Entertainment

မင်းသား Tom Hanks တို့ ဇနီးမောင်နှံ ဂရိနိုင်ငံသားအဖြစ် ခံယူ

Want create site? Find Free WordPress Themes and plugins.

မင်းသားကြီး Tom Hanks နဲ့ ဇနီး Rita Wilson တို့ဟာ တရားဝင် ဂရိနိုင်ငံသားတွေ ဖြစ်ခဲ့ကြပြီလို့ အခုသီတင်းပတ်အတွင်းမှာပဲ ကြေညာလိုက်ပါတယ်။ ဂရိဝန်ကြီးချုပ်ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တဲ့ ဓာတ်ပုံတပုံမှာ မင်းသားကြီးတို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ပတ်စ်ပို့စ် စာအုပ်အသစ်တွေကို ဂုဏ်ယူထားနဲ့ ကိုင်ဆောင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ဦးနဲ့ ကလေးတွေဟာ ပြီးခဲ့တဲ့နှစ်မှာ ဂုဏ်ထူးဆောင် ဂရိနိုင်ငံသားတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ မင်းသားကြီး Hanks ဟာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး မြို့တော် အေသင်အနီး လောင်ကျွမ်းခဲ့တဲ့ တောမီးနဲ့ပတ်သက်လို့ သတိရှိမှု မြှင့်တင်တဲ့နေရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် တာဝန်ရှိသူတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဂရိပြည်ထဲရေးဝန်ကြီး Takis Theodorikakos က “Tom Hanks ဟာ မာတီမြို့က မီးဘေးကို ခံစားခဲ့ရသူတွေအတွက် စစ်မှန်တဲ့ စိတ်ဝင်စားမှုကို ပြသခဲ့ပြီး ကမ္ဘာ့မီဒီယာမှာ ဒီအရေးကို မြှင့်တင် ပြောဆိုခဲ့တဲ့ လူတယောက်ဖြစ်ပါတယ်” လို့ ပြောဆိုထားဖူးပါတယ်။

ဂရိရှေးရိုးစွဲ ခရစ်ယာန်အဖြစ် ခံယူထားတဲ့ မင်းသားကြီး Hanks နဲ့ ဂရိသွေးနှောတဲ့ ဇနီး Wilson တို့ကို မကြာခဏဆိုသလို သူတို့ ပိုင်ဆိုင်တဲ့ အိမ်ရှိရာ Antiparos ကျွန်းမှာ တွေ့ရလေ့ ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဂရိလူမှုအသိုင်းအဝန်းကို အခြေခံတဲ့ ရုပ်ရှင်တော်တော်များများကို ထုတ်လုပ်ခဲ့ပြီး ဂရိနိုင်ငံနဲ့ နိုင်ငံသားတွေကို လေးစားကြောင်း အမြဲအလိုလို ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။

“ကျနော်က ၃၂ နှစ်လုံးလုံး ဂရိနိုင်ငံသားလုံးလုံး ဖြစ်နေပါပြီ။ ဂရိနိုင်ငံဟာ ကောင်းကင်ဘုံ ဖြစ်ပါတယ်။ ကျနော် ကမ္ဘာတခွင် ရောက်ဖူးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေကိုလည်း ရောက်ခဲ့ဖူးပါတယ်။ ဘယ်ဟာကမှ ဂရိနိုင်ငံကို မယှဉ်နိုင်ပါဘူး”

“ကောင်းကင်၊ မြေကြီး၊ ရေတွေ၊ စိတ်ဝိညာဉ်တွေအတွက် ကောင်းမွန်ပါတယ်။ ဒဏ်ရာတွေကို သက်သာစေတဲ့နေရာ ဖြစ်ပါတယ်”လို့ မင်းသားကြီး Hanks က အခုနှစ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

Ref:cnn

You may also like these stories:

Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော

“Greyhound” ရုပ်ရှင်အတွက် Tom Hanks စိတ်မကောင်းဖြစ်နေ

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading