အဆိုတော် Mary က ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံများကို Share ပြီး Personal Attack ပြုလုပ်ခဲ့တဲ့သူများနဲ့ ကြုံတွေ့ရတဲ့အကြောင်းများ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။
“Mary သာ အဆိုတော်တယောက် မဟုတ်ခဲ့ဘူး၊ ဒီလောကထဲသာ မဝင်လာခဲ့ဘူးဆိုရင် သာမန် မိန်းကလေးတွေထဲက မိန်းကလေးတယောက်ပါပဲ။ တချို့အရာတွေ တော်တော်များများတွေကို Mary ဂရုမစိုက်ဘဲ ထားနိုင်ပေမယ့် အခုလိုမျိုး Personal Attack လုပ်တာမျိူးတော့ Mary လက်မခံနိုင်ပါဘူး” လို့ Mary က ပြောထားပါတယ်။
Mary ကတော့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဂီတနဲ့ သက်ဆိုင်တာတွေကို ကြိုက်သလိုဝေဖန်လို့ရပေမယ့် သူ့ရဲ့ဖြစ်တည်မှုကို စော်ကားတာမျိုးကိုတော့ အဆင်မပြေဘူးလို့ ဆိုပါတယ်။
“Mary ပရော်ဖက်ရှင်နယ် လုပ်နေတဲ့ Music အပေါ်မှာ ကြိုက်သလို ဝေဖန်လို့ရပါတယ်။ အဲ့လို အကြံပေးတာတွေအတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်မှာ ပိုပြီး ပြင်ဆင်လို့လည်း ရတာပေါ့။ ဒါပေမဲ့ Mary ရဲ့ ဖြစ်တည်မှုကို လာစော်ကားတာမျိုးကျတော့ အဆင်မပြေပါဘူး။ အဆိုတော်ဖြစ်နေလို့ ပြောတိုင်းခံရမယ် ဆိုတာ ရှိပါသလား” လို့ Mary က ဆိုပါတယ်။
အခုလို ကိစ္စဖြစ်ပေါ်လာတဲ့အပေါ်မှာ ဘယ်လို အရေးယူလို့ရမလဲဆိုတာကိုလည်း Mary က အကြံတောင်းထားပါတယ်။
“ဒီလိုကိစ္စမျိုးကို Mary ဘယ်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး အရေးယူလို့ရမလဲဆိုတာ အကြံပေးပါဦး။ Mary ကို အခုချိန်ထိ ဘယ်လိုအခြေအနေဖြစ်ဖြစ် အားပေးလာတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ Mary က ရေးသားထားပါတယ်။
Mary ရဲ့ပုံကိုတော့ Body Shaming လုပ်တဲ့ အပြောအဆိုများ၊ မဖွယ်မရာ စကားများဖြင့် Personal အကောင့်မှာတင်ပြီး ပြောထားတာပဲ ဖြစ်ပါတယ်။
Mary ကတော့ ကိုယ်တိုင်လည်း အမျိုးသမီးများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကို ရပ်တန့်ဖို့အတွက် “ရောင်စုံခွန်အား” ဆိုတဲ့ Campaign မှာလည်း ပါဝင်ခဲ့ပြီး နောက်ထပ်လည်း အမျိုးသမီးများအတွက် ရပ်တည်ပေးသွားမယ်လို့ ဆိုပါတယ်။
You may also like these stories:
နေကြာဆီရဲ့ Brand Ambassador ခန့်အပ်ခံရလို့ ဝမ်းသာနေတဲ့ ညီနန္ဒ
ဇာတ်လမ်းတွဲမှာ တွဲရတဲ့ မင်းသားနဲ့ အမြင်ခံရတာ သဘာဝပဲလို့ ဝင့်ယမုံနိုင် ပြော
ချစ်သုဝေတို့ သားအဖ အမှုကို ပလပ်တာ “အံ့သြစရာကောင်းတယ်”လို့ ရှေ့နေ ပြော