• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သမ္မတ ထရမ့်ကို တရားစွဲမယ်လို့ Rolling Stones သတိပေး

by မစ်ကီ
29 June 2020
in Entertainment
A A
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

9.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ကမ်ပိန်း လူထုစုဝေးပွဲတွေမှာ Rolling Stones အဖွဲ့ရဲ့ နာမည်ကျော် သီချင်း “You Can’t Always Get What You Want” ကို အသုံးပြုနေမှုနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်အား တရားစွဲဆိုသွားမယ်လို့ Rolling Stones အဖွဲ့က ပြောဆိုလိုက်ပါတယ်။

အဲဒီတီးဝိုင်းဟာ သမ္မတ ထရမ့်အနေနဲ့ သီချင်းအသုံးပြုမှု ရပ်တန့်ရေးအတွက် BMI ဖျော်ဖြေမှုဆိုင်ရာ အခွင့်အရေးအဖွဲ့ကို တာဝန် ပေးအပ်လိုက်ကြောင်း ဇွန်လ ၂၈ ရက်နေ့မှာ Deadline က ရရှိခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
492
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
217
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
762

Rolling Stones ရဲ့ တရားဝင် Twitter အကောင့်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “BMI အဖွဲ့ဟာ သူတို့ရဲ့ သီချင်းတွေကို ခွင့်မပြုဘဲ အသုံးပြုမှုဟာ လိုင်စင်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့ Rolling Stones တီးဝိုင်းကိုယ်စား Trump ကမ်ပိန်းအဖွဲ့ထံ သတိပေးခဲ့ကြောင်း” ဖော်ပြထားပါတယ်။

တကယ်လို့် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ဒီကန့်ကွက်မှုကို လျစ်လျူရှုပြီး ဆက်ပြီးတော့ လုပ်ဆောင်နေမယ်ဆိုရင် ခွင့်ပြုချက် မတင်ဘဲ သီချင်းအသုံးပြုမှုနဲ့ တားမြစ်မှုကို ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုမှုအား ရင်ဆိုင်ရမယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း သမ္မတ ထရမ့်က သူ့ရဲ့ လူထုစုဝေးပွဲတွေမှာ အဲ့ဒီသီချင်းကို အသုံးပြုခဲ့မှုကြောင့်ပဲ တီးဝိုင်းကနေ ကမ်ပိန်းအဖွဲ့ထံ စာထုတ်ပြီး သတိပေးခဲ့ရပါတယ်။ အဲ့ဒီသီချင်းကို အရင်တုန်းကတော့ ရီပါဘလစ်ကန် ပါတီကနဦး ရွေးကောက်ပွဲတွေမှာ ဖွင့်ခဲ့တာဖြစ်ပါတယ်။

BMI အဖွဲ့ကတော့ သမ္မတ ထရမ့်အတွက် လုပ်ဆောင်ပေးနေတဲ့ ရှေ့နေတွေဆီကနေ တုံ့ပြန်ချက် တစုံတရာ မရသေးဘူးလို့ ဆိုပါတယ်။ အခုလိုမျိုး ထရမ့်အနေနဲ့ သူတို့ရဲ့သီချင်းအသုံးပြုမှု ရပ်တန့်ရေးအတွက် တောင်းဆိုခံရတာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

အခုလ အစောပိုင်းတုန်းကလည်း ရော့ခ်ဂီတပညာရှင် Tom Petty ရဲ့ မိသားစုက ပြီးခဲ့တဲ့ ဇွန်လ၂၀ ရက်နေ့၊ Tulsa မြို့မှာ ပြုလုပ်ခဲ့တဲ့ လူထုစုဝေးပွဲတခုမှာ သမ္မတထရန့်က “I Won’t Back Down” သီချင်း အသုံးပြုခဲ့မှု ကိစ္စနဲ့ ဆက်စပ်ပြီး အသုံးပြုမှုရပ်တန့်ရေး စာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကွယ်လွန်သူ အဆိုတော် Petty က သူ့ရဲ့ သီချင်းကို အမုန်းတရား ကမ်ပိန်းမှာ အသုံးပြုတဲ့ သီချင်း ဘယ်တုန်းကမှ မဖြစ်စေချင်ခဲ့ဘူးလို့ Twitter မှာ တင်ခဲ့တဲ့ မိသားစုရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့စဉ် ကာလတုန်းက အိုဟိုင်းယိုးပြည်နယ်၊ Cleveland မြို့မှာ ပြုလုပ်ခဲ့တဲ့ ရီပါဘလစ်ကန်ပါတီရဲ့ ပွဲတခုမှာ “We Are The Champions” သီချင်းကို အသုံးပြုခဲ့လို့ အဲ့ဒီသီချင်းသီဆိုသူ Queen အဖွဲ့က စောဒကတက်ခဲ့ပါတယ်။

သမ္မတက သူတို့ရဲ့ သီချင်းတွေကို အသုံးပြုမှုကို ဆန့်ကျင်ကြတဲ့သူတွေထဲမှာ Pharrell Williams, Rihanna, Aerosmith, Adele, Neil Young နဲ့ ကွယ်လွန်သူအဆိုတော်ကြီး Prince ရဲ့ ပိုင်ဆိုင်မှုအကျိုးဆောင် အဖွဲ့တို့ ပါဝင်ကြပါတယ်။

သမ္မတရဲ့ ကမ်ပိန်းလူထုစုဝေးမှုတွေမှာ “Memory” သီချင်းကို အသုံးပြုမှုရပ်တန့်ပေးရေးအတွက် တေးရေးဆရာ Andrew Lloyd Webber ကို အဆိုတော် Betty Buckley ကလည်း တိုက်တွန်းထားပါတယ်။ Rolling Stones အဖွဲ့ရဲ့ “You Can’t Always Get What You Want” သီချင်းဟာ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Let It Bleed” အယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင် Mick Jagger နဲ့ ဂီတာသမား Keith Richards တို့ရေးသားခဲ့ကြတဲ့ အဲ့ဒီသီချင်းဟာ သမိုင်းမှာအကြီးကျယ်ဆုံး သီချင်း ၅၀၀ ထဲက တပုဒ် ဖြစ်တယ်လို့ Rolling Stone မဂ္ဂဇင်းရဲ့ စစ်တမ်းတခုမှာဖော်ပြထားပါတယ်။

Ref: cnalifestyle

You may also like these stories:

သားဖြစ်သူကို သီချင်းခွေသစ် ထုတ်ပေးမယ့် တွံတေးစိုးအောင်

ကိုဗစ်ကာလမှာ စိတ်မလေအောင် အစားအသောက်တွေ ချက်ရောင်းတဲ့ ပွင့်

သမီးတွေ ကျောင်းပြန်တက်ရမှာ စိုးရိမ်နေတဲ့ အဆိုတော် နီတာ

Your Thoughts …
Tags: Rolling Stonesသမ္မတ ထရမ့်သီချင်းအသုံးပြုမှု
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

သမ္မတ ထရမ့်နှင့် ပင်တဂွန်ရှိ စစ်ခေါင်းဆောင်များ ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်နေသည်

အမေရိကန် စစ်ဗိုလ်ချုပ်တွေနဲ့ သမ္မတ ထရမ့် အချင်းများ

by ဧရာဝတီ
10 September 2020
22.8k

ထရမ့်သည် ပင်တဂွန်ခေါင်းဆောင်များနှင့် ပြဿနာများ ပိုမိုဖြစ်ပွားလာသည်။

ရသစုံအစီအစဉ်စတား Kim Kardashian

သမ္မတ ထရမ့်နဲ့ အလုပ်အတူ တွဲလုပ်ရတဲ့အကြောင်း Kim Kardashian ဖွင့်ဟ

by မစ်ကီ
19 October 2020
11.4k

Kim က “နောက်ထပ် အစိုးရ ၂ ဆက်လောက်အတွက်ကတော့ ကျမဟာ အိမ်ဖြူတော်နဲ့ ဆက်အလုပ်လုပ်နေဦးမှာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သူတို့ကို ကူညီပေးနေဦးမှာပါ” လို့ဆိုပါတယ်။

အမေရိကန်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုများ

ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ

by Aurora
5 June 2020
6.3k

“ပြည်သူတွေကို စိုးရိမ်သင့်ပါတယ်။ စိုးရိမ်ရမှာပါ။ စစ်တပ်ချထားဖို့ထက် ပြည်တွင်းအဖွဲ့အစည်းတွေကပဲ ကြိုးစားကြည့်သင့်တယ်” လို့ အရပ်ဘက်-စစ်ဘက်ရေး ကျွမ်းကျင်သူ Carrier A.Lee က ဆိုပါတယ်။

အမေရိကန် သမ္မတ ထရမ့်

ခွင့်ပြုချက် မရှိဘဲ သီချင်းသုံးလို့ ထရမ်ရဲ့ မဲဆွယ်ရေးအဖွဲ့ တရားစွဲခံရ

by မစ်ကီ
5 August 2020
15k

သမ္မတထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကတော့ မှတ်ချက်ပေးပြောဆိုတာမျိုး မရှိသေးပါဘူး။ အဆိုတော် Young ကတော့ အခုလိုမျိုး မူပိုင်ခွင့်ချိုးဖောက်ခံရမှု တခုစီကို ထိခိုက်နစ်နာကြေး ဒေါ်လာ ၁ သိန်းခွဲစီ တောင်းဆိုထားပါတယ်။

မတ်လ ၃၀ ရက် နယူးယောက်မြို့သို့ ဦးတည်လာသော အမေရိကန်ကမ်းခြေစောင့်တပ်မှ ဆေးရုံသင်္ဘော USNS Comfort / Reuters 

အမေရိကန် ကိုဗစ်-၁၉ သေဆုံးမှု တရုတ်ထက်မြင့်

by ဧရာဝတီ
1 April 2020
6.6k

ယနေ့အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းသည် ၃၇၂၇ ဦးသို့ တက်လာပြီး တရုတ်နိုင်ငံထက်မြင့်မားနေပြီး ရောဂါကူးစက်မှုပေါင်း ၁၈၃၅၃၂ ရှိလာသည်။

ထရမ့်အစိုးရအဖွဲ့က အမေရိကန်နိုင်ငံမှာ TikTok App ကို ပိတ်သိမ်းဖို့ အမိန့် ထုတ်ထားပါတယ်။

သမ္မတ ထရမ့်ကို TikTok ကုမ္ပဏီဘက်က တရားစွဲမည်

by Aurora
24 August 2020
14.2k

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီရဲ့ TikTok ကို အမျိုးသားလုံခြုံရေး ကာကွယ်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ သမ္မတ ထရမ့်က အကြောင်းပြ အမိန့်ထုတ်ပြန်ခဲ့တာပါ။

Next Post
နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီချက်အရ ကိုဗစ်ကာလအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေအနေနဲ့ မိခင်မြေကို ပြန်လာနိုင်တော့မယ်လို့ သိရပါတယ်။

စင်ကာပူ - မလေးရှား နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာလည်း ကူးစက်သူ အရေအတွက် ပြန်လည် များပြားနေပြီး ဇွန်လ ၂၈ ရက်နေ့မှာ ကူးစက် လူနာသစ် ၇ ယောက် ထပ်မံတွေ့ရှိခဲ့ပါတယ်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိလာ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate