Entertainment

“တပွဲတလမ်း အကဲစမ်းမလား”လို့ Johnny Depp ကို သူဌေး Elon Musk စိန်ခေါ်

ဘီလီယံနာစီးပွားရေး လုပ်ငန်းရှင် Elon Musk ဟာ မင်းသား Johnny Depp ရဲ့ သူ့အပေါ် စွပ်စွဲ ပြောဆိုချက်တွေကို လက်သင့်ခံဖို့ အစီအစဉ် မရှိပါဘူး။ လက်ရှိ ယူကေနိုင်ငံမှာ အသရေဖျက်မှုကို ရင်ဆိုင်နေတဲ့ မင်းသား Johnny က သူဌေးကြီး Elon နဲ့ ဇနီးဟောင်း Amber Heard တို့ဟာ သူနဲ့ မင်းသမီးတို့ အိမ်ထောင်ပြုခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစလို့ တိတ်တိတ်ပုန်းတွဲနေခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီကောလာဟလ သတင်းတွေကို တုံံ့ပြန်ဖို့ သူဌေးကြီး Elon က “ကျနော်က Johnny နဲ့ လက်ထပ်ထားတဲ့ မင်းသမီး Amber နဲ့ တိတ်တိတ်ပုန်း တွဲနေတာမျိုး မရှိခဲ့ပါဘူး။ အဲ့ဒါ လုံးဝအမှား ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် သူဌေးကြီးက မင်းသမီး Amber၊ စူပါမော်ဒယ် Cara Delevingne တို့နဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုလည်း ငြင်းဆိုထားပါတယ်။ သူက “ကျနော်တို့ သုံးပွင့်ဆိုင် ဇာတ်လမ်းမျိုး မရှိပါဘူး။ လူတွေက အဲ့ဒီကိစ္စတွေရဲ့ ရှိရင်းစွဲထက် လိင်ကိစ္စကို ဇောင်းပေးပြီး ထင်မြင်ကြတယ်” လို့ ဆိုပါတယ်။

မင်းသား Johnny နဲ့ မင်းသမီး Amber တို့ဟာ တဦးနဲ့ တဦး ကျေအေးလိုက်ကြပြီး ရှေ့ဆက်သင့်တယ်လို့ သူဌေးကြီးက ဆိုပါတယ်။ သူဌေးကြီး Elon က “တကယ်လို့ Johnny က သံကြိုးဝိုင်းအတွင်း တပွဲတလမ်း အကဲစမ်းချင်တယ်ဆိုရင် ကျနော် သိလိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသမီး Amber က သူနဲ့ ဟောလိဝုဒ် စတား James Franco ၊ သူဌေးကြီး Elon တို့နဲ့ အရှုပ်အရှင်းရှိခဲ့တယ်ဆိုတဲ့ မင်းသား Johnny ရဲ့ ပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။ မင်းသားနဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်၊ မတ်လမှာ ညတိုင်း သူဌေးကြီး Elon က သူ့ဆီ ပုံမှန်လာခဲ့တယ်လို့ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း မင်းသမီး Amber က ငြင်းဆိုထားပါတယ်။

မင်းသမီးက “ကျမက ၂၀၁၆ ခုနှစ်အထိ Elon နဲ့ ဆက်သွယ်တာမျိုး မရှိခဲ့ပါဘူး” လို့ လန်ဒန် တရားရုံးချုပ်မှာ ထွက်ဆိုခဲ့ပါတယ်။ မင်းသား Johnny ရဲ့ သဝန်တိုမှုတွေကြောင့် သူတို့နှစ်ယောက်ကြား ရန်ပွဲတွေကို မီးစထိုးပေးသလို ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သူဌေးကြီး Elon နဲ့ မင်းသမီး Amber တို့ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တနှစ်ကြာတွဲခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ လက်ရှိမှာတော့ ဆက်ဆံရေး ပုံစံတမျိုးနဲ့သာ ရှိနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာ မင်းသမီး Amber ဟာ Bianca Butti နဲ့တွဲနေပြီး သူဌေးကြီး Elon ကတော့ Grimes နဲ့ တွဲနေတာဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

ရုပ်ရှင်လုပ်ငန်းအတွက် ချေးငွေ ထုတ်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြ

New Normal မှာ ရိုက်ကူးရေးအတွက် ပြင်ဆင်ထားတဲ့ ဒါရိုက်တာ ဉာဏ်ထင်

မင်းသား Tom Hanks တို့ ဇနီးမောင်နှံ ဂရိနိုင်ငံသားအဖြစ် ခံယူ

Loading