• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရိုက်ကူးရေးတွေ အမြန်ဆုံး ပြန်စစေချင်တဲ့ ဇာတ်ပို့ ဇော်ဇော်နဲ့ ကျော်ကြီး

by ချစ်ပိုး
22 July 2020
in Entertainment
A A
ဇာတ်ပို့ သရုပ်ဆောင် ကျော်ကြီးနဲ့ ဇော်ဇော်  / ဝေဝေနှင်း / ဧရာဝတီ

ဇာတ်ပို့ သရုပ်ဆောင် ကျော်ကြီးနဲ့ ဇော်ဇော် / ဝေဝေနှင်း / ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

ဇာတ်ပို့သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဇော်ဇော်နဲ့ ကျော်ကြီးက COVID-19 ကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရတာကနေ မကြာခင် ပြန်လည် ရိုက်ကူးခွင့် ရိုက်ရတော့မယ်လို့ အသံကြားရတဲ့အတွက် ပျော်မိတယ်လို့ ဆိုပါတယ်။

“ရိုက်ကူးရေးတွေ လွမ်းနေပြီ။ ချစ်သူတောင် အဲ့လောက် မလွမ်းဘူး။ ရိုက်ရတော့မယ်လို့ အသံကြားတာနဲ့တင် ပျော်နေတာ။ ရှုတင်တွေ မြန်မြန်ပြန်စပါစေလို့ ဆုတောင်းပါတယ်။ အခုဆို ၄ လလောက် ရှိပြီဆိုတော့ ပြန်စစေချင်ပါပြီ။ အရင် ရှုတင်တုန်းက အမှတ်တရတွေဆိုရင် သူငယ်ချင်းတွေ ပါရင် သူတို့က လိုက်နောက်နေတာ မအိပ်ရဲဘူး။ အိပ်နေရင် ဓာတ်ပုံတွေ ရိုက်ပြီး နောက်တယ်” လို့ ဇော်ဇော်က ပြောပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
529
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
233
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
773

ရိုက်ကူးရေးရှိစဉ်က အမှတ်တရတွေများစွာ ရှိခဲ့ပြီး အခုလို ကိုဗစ်ကာလမှာတော့ ဆီချက်ခေါက်ဆွဲ လုပ်ရောင်းနေတယ်လို့ ဇော်ဇော်က ဆိုပါတယ်။

“ရိုက်ကွင်းတွေမှာ အမှတ်တရတွေလည်း အများကြီးရှိတော့ အရမ်းသတိရတာပေါ့။ ပျော်တာပေါ့။ ကျနော်တို့ ကိုဗစ်ကာလမှာ အခုနောက်ပိုင်း ဆီချက်ခေါက်ဆွဲတွေ ရောင်းနေတယ်။ အနုပညာသမားတွေကတော့ စီးပွားရေး မလုပ်ချင်ကြပါဘူး။ အနုပညာပဲ လုပ်ချင်ကြတာပါ။ အနုပညာလုပ်ခွင့်ရရင်ကို ကျေနပ်နေကြတာ”လို့ ဇော်ဇော်က ပြောပါတယ်။

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ကျော်ကြီးကလည်း အခုချိန်မှာ တခြားလုပ်ငန်းတွေ ပြန်စနေပြီ ဖြစ်တဲ့အတွက် ရှုတင်တွေကိုလည်း ပြန်စစေချင်ပြီလို့ ဆိုပါတယ်။

“ရိုက်ကူးရေးတွေ ပြန်စစေချင်ပြီ။ အရင်နေ့ရက်တိုင်းက ရှုတင်ပေါ်မှာဆိုတော့ အခုက တော်တော် ရပ်သွားတော့ ပိုလွမ်းတယ်။ ရှုတင်တွေကို နယ်တွေမှာလည်း သွားရိုက်တယ်။ အခုဆို မရိုက်ရတာ တော်တော်ကြာပြီ။ ပြန်ရိုက်ရပါစေတော့လို့ ဆုတောင်းပါတယ်”

“ပြန်ရိုက်ရရင် အရမ်းပျော်စရာကောင်းမှာပါ။ တခြားလုပ်ငန်းတွေတောင် ပြန်စနေပြီဆိုတော့ ကျနော်တို့ ရိုက်ကူးရေးတွေလည်း ပြန်စစေချင်ပြီ။ ရိုက်ကွင်းတွေမှာ ကိုယ့်သူငယ်ချင်းတွေ မပါရင်တော့ ပျင်းတာပေါ့။ ဇော်ဇော်တို့ ပါတဲ့ ရှုတင်တွေဆို တယောက်နဲ့ တယောက် နောက်နေတာ ပျော်နေရတယ်” လို့ ကျော်ကြီးက ပြောပါတယ်။

သရုပ်ဆောင် ကျော်ကြီးကတော့ ကိုဗစ်ကာလ အိမ်မှာပဲ နေဖြစ်ပြီး စီးပွားရေး လုပ်လို့ ရတဲ့ ပိုက်ဆံထက် အနုပညာလုပ်လို့ရတဲ့ အနုပညာကြေးကို ပိုတန်ဖိုးထားတယ်လို့ ဆိုပါတယ်။

“ကိုဗစ်ကာလ အိမ်မှာပဲ နေတာပေါ့။ ၂၀၁၇ ခုနှစ်ကတည်းက ရောင်းနေတဲ့ အဝတ်အစားရောင်းတဲ့ အလုပ်ကတော့ နည်းနည်းပါးသွားတာပေါ့။ ကျနော်တို့ စီးပွားရေး လုပ်လို့ ရတဲ့ ပိုက်ဆံထက် အနုပညာလုပ်လို့ရတဲ့ အနုပညာကြေးကို ပိုတန်ဖိုးထားတယ်။ ကားရိုက်လို့ရတဲ့ ပိုက်ဆံကို ပိုတန်ဖိုးထားတယ်” လို့ ကျော်ကြီးက ပြောပါတယ်။

ဇော်ဇော်နဲ့ ကျော်ကြီးတို့ သူငယ်ချင်းနှစ်ယောက်ကတော့ မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့၊ ဇာတ်ရံ အနေနဲ့ ပါဝင် သရုပ်ဆောင်ကြသူတွေ ဖြစ်ပါတယ်။

You may also like these stories:

အသက် ၆၀ ပြည့်ရင် တရားအားထုတ်တော့မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

အောင်လအန်ဆန်း COVID-19 ရောဂါ ပျောက်ကင်းပြီ

“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော

Your Thoughts …
Tags: ကျော်ကြီးဇာတ်ပို့ဇော်ဇော်ရိုက်ကူးရေး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် လမင်းကဗျာ  / နေပိုင် / ဧရာဝတီ

Facebook ပေါ်က ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းတဲ့ လမင်းကဗျာ

by ချစ်ပိုး
9 August 2020
20.1k

လမင်းလုပ်တာ ဟုတ်တယ်ဆိုရင် အဲဒီ ၁၅ သိန်းကနေ သိန်း ၅၀၀ အထိ List တွေ ရှိထားတယ်။ ဒါကို ချပြလိုက်မယ် ဆိုတော့ ချပြလိုက်ပါ။

မင်းသမီးကြီး Youn Yuh-jung

အကောင်းဆုံး ဇာတ်ပို့ မင်းသမီး ဆန်ခါတင် စာရင်းဝင်ဖို့ တစ်ပြေးနေတဲ့ Youn Yuh-jung

by မစ်ကီ
8 January 2021
3.5k

"Minari" ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချ နေထိုင်ကြတဲ့ ကိုရီးယားမိသားစု တစုအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် စင်သီယာ / Cynthia Kyaw's Facebook

အပြင်စီးပွားရေး အနေနဲ့ ငွေတိုးချထားတဲ့ သရုပ်ဆောင် စင်သီယာ

by ယုဖြူဟန်
7 January 2019
32.1k

“အသက် ၁၆ နှစ်ကတည်းက အနုပညာအလုပ်လုပ်လာတာဆိုတော့ ၁၂ နှစ်၊ ၁၃ နှစ် ရှိသွားပြီ။ ကိုယ့်ကိုယ်ကိုယ် အားမရသေးဘူး။ ကျမကိုယ် ကျမ ညံ့သေးတယ်လို့ ထင်တယ်။

ဇာတ်ပို့ သရုပ်ဆောင် အေးအေးခိုင်

“ရွှေကြို Voting စနစ်က သူ့ခေတ်၊ သူ့အခါနဲ့ လုပ်ကြတာပါ”လို့ အေးအေးခိုင် ပြော

by ချစ်ပိုး
7 February 2020
4.6k

“ကိုယ်ကတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံတယ်။ ဒါတွေကို အရင်တုန်းကတော့ သိပ်မသိဘူး။ နောက်ပိုင်း ကျတော့မှ ဘဝဒဏ်တွေကို ရင်ဆိုင်လာရတာနဲ့အမျှ နားလည်လာတာတွေတော့ ရှိတာပေါ့။

အဆိုတော် ၊ သရုပ်ဆောင် မိုရီဆာကီဝင်း / Win Morisaki's Facebook

ဂျပန်မှာ ရိုက်ကူးရေးတွေ လုပ်ရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေတဲ့ မိုရီဆာကီဝင်း

by ယုဖြူဟန်
17 September 2020
6.8k

“ကျနော် အခု ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီးတော့ TV Show တွေမှာ ပါဝင်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

သရုပ်ဆောင် အေးအေးခိုင် / နေပိုင် / ဧရာဝတီ

“အမေရိကားမှာ ကျောင်းတက်နေတဲ့ သားကို စိတ်မပူရဘူး”လို့ အေးအေးခိုင် ပြော

by ချစ်ပိုး
22 May 2020
12.6k

“ဟိုမှာက နယူးယောက်မှာဖြစ်တာ သားသားတို့ နေတဲ့ နားမှာ သိပ်မဖြစ်ဘူး။ သားသားတို့နဲ့ ဝေးတယ်။ ကျမ အစ်မကလည်း သားကို အရမ်းဂရုစိုက်တယ်။

Next Post
လက်သန့်ဆေးရည် အမှတ်တံဆိပ် ၇၀ ကျော်ကို သုံးစွဲရန်မသင့် စာရင်းထုတ်ပြန်ထားပြီး နောက်ထပ်လည်း ထပ်မံ စိစစ် ရှာဖွေနေတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ သုံးစွဲရန် မသင့်တဲ့ လက်သန့်ဆေးရည်များ ထပ်မံတွေ့ရှိ

တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး  / မင်းအောင်ခိုင်  / ဧရာဝတီ

အဓမ္မကျင့်မှုဖြင့် အမှုဖွင့်ထားသော တပ်မတော်သား ၃ ဦးကို တပ်တွင်း စစ်ဆေးမှုလုပ်နေ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate