Entertainment

“ရိုက်ကူးရေးကို စည်းကမ်းတကျ ရိုက်မယ်ဆို အဆင်ပြေမှာပါ”

Want create site? Find Free WordPress Themes and plugins.

COVID-19 ကာလအတွင်း ရုပ်ရှင် ရိုက်ကူးရေးများ ရပ်နားထားရပြီး မကြာခင် ရိုက်ကူးရေးတွေ ပြန်စရင်တော့ ဝမ်းသာတယ်လို့ ဇာတ်ပို့ သရုပ်ဆောင် ရဲလေးမက ဆိုပါတယ်။

“ဇာတ်ကားတွေ ပြန်ရိုက်ဖို့တော့ ကြားတော့ ကြားနေရပါပြီ။ ကျနော်တို့ဆီက ထိန်းချုပ်မှု ကောင်းတော့ သူများနိုင်ငံတွေထက်စာရင် ဆိုးဆိုးဝါးဝါးတော့ ဖြစ်မယ် မထင်ဘူး။ စည်းကမ်း ဘယ်လို ချမှတ်ထားလဲ။ ချမှတ်ထားတဲ့ စည်းကမ်းလေးအတိုင်း ရိုက်ရင်တော့ အဆင်ပြေမှာပါ။ ပြန်ရိုက်ရရင်တော့ ဝမ်းသာတာပေါ့။ ကျနော်တို့က ၁၀ လပိုင်းမှာ ဇာတ်ကားရိုက်ဖို့တော့ ပြောထားတယ်”လို့ ရဲလေးမက ပြောပါတယ်။

သရုပ်ဆောင် အလုပ်အပြင် ဝမ်းရေးအတွက် မုန့်ဟင်းခါးလည်း ချက်ရောင်းနေတဲ့ ရဲလေးမက ရိုက်ကူးရေးကြောင့် ခရီးတွေ သွားတဲ့အခါ အိမ်က တူမလေးတွေက ဆိုင်မှာ ချက်ရောင်းပေးတယ်လို့ ပြောပါတယ်။

“မုန့်ဟင်းခါးလည်း ရောင်းပါတယ်။ ခရီးသွားရင်တော့ တူမလေးတွေ ချက်တယ်။ ခရီးသွားစရာ မရှိရင်တော့ ကျနော်ပဲ ချက်တယ်။ ရိုက်ကူးရေးကတော့ နောက်ပိုင်းကိုလည်း ရရင် ရသလို ရိုက်မယ်။ ရိုက်လို့ရှိရင်လည်း ရဲလေးမ မှားတာ၊ မှန်တာလေးတွေ ရှိရင်လည်း ထောက်ပြ ဝေဖန်ပေးပါ”လို့ ရဲလေးမက ပြောပါတယ်။

လတ်တလောမှာတော့ အွန်လိုင်းပေါ်ကနေ ဈေးရောင်းပေးနေတဲ့ ရဲလေးမက အခုလို ခေါ်ပြီးတော့ ဈေးရောင်းခိုင်းတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“အခု လတ်တလောမှာ Live လေး လွှင့်ပြီး ဈေးတွေ ရောင်းဖြစ်နေတယ်။ အနုပညာရှင် တယောက်ကို ပရိသတ်တွေက ချစ်ခင်ပြီးတော့ စာနာမှုနဲ့ အလုပ်ပေးကြတာ ဖြစ်တဲ့အတွက် ထမင်းရှင်၊ ကျေးဇူးရှင် ဖြစ်သွားပြီ။ ခေါ်ပြီးတော့ ရောင်းခိုင်းတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ကိုယ်အရမ်း ကျပ်တည်းနေတဲ့အချိန်မှာ အခုလို ကူညီကြတာ ပျော်ပါတယ်။ ရောင်းရတာ များပါတယ်”လို့ ရဲလေးမက ပြောပါတယ်။

အနုပညာသက်တမ်း ၁၀ စုနှစ် တခုကို ရောက်နေပြီဖြစ်တဲ့ ရဲလေးမကတော့ ဒေါ်ထားအဖွဲ့မှ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တဦးဖြစ်ပါတယ်။ မိန်းမလျာ ဇာတ်ရုပ်တွေမှာ အတွေ့ရများတဲ့ ရဲလေးမကို ဟာသ သရုပ်ဆောင်အဖြစ် လူသိများပါတယ်။

ဗီဒီယိုကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရဲလေးမကတော့ ဗီဒီယိုကားတွေ အရိုက်ပါးသွားချိန်မှာ မုန့်ဟင်းခါး ရောင်းခဲ့ပြီး ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။

You may also like these stories:

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

မုန့်ဟင်းခါးက ကျေးဇူးရှင်ဖြစ်လာတယ်လို့ ရဲလေးမ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading