Entertainment

မာလာရှမ်းကောအပြင် Bubble tea ပါ ရောင်းချမယ့် နန်းခင်ဇေယျာ

COVID-19 ကာလမှာ အိမ်မှာနေရင်း အွန်လိုင်းကနေ မာလာရှမ်းကော ချက်ရောင်းဖြစ်ပုံကို အလှမယ် နန်းခင်ဇေယျာက အခုလိုပဲ ဆိုပါတယ်။

“ကိုဗစ်ကာလမှာ အိမ်မှာပဲ နေနေရတာ။ နန်းခင်က လှုပ်လှုပ်ရှားရှားနေတဲ့သူ ဆိုတော့ အိမ်ထဲမှာ နေရတာ ကိုယ့်အတွက်က ထောင်ကျနေတဲ့အတိုင်း ဖြစ်နေတာ။ နန်းခင်ကလည်း ငြိမ်ငြိမ်နေတတ်တဲ့သူ မဟုတ်တော့ ပထမတော့ Work out တွေ လုပ်ပြီးတင်လိုက်သေးတယ်။ နောက်ဟင်းတွေလည်း ချက်ဖြစ်တယ်။ အဲ့တော့ ဟင်းချက်ရောင်းမယ်လို့ စဉ်းစားမိလိုက်တယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

ဆက်လက်ပြီး နန်းခင်ဇေယျာက ပထမ စဉ်းစားမိချိန်မှာ အဝတ်အစား ရောင်းဖို့ စဉ်းစားမိပေမယ့် ကိုယ်နဲ့ မစိမ်းတဲ့ အစားအသောက်ရောင်းဖို့ကို ရွေးခဲ့တယ်လို့ ဆိုပါတယ်။

“ပထမက အဝတ်အစားပဲ Live လွှင့်ရောင်းရင် ကောင်းမလား။ အစားအသောက်ပဲရောင်းရင် ကောင်းမလား စဉ်းစားလိုက်တော့ အစားအသောက်က ကိုယ်နဲ့ မစိမ်းတော့ အစားအသောက် လုပ်မယ်ပေါ့။ ကလေးတွေ၊ လူကြီးတွေ၊ လူငယ်တွေ ကြိုက်တတ်တာတွေ ချရေးလိုက်ချိန်မှာ မာလာရှမ်းကောကို လုပ်မယ်ဆိုပြီး ဖြစ်လာတယ်”

“ကိုယ်တိုင်ကလည်း စင်ကာပူမှာ တောက်လျှောက် စားနေတော့ မာလာရှမ်းကော လုပ်မယ်ဆိုပြီး လေ့လာပြီး ချက်တယ်။ ကိုယ်လိုချင်တဲ့ အရသာ ရဖို့လည်း အရသာ အများကြီး လုပ်ကြည့်တယ်။ အဲ့ထဲကမှ အကောင်းဆုံးကို လုပ်ဖြစ်တာပေါ့”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

မာလာရှမ်းကောအပြင် မာလာရှမ်းကောနဲ့ တွဲဖက်သောက်လို့ရတဲ့ Bubble tea ကိုလည်း ရောင်းချဖို့ ရှိကြောင်း နန်းခင်ဇေယျာက ဆိုပါတယ်။

“စရောင်းကတည်းက အော်ဒါတွေလည်း အရမ်းတက်တယ်။ မာလာရှမ်းကော အစပ် Challenge ကို အနုပညာရှင်တွေနဲ့ပဲ လုပ်နေတာ။ နောက် ပရိသတ်တွေကလည်း လုပ်ချင်တယ်၊ စိတ်ဝင်စားတယ်ဆိုတော့ ပရိသတ်တွေအတွက် ရွှေထွဋ်တင်ကွင်းမှာ မာလာရှမ်းကော အစပ်စားပြိုင်ပွဲ လုပ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ဖို့ အစီအစဉ် မရှိသေးဘူး။ မာလာရှမ်းကောအပြင် မာလာရှမ်းကောနဲ့ တွဲဖက်သောက်လို့ရတဲ့ Bubble tea ကို ဒီတပတ်မှာ စပြီး လုပ်မယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

မာလာရှမ်းကောကို Master Chef Myanmar အစီအစဉ်မှ ဒိုင်တယောက် ဝေဖန်တာနဲ့ ပတ်သက်ပြီးလည်း နန်းခင်ဇေယျာက အခုလိုပဲ ဆိုပါတယ်။

“မာလာရှမ်းကောကို ဒိုင်တယောက် ဝေဖန်တာကို ပြောနေကြတာက ဝေဖန်တဲ့သူကလည်း ကောင်းတာကို ဝေဖန်ထားတာပေါ့။ တချို့ သတင်းသမားတွေက သူလိုတဲ့ နေရာကို ဆွဲထည့်တာတော့ မကောင်းပါဘူး။ အဲ့နေ့က ဒိုင်အစ်မ ဖြေခဲ့တာတွေ ဗီဒီယိုကို ကြည့်ရင် သိနိုင်ပါတယ်။ တချို့သူတွေက စာကို လိုရင်း ဆွဲထည့်ပြီး ပရိသတ် စိတ်ဝင်စားမှု လိုချင်တာပေါ့”

“ပရိသတ်တွေက ခေါင်းစဉ်ကိုကြည့်ပြီး ဝေဖန်တာတွေလည်း တွေ့ရတယ်။ နန်းခင်ကတော့ ဘာမှ မခံစားရဘူး။ ကိုယ့် Customer ရှိတယ်။ ကိုယ့်ကွာလတီကို ကိုယ်ကြိုက်တယ်။ သူတို့ အားပေးရတာနဲ့တန်အောင် ကြိုးစားသွားဖို့ပဲ ရှိပါတယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

နန်းခင်ဇေယျာဟာ အလှမယ် ပြိုင်ပွဲကနေ တဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူ တဦး ဖြစ်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ နန်းခင်ဇေယျာက “Non Stop” ဆိုတဲ့ တကိုယ်တော်ခွေလည်း ထွက်ရှိထားပါတယ်။

You may also like these stories:

အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ နန်းခင်ဇေယျာ

“မျက်လုံး အိုက်တင်တွေကို မကြီးစိုးက သင်ပေးတယ်”လို့ နန်းခင်ဇေယျာ ပြော

Loading