ပျော်ရွှင်စရာကောင်းပြီး ပရိသတ် အားကျရတဲ့ မိသားစုဘဝကို ပိုင်ဆိုင် ထားတဲ့ ဆုပန်ထွာက အိမ်ထောင်ရေးမှာ တယောက်နဲ့ တယောက် တကယ့် မေတ္တာစစ် နဲ့ နားလည်မှုတွေလည်း လိုအပ်တယ်လို့ဆိုပါတယ်။
“အိမ်ထောင်ရေးမှာ တယောက်စိတ်ကို တယောက်နားလည်မယ်။ တယောက်လုပ်ချင်တာလေးကို ကောင်း တဲ့အရာဆို ကူညီပံ့ပိုးပေးမယ်။ မကောင်းနိုင်တဲ့အရာဆိုလည်း မလုပ်ဖို့ပြောရမှာပေါ့။ ဒါတွေက လင် မယား နှစ်ယောက်ညှိရမယ့် အရာတွေပေါ့။ တယောက်နဲ့ တယောက် တကယ့် မေတ္တာစစ်၊ အချစ်စစ်လေး လိုအပ်တယ်။ နားလည်မှုတွေလည်း လိုအပ်တယ်။ အဆင်မပြေလို့ စကားများတဲ့အချိန်ကျရင် တကယ်ချစ်တဲ့သူက အလျှော့ ပေးတယ်”
ကိုဗစ် ကာလမှာ ခင်ပွန်းဖြစ်သူရဲ့ မိဘနှစ်ပါးကြောင့် မိသားစု စားဝတ်နေရေး အဆင်ပြေတယ် လို့ ဆုပန်ထွာက ဆိုပါတယ်။
“အခု ကိုဥက္ကာကလည်း သူ့ ဖေဖေ နဲ့ မေမေရဲ့ စီးပွားရေးကို ဝိုင်းလုပ်ပေးနေတယ်။ ကိုဗစ်ကာလဖြစ်တော့ အစ်မတို့ရဲ့ Vape City ဆိုင်တွေလည်း ပိတ်ထားတယ်။ ကိုဥက္ကာနဲ့ သူ့အမေ နဲ့တိုင်ပင်တော့ သားက ဒီဘက်စီးပွားရေးကို လုပ်မယ်ဆိုရင် ဟိုဘက်ကိုတော့ ပိတ်လိုက်ရလိမ့်မယ်လို့ ပြောတော့ Vape City ကို ပိတ်လိုက်တယ်”
“သူ့ မိသားစု စီးပွားရေးကို ပဲခူးမှာသွားလုပ်ပေးနေတယ်။ COVID-19 ကာလမှာ အမေက အလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း မေတ္တာပို့ပေးပါတယ်။ ထမင်းစားတိုင်းလည်း မေတ္တာပို့ပေးပါတယ်”လို့ ဆုပန်ထွာကပြောပါတယ်။
သရုပ်ဆောင် ဆုပန်ထွာကတော့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့အတူ သားလေး တဦး မွေးဖွားထားပြီး ပျော်စရာ ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။
You may also like these stories:
ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ
အနုပညာကြေးမယူဘဲ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်မယ့် ကိုဥက္ကာကျော်
ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ချင်တယ် ဆိုလာတဲ့ ဆုပန်ထွာရဲ့ အမျိုးသား