နော်ဝေနိုင်ငံဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ စပိန် နိုင်ငံကနေ လာရောက်မယ့်သူတွေအတွက် Quarantine အစီအစဉ်ကို ပြန်လည် ချမှတ်ခဲ့ပေမယ့် နောက်ဆုံး ထွက်လာမယ့် “Mission: Impossible” ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကိုတော့ အဲ့ဒီကန့်သတ်ချက်တွေကို အကျိုးသက်ရောက်စေမှာ မဟုတ်ဘူးလို့သိရပါတယ်။
မင်းသား Tom Cruise နဲ့ တခြားရိုက်ကူးရေးအဖွဲ့ဝင် တွေဟာ ဘယ်နေရာတွေကို ရောက်ခဲ့တာပဲဖြစ်ဖြစ် သတ္တမမြောက်အဖြစ် ထွက်လာမယ့် ကမ္ဘာကျော် အက်ရှင်ရုပ်ရှင်အတွက် ရိုက်ကူးရေးတွေကို လုပ်ဆောင်ဖို့ လာမယ့် ဆောင်းဦးကာလမှာ နော်ဝေနိုင်ငံထဲကို ဝင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေးဝန်ကြီး Olaug Bollestad က “တင်းကျပ်တဲ့ ကျန်းမာရေး စည်းမျဉ်းအောက်မှာ ရိုက်ကူးရေးကို လုပ်ဆောင်မှာဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့ဝင်တွေဟာ နော်ဝေနိုင်ငံမှာ နေထိုင်နေစဉ် အတွင်း တခြားသူတွေနဲ့ ခပ်ကင်းကင်းနေမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ တဦးနဲ့တဦး သီးခြား ရှိနေကြမှာဖြစ်လို့ သူတို့ကိုတော့ လှပကြည့်ကောင်းတဲ့သူတွေအနေနဲ့ လူတိုင်းက တွေ့မြင်ခွင့်ရမှာတော့ မဟုတ်ပါဘူး” လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။
ယူရို ၅ သန်းနီးပါး ထည့်ဝင်ထားတဲ့ နော်ဝေရုပ်ရှင် အင်စတီကျုရဲ့ ပူးပေါင်းမှု တစိတ်တပိုင်း ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ရိုက်ကူးရေးကို နိုင်ငံအနောက်မြောက်ပိုင်းမှာ ပြုလုပ်ဖို့ ရှိနေပါတယ်။ ဝန်ကြီး Bollestad က “Mission: Impossible – Fallout” ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ဖူးတဲ့ နော်ဝေရဲ့ သဘာဝ၊ ယဉ်ကျေးမှုနဲ့ သမိုင်းအကြောင်း ကမ္ဘာဆီပြသနိုင်ဖို့ အရမ်းအရေးကြီးပါတယ်” လို့ ပြောဆိုပါတယ်။
နော်ဝေနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ စပိန်နိုင်ငံဆီ ခရီးသွားမှု ကန့်သတ်ချက်တွေကို အသစ်တဖန် ပြန်လည်ချမှတ်ထားပါတယ်။ စပိန်နိုင်ငံကနေ လာရောက်မယ့် ခရီးသွားတွေဟာ လည်း နော်ဝေနိုင်ငံကို ရောက်တဲ့အချိန်မှာ ၁၀ ရက် Quarantine ဝင်ရမှာဖြစ်ပြီး ပေါ်တူဂီ၊ လူဇင်ဘာ့ဂ်၊ ခရိုအေးရှား၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားနိုင်ငံကနေ လာရောက်မယ့် ခရီးသည်တွေကိုလည်း အလားတူ ကန့်သတ်ချက် ချမှတ်ထားပါတယ်။
နော်ဝေနိုင်ငံမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က လူ ၃ ဦးကို ဆေးရုံတင်လိုက်ရပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ ကပ်ရောဂါ စတင်ခဲ့ချိန်ကစလို့ ရောဂါဖြစ်ပွားသူ ၉၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ ၂၅၅ ဦး ရှိပါတယ်။
Ref: thejakartapost
You may also like these stories:
“ရိုက်ကူးရေးကို စည်းကမ်းတကျ ရိုက်မယ်ဆို အဆင်ပြေမှာပါ”
စိတ်အားတင်းပြီး ဘဝကို နေထိုင်နေတဲ့ ထက်ထက်မိုးဦး
မိုးတွင်းမှာ “အလွမ်းရာသီ” သီချင်းသစ် ထွက်မယ့် နန်းဆုရတီစိုး