သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ အခုအချိန်မှာ သူမကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အကောင့်တုများနဲ့ တိုက်ခိုက်နေကြပြီး အသက်အန္တရာယ်တောင် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ အပတ်ကဟာကို လျှောက်လွှဲချက် ယူတာ။ ကျမ မသိတဲ့ ကိစ္စတခုကို မသိရင် မသိဘူးပြောမှာပဲ။ အဖြေကလည်း ရှင်းနေပါတယ်။ အခုလောလောဆယ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေရတယ်။ လိုင်းပေါ်မှာ အကောင့်အတုတွေနဲ့ မိန်းမလို မိန်းမရစိတ်နဲ့ ဘာမှမသိဘဲ တိုက်ခိုက်နေတာတွေကြောင့် သတင်းက အကုန်ပျံ့နှံ့နေတယ်ဆိုတော့ ကျမက ဘာမှမပြောဘူး” လို့ သင်းသင်းက ပြောပါတယ်။
ဆက်လက်ပြီး “ပြီးခဲ့တဲ့တပတ်က အဲဒါနဲ့ ပတ်သက်ပြီး သူတို့ဘက်က ပြောထားတယ်။ ကျမကလည်းအဖြေကို အတိအကျ ယူပြီးသွားပြီ။ အခုလောလောဆယ်တော့ ကိုယ့်နောက်က ထပ်ကြပ်မကွာ လိုက်နေတာ ဘယ်သူဘယ်ဝါရယ်လို့တော့ အတိအကျ မပြောတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် အသက်အန္တရာယ် အရမ်းစိုးရိမ်နေရတယ်။ ဘယ်သူဘယ်ဝါရယ်လို့ စွပ်စွဲလို့မရပါဘူး။ ဘယ်သူမှန်းကို ကိုယ်မသိနေတာ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်ရုံးချိန်းမှာတော့ ဝေဠုကျော်ဘက်မှ ရှေ့နေဖြစ်သူက သင်းသင်းအား ဒုတိယအကြိမ်မြောက် အပြန်အလှန် စစ်မေးမှုပြုလုပ်ခဲ့ပြီး မမှန်မကန် ထွက်ဆိုမှုဖြင့် အရေးယူရန်အတွက် ရုံးတော်ကိုလျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
သင်းသင်းကိုတော့ ယခင်က အခု သရုပ်ဆောင် ဝေဠုကျော်အား တရားစွဲသလို အမှုတခုမှာ အနိုင်ရခဲ့ဖူးပြီး လျော်ကြေး ရယူခဲ့ဖူးတယ်ဆိုတဲ့ သတင်းစကားများ ပျံ့နှံ့ခဲ့ပြီး အဆိုပါ အကြောင်းအရာများမှာ မဟုတ်မှန်ကြောင်းကိုလည်း အခုလိုပဲ ပြောခဲ့ပါတယ်။
“ဘာမှ မစိုးရိမ်ပါနဲ့လို့။ သင်းကတော့ အမှန်တရားတခုကို သွားတယ်။ အချိန်တန်ရင် အမှန်တရားဆိုတာ ပေါ်လာမှာပါပဲ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့မရပါဘူး။ ဒါပေမယ့် တခုပြောချင်တာက အတိတ်ဆိုတာ လူတိုင်းမှာရှိတယ်။ ဖော်ပြလို့ မရတဲ့အတိတ်ရှိသလို တခုရှိတာက ပိုက်ဆံ သိန်း ၃၀ ဆိုတာကြီးကို ကိုယ်ဘာမှမသိရဘဲနဲ့ ဘာမှမလုပ်ဘဲနဲ့ တဖက်စောင်းနင်းလိုင်းပေါ်မှာ ပျံ့နှံ့သွားတာတွေကို ပြန်ဖြေရှင်းနိုင်ခဲ့ပါပြီ။ ကျမ မှန်တယ်။ ကျမဘက်မှာ ယူထားတာ မရှိဘူး” လို့ သင်းသင်းက ပြောပါတယ်။
အဆိုပါကိစ္စရပ်များမှာလည်း လွန်ခဲ့တဲ့နှစ်များစွာက ဖြစ်ခဲ့တာတွေဖြစ်ပြီး ဖုံးကွယ်ခဲ့တာလည်း မဟုတ်ဘူးလို့ သိရပါတယ်။
“ကျမ ရွာကိုပြန်တယ်ဆိုတာက ရွာသစ်ကလေးရွာကို မဝင်ခဲ့ပါဘူး။ ကားနဲ့ပဲ ဖြတ်သွားခဲ့တာ။ ဘာလို့ မဝင်ခဲ့လဲဆိုရင် ကျမဦးလေးကို တခြားရွာမှာခေါ်ပြီးတော့ ကိုယ်မသိတဲ့ကိစ္စတခုကို မေးတယ်။ အဲဒါကြောင့် ဖြေရှင်းချက် မထုတ်ခဲ့တာ။ ကိုယ့်ဘက်က မသိလို့ မသိဘူးပဲ ဖြေခဲ့တာ။ အခုဖြစ်နေတာ ဝေဠုကျော်နဲ့ ဖြစ်နေတာ။ ဟိုကိစ္စက လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်က ကိစ္စ။ ကိုယ့်ကိုယ်ကိုယ်တောင် မသိဘူး။ ဖုံးကွယ်ခဲ့တာလည်း မဟုတ်ဘူး” လို့ သင်းသင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ကိစ္စရပ်တွေကိုလည်း သူမအတွက် အတိတ်ဆိုး အရိပ်ဆိုးလို့ မတွေးမိဘဲ နစ်နာတဲ့အတွက် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်တုန်းကဆို ပြောတယ်။ ဝေဠုကျော်မို့ တရားစွဲတာလို့ ပြောတယ်။ သင်းက သိစေချင်တာ မိန်းကလေးတယောက်မှာ နစ်နာမှုရှိတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲ။ အဲဒါဆို ဝေဠုကျော်မို့ တရားစွဲခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်၊ ၁၀ နှစ်က စွဲခဲ့တဲ့ အမှုက အခုလိုခေတ် မဟုတ်သေးဘူး”
“ အဲ့လိုဆို ဘယ်လိုပြောကြမလဲ ကိုယ်မတရားလို့ ကိုယ်မခံရတာ။ အတိတ်ဆိုးအရိပ်ဆိုးလို့ ပြောကြတယ်။ အမည်းစက်လို့ ပြောတယ်။ သင်းက ကိုယ့်ကိုယ်ကိုယ် မတွေးထားဘူး။ ဘယ်တော့မှလည်း တွေးမှာ မဟုတ်ဘူး။ ကိုယ်နစ်နာလို့ ကိုယ်လုပ်တာ” လို့ သင်းသင်းက ပြောပါတယ်။
အဆိုပါအကြောင်းအရာများကိုတော့ သင်းသင်းက ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ရုံးချိန်းမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်
You may also like these stories:
အမှုအတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားတယ်လို့ ဆိုလာတဲ့ သင်းသင်း
“ဝေဠုကျော်နဲ့ အသံဖိုင် စစ်ဆေးမှု အခြေအနေ ဇာတ်ရှိန် ကောင်းလာပြီ”လို့ သင်းသင်း ပြော
မိသားစု ဝမ်းရေးအတွက် သီချင်းဆိုနေတဲ့ အလှမယ် သင်းသင်း