Entertainment

ဆေးကုသမှု ခံယူနေရတဲ့ မီးမီးခဲရဲ့ ကျန်းမာရေး

Want create site? Find Free WordPress Themes and plugins.

ရင်သားကင်ဆာဝေဒနာကို ခံစားနေရပြီး သြစတြေးလျမှာ နေထိုင်လျက်ရှိတဲ့ အဆိုတော် မီးမီးခဲ ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလ သတင်းများ ဒီရက်ပိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

အဆိုပါ သတင်းများဟာ မဟုတ်မှန်ဘဲ လက်ရှိမှာတော့ မီးမီးခဲက ဆေးကုသမှု ဆက်လက် ခံယူနေဆဲဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဇူလိုင်လ ၂၆ရက်နေ့ ညပိုင်းက အသိပေးခဲ့ပါတယ်။

“ကျမ မီးမီးခဲ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ပါတယ်။ လူအများကြီးက ဖုန်းခေါ်လာပြီး သတင်းမေးမှ Facebook မှာ သတင်းအမှားကြီး တက်နေတယ်ဆိုတာ သိရလို့ပါ။ ကျမရဲ့ကျန်းမာရေးအတွက် ဆက်လက် ဆုတောင်းပေးကြပါနော်”လို့ မီးမီးခဲက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆေးရုံတက်နေရင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကြောင့်လည်း ပရိသတ်များ၊ အနုပညာ မောင်နှမများက ပို၍စိတ်ပူခဲ့ကြရတာဖြစ်ပြီး မီးမီးခဲရဲ့ ဝမ်းကွဲ အစ်မတယောက်ရဲ့ ဆုတောင်းစာ တခုကြောင့်လည်း စိတ်ပူစေခဲ့ပါတယ်။

မီးမီးခဲ သေဆုံးသွားပြီဆိုတဲ့ သတင်းအမှားကိုလည်း ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် ထူးအယ်လင်းက ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။

မီးမီးခဲကတော့ ဇူလိုင်လ ၂၅ ရက်နေ့က သူကိုယ်တိုင် ရေးသားပြီး လားဖောဆက်နဲ့အတူ အတွဲသီဆိုထားတဲ့ “အသည်းကွဲ အရသာ” ဆိုတဲ့ သီချင်းအသစ်ကို ထွက်ရှိထားပါတယ်။

အဆိုတော် မီးမီးခဲကတော့ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးနောက် ကင်ဆာအဆင့် ၄ အထိ ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ သြစတြေးလျနိုင်ငံမှာ နေထိုင်ကာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း မီးမီးခဲက မြန်မာနိုင်ငံကို ပြန်လာပြီး သူ့ရဲ့ တကိုယ်တော်ရှိုး “Back to You” ကို ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေကြေးများကိုလည်း ကင်ဆာဝေဒနာရှင်များအား လှူဒါန်းခဲ့ပါတယ်။

You may also like these stories:

ကင်ဆာကုသဖို့ ဆေးရုံတက်နေရင်း အခြေအနေ ပြောပြတဲ့ မီးမီးခဲ

ကင်ဆာဆေးရဲ့ ဆိုးကျိုးကြောင့် ညာဘက် ခြေထောက် စိုးရိမ်ရတဲ့ မီးမီးခဲ

Did you find apk for android? You can find new Free Android Games and apps.
Loading