• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

by ချစ်ပိုး
22 June 2020
in Entertainment
A A
သရုပ်ဆောင် အေးမြတ်သူ / Aye Myat Thu's Facebook

သရုပ်ဆောင် အေးမြတ်သူ / Aye Myat Thu's Facebook

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်သမိုင်းပြတိုက်မှာ အနုပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုခံရတာ စိတ်လှုပ်ရှားမိတယ်လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။

“မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ တောင် ပြည့်ပြီ။ ဒီထက်ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတွေ ထုတ်ကြဦးမယ်လို့ မျှော်လင့်ပါတယ်။ အခုလို နှစ် ၁၀၀ ပြည့်မှာ ပါဝင်ခွင့်ရလို့ ဝမ်းသာသလို ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ရုပ်ရှင်သမိုင်းပြတိုက်မှာ ကိုယ့်ပုံလေး ချိတ်ထားတော့ ရင်တွေ ခုန်ပြီး စိတ်တွေ လှုပ်ရှားတယ်။ အိပ်မက်ကြီးက ထပ်တူဖြစ်နေတယ်ဆိုတဲ့ ခံစားမှုကို ခံစားရတယ်”

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
212
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
287
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
733

“အဲ့လို ခံစားမှုမျိုးကလည်း ခံစားဖူးသူမှ သိမှာ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ရတယ်။ ကိုယ်လျှောက်ခဲ့တဲ့ လမ်းမှာ နှစ် ၁၀၀ ပြည့်တော့ သရုပ်ဆောင် တယောက်ဆိုတာထက် အကယ်ဒမီ မင်းသမီးတယောက်အနေနဲ့ ပါဝင်ခွင့်ရတယ်။ အရမ်းပျော်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အတွေးတွေ များပြီး အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်လာတယ်ဆိုတဲ့ အေးမြတ်သူက ဒီအသက်အရွယ်မှာ မိုက်ရူးရဲစိတ် မရှိတော့ဘူးလို့ ဆိုပါတယ်။

“အရမ်းတွေးလွန်းလို့လည်း ဒီအသက် ဒီအရွယ်အထိ အခုလို ဖြစ်နေတာပါ။ အတွေးတွေ များလာတဲ့အခါမှာ အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်လာတယ်။ ဒီအသက်အရွယ်မှာ မိုက်ရူးရဲစိတ် မရှိတော့ဘူး။ ဖြစ်ချင်တာဖြစ်ဆိုတာ မရှိတော့ဘူး။ အဘက်ဘက်ကို အများကြီးတွေးရတာကြောင့်လည်း ပါမယ် ထင်တယ်”

“နောက်နှစ်ဆို ကိုယ်က အသက် ၃၅ နှစ်ဖြစ်နေပြီလေ။ မင်္ဂလာပွဲတွေကလည်း ဒီနှစ်မှာ မဆောင်ဖြစ်တဲ့သူတွေက နောက်နှစ်ကို အကုန်လုံးရွှေ့သွားပြီလေ။ ကိုယ်က အခုမှ စမှာဆိုတော့ အားလုံးထက် အလျှော့ပေးလိုက်တာပါ။ ကိုယ့်အသက် ကိုယ့်အရွယ်ကလည်း အချစ်ကို ရူးမိုက်ရမယ့် အရွယ် မဟုတ်ဘူးလေ” လို့ အေးမြတ်သူက ဆိုပါတယ်။

အခုချိန်မှာ ရင့်ကျက်လာပြီဆိုတဲ့ အေးမြတ်သူက မေတ္တာထားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ကြောင်း ဆိုပါတယ်။

“အရမ်းချစ်လို့ လက်ထပ်တယ် ဆိုတာမျိုးဟာ အေးမြတ်သူတို့အရွယ်မှာ ဖြစ်လို့ မရလောက်တော့ဘူးထင်တယ်။ ပရိသတ်တွေ မြန်မြန်နီးစပ်ပြီး အကောင်အထည်ပေါ်အောင် ဝိုင်းဆုတောင်းပေးကြပါဦး။ အေးမြတ်သူကို မေတ္တာပေးနေသူ အားလုံးကို ကျေးဇူးတင်ပါတယ်”

“အားလုံးရဲ့ မေတ္တာတွေကြောင့် အေးမြတ်သူ ရင့်ကျက်လာတယ်။ လိမ္မာလာတယ်။ အေးမြတ်သူမျှော်လင့်တဲ့ ဘဝတခုမှာ နေနေရတာက အများပြည်သူအားလုံးရဲ့ အပြုံးတချက် စကားတလုံး ပိုက်ဆံတကျပ်ကနေစပြီး ဖြစ်တာပါ။ အဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ စီးပွားတက်ဖို့ အမြဲ ဆုတောင်းပေးပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး အခုချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာ ရိုက်ကူးခဲ့ပါတယ်။ လက်ရှိမှာလည်း အကယ်ဒမီ အေးမြတ်သူအဖြစ် ပရိသတ် အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် တဦး ဖြစ်ပါတယ်။

You may also like these stories:

ငွေကြေးပြဿနာတွေကြောင့် ဇိမ်ခံအိမ်ကို ပေါင်လိုက်ရတဲ့ Stephen Chow

ထရမ့် စုဝေးပွဲကို TikTok သုံးသူတွေနဲ့ K-pop ပရိသတ်တွေ အယောင်ဆောင် စာရင်းပေး

တောင်ကိုရီးယားနိုင်ငံရဲ့ ၂၅ ကြိမ်မြောက် Chunsa ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

Your Thoughts …
Tags: ရုပ်ရှင်သမိုင်းပြတိုက်အကယ်ဒမီအေးမြတ်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

by ဧရာဝတီ
21 February 2024
3.9k

စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြသလို တရားဝင်လမ်းကြောင်းမှလာရန် ရန်ကုန်ရှိ ထိုင်းသံရုံး၌ ဗီဇာတန်းစီသူ နေ့စဉ်ထောင်နှင့်ချီ၍ ရှိနေကြောင်း

ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Fcaebook

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

by ချစ်ပိုး
27 February 2020
40.8k

ရွှေစက်တော်မှာ ရင်လျားတဲ့ပုံ ရိုက်ခဲ့တာက အရမ်း အမြင်မရိုင်းဘူးလို့ မြင်ပါတယ်။ လူတွေ အရမ်းစည်ကားနေရင်တော့ ရင်လျားလို့ အဆင်ပြေမှာ မဟုတ်ဘူး။

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

by စိုင်းလတ်
21 March 2017
13.7k

အုတ်ကြားမြက်ပေါက်ရုပ်ရှင်မှာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းရှိပေမယ့် လူမျိုးရေးကို ရှေ့တန်းတင်တယ်။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

၂၀၁၆ ခုနှစ် သင်္ကြန်မှာ ရေကစားနေတဲ့ သရုပ်ဆောင် အေးမြတ်သူ / အေးမြတ်သူ / facebook

အေးမြတ်သူနဲ့ သင်္ကြန် ဖက်ရှင်

by ဧရာဝတီ
6 April 2017
13.5k

ပြီးခဲ့တဲ့ သင်္ကြန်ကဆိုရင် အေးမြတ်သူကို အားလုံးလည်း ပိုချစ်ကြတယ်။ ဒီလိုလေး ရေပက်တာကို အမြဲတမ်းပဲ ကောင်းတယ် ဆိုပြီး ချီးမွမ်းစကား ပြောပေးကြတယ်ဆိုတော့ အေးမြတ်သူ အသက် ၃၀ မှာ ပြီးခဲ့နှစ်သင်္ကြန်က အေးမြတ်သူအတွက် တသက်လုံး အမှတ်ရနေမယ့်...

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ရခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် / မျိုးမင်းစိုး / ဧရာဝတီ

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

by ယုဖြူဟန်
24 March 2018
7.9k

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ပြန်လည် ပုံဖော်ရိုက်ပြီး အဆိုပါဇာတ်ကားနဲ့ပဲ ဒါရိုက်တာဝိုင်းက ဒီနှစ်မှာ ဇာတ်ညွှန်းဆု အကယ်ဒမီ ရရှိခဲ့ပါတယ်။

Next Post
ဇွန် ၁၆ ရက်နေ့က ကွာလာလမ်ပူတွင် နေထိုင်သူ မြန်မာအမျိုးသမီးတဦး သတ်သေခဲ့သဖြင့် နာရေး ကိစ္စများ ကူညီ ဆောင်ရွက်စဉ်/မြန်မာလူမှုကူညီရေးအသင်း မလေးရှား / Facebook

မလေးရှားရောက် မြန်မာလုပ်သားအဆုံးစီရင်မှု ၈ ဦး အထိ ရှိလာ

ရုပ်ရှင်ရုံများ ပိတ်ထားရခြင်း နှင့် ရိုက်ကူးရေးများ ရပ်နား ထားရသည်မှာ ၃ လကျော်ခဲ့ပြီ ဖြစ်သည် / ထက်ဝေ

ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate