Entertainment

ကလေးနို့ဘူးနဲ့ နို့သောက်နေဆဲလို့ ဖွင့်ဟလိုက်တဲ့ အင်ဒိုနီးရှားမင်းသမီး

အင်ဒိုနီးရှား သရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ Anya Geraldine က သူ့ဘဝတလျှောက်လုံး ထိန်းသိမ်းခဲ့တဲ့ လျှို့ဝှက်ချက်တခုကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့တုန်းက မင်းသမီးဟာ ကလေးနို့ဘူးနဲ့ နို့သောက်နေတဲ့ သူ့ရဲ့ပုံကို Twitter မှာ တင်ခဲ့ပြီး “ငါ့ရဲ့ည” လို့ ပုံစာရေးခဲ့ပါတယ်။ “Yowis Ben 2” ရုပ်ရှင်မင်းသမီးက နှစ်ပေါင်းများစွာကြာ စွဲလမ်းခဲ့တဲ့ အဲ့ဒီအကျင့်ကို ပြုပြင်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ကြောင်း Follower ၈ သိန်းကျော်ရှိတဲ့သူ့ရဲ့ Twitter အကောင့်မှာ ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့ မိဘတွေကတော့ သူ ၆ တန်းကျောင်းသူ အချိန်တုန်းက အဲ့ဒီအကျင့်ကို ပြင်ဖို့ တိုက်တွန်းခဲ့တယ်လို့ မင်းသမီးက ဆိုပါတယ်။ မင်းသမီးရဲ့ ကလေးနို့ဘူး အားလုံးကို မိဘတွေက လွှင့်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မင်းသမီးဟာ တက္ကသိုလ်ကျောင်းစတက်ချိန်မှာ နို့ဘူးတွေကို ပြန်သောက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် မင်းသမီးက သူ့ဘာသာ သီးခြားခွဲထွက်နေထိုင်ခဲ့ချိန်မှာ အဲ့ဒီအကျင့်ကို ပြန်လည် လုပ်ဆောင်ခဲ့ပေမယ့် မိဘတွေ သူ့အိမ်ကို ပြန်လာတဲ့အချိန်မှာ အဲ့ဒီ နို့ဘူးတွေကို လွှင့်ပစ်ကြတယ်လို့် ဆိုပါတယ်။

မင်းသမီးက သူ့ရဲ့မိခင်နဲ့ စာတို အပြန်အလှန် ပြောဆိုထားတဲ့ ပို့စ်တခုကိုလည်း ပြသခဲ့ပါတယ်။ အဲ့ဒီစာတို အပြန်အလှန် ပြောဆိုမှုထဲမှာ မိဘတွေက မင်းသမီးရဲ့အကျင့်ကြောင့် သွားတွေ ပျက်စီးမှာ စိုးရိမ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုလိုမျိုး မင်းသမီးရဲ့ ထုတ်ဖော်ပြောဆိုမှုကြောင့် ပရိသတ်တွေကြားမှာ လှောင်ပြောင်ပြောဆိုမှုကနေ စိတ်ရှုပ်ထွေးမှုတွေအထိ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲ့ဒီမှတ်ချက် စကားတွေထဲမှာ ပရိသတ်တဦး ဘယ်နို့ အမှတ်တံဆိပ်ကို သောက်သုံးနေတာလဲဆိုတာကို မင်းသမီးထံ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ မင်းသမီး Anya က “Dancow နဲ့ Pediasure” နို့မှုန့်ဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Ref: cnalifestyle

You may also like these stories:

ခန္ဓာကိုယ်က တက်တူးတွေအကြောင်းပြောပြတဲ့ Sexy မော်ဒယ် နန်းသီရိမောင်

၂၀၁၇ – ၂၀၁၈ အတွက် ကမ္ဘာ့ထိပ်တန်း အလှဆုံးအမျိုးသမီး ၁၀ ဦး

Loading