Entertainment

လူရွှင်တော်ကြီး မန်းဝင်းအတွက် ဝမ်းနည်းကြေကွဲမှု

Want create site? Find Free WordPress Themes and plugins.

ဇူလိုင်လ ၁၃ ရက်နေ့က ကွယ်လွန်သွားတဲ့ ဝါရင့်လူရွှင်တော်ကြီး မန်းဝင်းဟာတော့ သေဆုံးသွားတဲ့အချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ကျောက်ကပ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ကာ တခြားသော ခွဲစိတ်ကုသမှုများလည်း ခံယူခဲ့ရပါတယ်။

အနုပညာသက်တမ်းများစွာကို ကျော်ဖြတ်ကာ ဝါရင့်လူရွှင်တော်တယောက်အနေနဲ့ရော ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ သရုပ်ဆောင်အနေနဲ့ပါ ရပ်တည်လာခဲ့တဲ့ မန်းဝင်းအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားများကို ဖော်ပြပေးလိုက်ပါတယ်။

မေတ္တာ

စိတ်မကောင်းဖြစ်ပါတယ်ဗျာ။ နာတာရှည်ကြီးဖြစ်သွားတဲ့ သူတယောက်အတွက် စိတ်မကောင်းဖြစ်မိတာပေါ့။ ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခန့်စည်သူ

ဦးမန်းဝင်းဆိုတာလည်း တကယ်ကိုတော်တဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်ပါ။ လူရွှင်တော်ကြီးပါ။ ကျနော်တို့လည်း သူတို့ဆီက သင်ဆရာ၊ မြင်ဆရာတွေထဲက တယောက်ပါပဲ။ အဲ့အတွက် စိတ်မကောင်းပါဘူး။

နီတာ

ဦးမန်းဝင်းက စိတ်ကောင်းရှိတယ်။ ရိုးသားတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်။ လူချစ်လူခင်လည်းအရမ်းများတယ်။ အဲ့အပေါ်မှာ ဝမ်းသာရတယ်၊ ကျေနပ်မှုရှိတယ်။ ဒီလိုဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ သူဒီဘဝကို အဆုံးသတ်တဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်လေး ဘဝကူးသွားတဲ့အချိန်မှာ လူတယောက်အနေနဲ့တော့ စိတ်မကောင်းဘူး။ တဖက်မှာတော့ ရောဂါဝေဒနာခံစားနေတာ သက်သာသွားတယ်ဆိုတော့ အကောင်းဆုံးတော့ ဖြစ်သွားတယ်။ သူကိုယ်တိုင်ကလည်း စိတ်ကောင်းရှိတဲ့အတွက် ကောင်းတဲ့နေရာပဲ ရောက်မှာပါ။

ဆုကဗျာ

ဦးမန်းဝင်းနဲ့လည်း ကားရိုက်ဆုံဖူးတယ်။ သိပ်တော့မများဘူး။ ၂ ကား၊ ၃ ကားလောက်ပဲ။ မဟေမာမန်းဝင်းနဲ့လည်း ဆုံဖူးတယ်ဆိုတော့ အနုပညာလောကမှာ ဝါရင့်အနုပညာရှင်တွေ ပညာရှင်တွေဆိုတော့ သူတို့ရဲ့အနုပညာတွေ Talent တွေကို အငယ်တွေ လိုက်လုပ်လို့မရဘူး။ ဖြတ်ထိုးဉာဏ် ရှိတယ်။ တခုခုဆိုရင် အိုက်တင်တခုခုကို ပြောလိုက်တာနဲ့ ဟာသလုပ်နိုင်တဲ့ ပညာရှင်တွေ ဆုံးရှုံးသွားရတာ တကယ့်ကိုစိတ်မကောင်းပါဘူး။

ဆောင်းအိန္ဒြေထွန်း

ကျမက မင်းသား၊ မင်းသမီးမှ မဟုတ်ဘူး။ ဇာတ်ပို့တွေဆိုရင်လည်း အိုက်တင်တွေ အရမ်းကြိုက်ရင် ပေါ်တင်သွားပြောတာ ချီးမွမ်းပေးရတာပေါ့။ အိုက်တင်ကောင်းတဲ့သူတွေ အကုန်လုံးက ကျမရဲ့အိုင်ဒေါတွေပါ။

ဘုန်းလျှံ

ဦးမန်းဝင်းကို ကျနော်တို့က ချစ်တယ်။ ချစ်တယ်ဆိုတာက သူနဲ့တွေ့ရင် ပျော်နေရတယ်။ စကားပြောရင် ဟာသလေးတွေ ပြောတယ်။ ကျနော်တို့နဲ့အတူတူ ပွဲတွေ သွားဆိုဖူးတယ်။ ဇာတ်ကားတွေ အတူတူ ရိုက်ဖူးတယ်။ ခင်တယ်ပေါ့လေ။ သတင်းကြားရတော့ ဝမ်းနည်း ကြေကွဲရပါတယ်။ ဝမ်းနည်းကြေကွဲရတဲ့စိတ်က ရက်ဆက်ကြီး ဖြစ်နေတယ်။

ကွယ်လွန်သူ လူရွှင်တော်ကြီး မန်းဝင်းကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကျီစုသုဿာန် သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

အမီတာဘဂျမ်းတို့ မိသားစု ကျန်းမာဖို့ ပရိသတ်များ ဆုတောင်းပေးနေ

အသက် ၆၀ ပြည့်ရင် တရားအားထုတ်တော့မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

“မိုးစက်များကပြောသော” Music Video အကြောင်း ရှင်းပြခဲ့တဲ့ ရွှေထူး

Did you find apk for android? You can find new Free Android Games and apps.
Loading