COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသမီး Aishwarya Rai တို့သားအမိ ဆေးရုံကဆင်းပြီ
ဘောလိဝုဒ်စတား၊ မယ်ကမ္ဘာဟောင်း Aishwarya Rai Bachchan နဲ့ သူ့ရဲ့ သမီးတို့ဟာ COVID-19 ကုသမှု ခံယူနေတဲ့ မွမ်ဘိုင်းမြို့က ဆေးရုံတခုကနေ ဆင်းသွားကြပြီလို့ ခင်ပွန်း မင်းသား Abhishek Bachchan က ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှ ရောဂါကူးစက်ခံခဲ့ရသူတွေအထဲ နာမည်အကျော်ကြားဆုံးသူတွေဖြစ်တဲ့
မင်းသား Abhishek က “Aishwarya နဲ့ Aaradhya တို့ဟာ ပိုးမတွေ့ အဖြေထွက်ခဲ့ပြီး ဆေးရုံကနေဆင်းသွားကြပြီ ဖြစ်ပါတယ်။ သူတို့ဟာ အိမ်မှာ ရှိနေပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ ဆုတောင်းမေတ္တာ ပို့သနေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဆက်ပြီး မင်းသားက “ကျနော့်အဖေနဲ့ ကျနော်တို့ဟာ ဆေးဝန်ထမ်းတွေရဲ့ ဂရုစိုက်မှုအောက်က ဆေးရုံမှာ ရှိနေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မင်းသမီးနဲ့ ၈ နှစ်အရွယ် သမီး Aaradhya တို့ဟာ ကနဦးမှာ အသွားအလာ ကန့်သတ်ထားရှိခံခဲ့ရပြီးတဲ့နော
မင်းသမီး Aishwarya ဟာ ၁၉၉၄ ခုနှစ်မှာ မယ်ကမ္ဘာသရဖူကို ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကစလို့ ဘောလိဝုဒ်ရဲ့ နာမည်အကျော်ကြားဆုံး လူတယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်ကိုလည်း ပုံမှန်တက်ရောက်လေ့ ရှိပါတယ်။
လောလောဆယ်မှာတော့ မင်းသားကြီး အမီတာနဲ့ အသက် ၄၄ နှစ်အရွယ် သား Abhishek တို့ဟာ ဆေးရုံ သီးသန့်ဆောင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆေးရုံတက်တာ သီတင်းနှစ်ပတ်ကျော်ပြီ ဖြစ်ပေမယ့် ကျန်းမာရေး အခြေအနေအကြောင်း သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆိုရှယ်မီဒီယာအသုံးပြုသူ မင်းသားကြီး အမီတာက Twitter ၊ Instagram နဲ့ Tumblr တို့မှာရှိတဲ့သန်းနဲ့ချီတဲ့ သူ့ပရိသတ်တွေကို ပုံမှန် သတင်းစကားပါးနေဆဲ ဖြစ်ပါတယ်။
မင်းသားကြီးအမီတာက “ကျနော် မျက်ရည် မဆည်နိုင်ဘူး” လို့ Twitter မှာ ဇူလိုင်လ ၂၇ ရက်နှောင်းပိုင်းတုန်းက တင်ခဲ့ပါတယ်။ ချွေးမနဲ့ မြေးမလေးတို့ အိမ်ပြန်နိုင်ပြီဆိုတဲ့ သတင်းစကားကို တုံ့ပြန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
“Big B” လို့လူသိများကြတဲ့ မင်းသားကြီး အမီတာဟာ အိန္ဒိယရုပ်ရှင်လောကမှာ ရာစုနှစ် ထက်ဝက်ကျော်လောက် ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၉၉ ခုနှစ်တုန်းက ဘီဘီစီအွန်လိုင်း မဲပေးမှုမှာ လူ၁သန်းထဲက မင်းသားတယောက်အနေနဲ့ မဲပေးရွေးချယ်ခံခဲ့ရပြီး လန်ဒန်မြို့မှာရှိတဲ့ Madame Tussaud ဖယောင်းပြတိုက်မှာ ရုပ်တုအဖြစ် ထားရှိခဲ့ရတဲ့ ပထမဆုံးအိန္ဒိယသရုပ်ဆောင်လည်း ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ဘဏ္ဍာရေးနဲ့ ရုပ်ရှင်မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရောဂါကူးစက်ခံရသူ ၁ သိန်းကျော် စံချိန်တင်တွေ့ရှိထားရပြီး ရောဂါပိုးကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။
Ref: thejakartapost
You may also like these stories:
ဂျက်ကီချန်းဆီက ကလေးစရိတ် မရခဲ့ကြောင်း ဟောင်ကောင်မင်းသမီး ပြော
မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt