Entertainment

ရုပ်ရှင် ရိုက်ကူးရေးများ ပြန်လည် ခွင့်ပြုတော့မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး စတင်တွေ့ရှိစဉ်ကတည်းက ရပ်နားထားရတဲ့ ရုပ်ရှင်ရိုက်ကွင်းများ၊ ရိုက်ကူးရေးများကို မတ်လကုန်ပိုင်းမှ စတင် ရပ်နားထားရာကနေ ပြန်လည် ရိုက်ကူးခွင့်ပြုလိုက်ပြီလို့ ယနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ရိုက်ကူးရေးများ ပြန်လည် ပြုလုပ်မယ့်အခါ စနစ်တကျ ဖြစ်စေရန်အတွက်နှင့် ကျန်းမာရေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချ ဘေးကင်းမှု ဖြစ်စေရေးအတွက် လိုအပ်သလို လာရောက် စစ်ဆေးနိုင်ရန် ရိုက်ကူးမယ့် ဇာတ်ကားအမည်၊ နေရာ၊ အချိန်နဲ့ ပါဝင်မယ့် လူအရေအတွက်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကို အနည်းဆုံး တပတ် ကြိုတင်ပေးပို့ပြီး ဒီလိုပေးပို့မှုကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပေးပို့ အသိပေးသွားမယ်လို့ သိရပါတယ်။

ရိုက်ကူးရေးများကို ကျန်းမာရေးဆိုင်ရာ လာရောက် စစ်ဆေးရာမှာ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက်လည်း တရက်မှာ ရိုက်ကူးနိုင်မယ့် ရိုက်ကွင်းအရေအတွက် တင်ပြမယ်ဆိုရင် ဌာနဆိုင်ရာဘက်မှ အရေအတွက် သတ်မှတ်ပေးမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနဲ့လည်း ရုပ်ရှင်၊ ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးရေးများ အချိန် ရပ်နားခဲ့တာ ၄ လခန့်ရှိပြီ ဖြစ်ပြီး အချို့သော ဇာတ်ပို့ ဇာတ်ရံများ၊ ရုပ်ရှင်လောကသားများဟာ စီးပွားရေး အဆင်ပြေမှုများ ရှိလာတဲ့အတွက် အွန်လိုင်းကနေ ဈေးရောင်းတာတွေ ပြုလုပ်လာကြပါတယ်။

အခုလို ပြန်လည် ခွင့်ပြုလိုက်တဲ့အတွက်လည်း ရုပ်ရှင်လောကသားများ ဝမ်းသာနေကြပြီး စီးပွားရေးများလည်း ပြန်လည် ပြေလည်လာမယ်လို့ မျှော်လင့်လျက် ရှိကြပါတယ်။

COVID-19 ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးရေးများသာ ရပ်နားခဲ့ရတာ မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲကိုလည်း ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့ရပြီး ရုပ်ရှင်ရုံများလည်း ပိတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ရိုက်ကူးရေးတခုသာ ခွင့်ပြုတာဖြစ်ပြီး တခြားသော ကိစ္စရပ်များကိုတော့ ညှိနှိုင်းဆဲဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရုပ်ရှင်ကဏ္ဍများ ဆွေးနွေးမှု ပြုလုပ်မည်

“ရုပ်ရှင်ရုံကနေ ကူးသွားရင် ရုပ်ရှင်သမားတွေကို မကြည်မလင် ဖြစ်လိမ့်မယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading