ရဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေမှာ ဇာတ်ဝင်ခန်းတချို့ ဖြတ်တောက်ခံရတာနဲ့ ပတ်သက်လို့တော့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ မင်းသားက “ဒါဟာ ကျနော့်အတွက် နောက်ဆုံးရုပ်ရှင် ဖြစ်ပါတယ်။ ကျနော် ဘေးမထွက်ရခင် အချိန်အထိ ကျနော့် ပါးစပ်ကို ပိတ်ထားပြီး လေးစားရပါမယ်။ ပြီးတော့ ကျနော် လုပ်ခဲ့တာတွေအတွက်လည်း နောင်တရ စိတ်မကောင်းတာတွေလည်း ရှိပါတယ်”လို့ ဆိုပါတယ်။
Ref: contactmusic
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ရတဲ့ ရုပ်ရှင်များ