ရုပ်ရှင် ရိုက်ကူးရေးများ၊ အလုပ်များ နားထားရတဲ့အချိန်မှာ ဝါသနာပါတဲ့ သီချင်းဆိုချင်စိတ်ကို အကောင်အထည် ဖော်ချင်တယ်လို့ မိုးဟေကိုက ပြောပါတယ်။
“Stay Home ကာလမှာ အိမ်မှာ နေနေတာလည်း ကြာပြီ။ ရုပ်ရှင်ရိုက်ကူးရေးတွေကလည်း နားထားရတာဆိုတော့ မိုးအရင်တုန်းကတည်းက ဝါသနာပါတဲ့ သီချင်းဆိုချင်တဲ့ စိတ်လေးလည်း အခုအချိန်မှာ အကောင်အထည် ဖော်ချင်တယ်။ ဆန္ဒလည်းပြင်းပြလာတယ်ဆိုတော့ မိုးရဲ့ပရိသတ်တွေကို နားဒုက္ခပေးမလို့ပေါ့နော်။ နားဆင်တော်မူပေးကြပါ” လို့ မိုးဟေကိုက ပြောပါတယ်။
ဂီတနဲ့ ပတ်သက်ပြီး ဝါသနာပါပေမယ့် ဂီတအကြောင်းကို နားမလည်တဲ့အတွက် သီချင်းဆိုမယ်ဆိုတာကို အထင်မကြီးကြနဲ့လို့ ဆိုပါတယ်။
“သီချင်းဆိုမယ်ဆိုလို့ မိုးကို အထင်မကြီးနဲ့နော်။ မိုးက တူရိယာအကြောင်းတွေရော၊ Music အကြောင်းတွေရော ဘာမှ မတီးတတ်ဘူး” လို့ မိုးဟေကိုက ပြောပါတယ်။
သီချင်းဆိုဖို့အတွက် The Four Band က သားငယ်နဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တိုင်ပင်ခဲ့ဖူးပြီး အခုအခါမှာတော့ မိုးဟေကိုက သူ့ရဲ့အိမ်ခြံဝန်းထဲမှာ “ဆရာမ” သီချင်းကို သီဆိုခဲ့ပါတယ်။
“တကယ်လည်း မဆိုတတ်ဘူး။ ရေချိုးခန်းထဲမှာ ဆိုတယ်။ အမေတို့ကြားရင် အသံမကောင်းဘူး နားငြီးတယ် ပြောမှာစိုးလို့ တယောက်တည်းပဲ ညဘက်တွေ ဆိုဖြစ်တယ်။ သူများကို ချပြရမှာတော့ ရှက်တယ်” လို့ မိုးဟေကိုက ပြောပါတယ်။
ပရိသတ်များကိုလည်း အခုလိုပဲ သတင်းစကားပါးခဲ့ပါသေးတယ်။
“မိုးကတော့ ကြိုးစားပြီးတော့ နားဒုက္ခပေးဖို့ ပြင်ဆင်နေပါတယ်။ အဲ့တော့ မိုးကို ချစ်တဲ့ စိတ်ကလေးနဲ့ အားပေးဖို့ တောင်းဆိုချင်ပါတယ်ရှင်” လို့ မိုးဟေကိုက ပြောပါတယ်။
You may also like these stories:
“ရိုက်ကူးရေးတွေ ပြန်စရင် တယောက်ချင်းစီ ပြန်ဂရုစိုက်ရမယ်”
ဝေဖန်မှုများနေတဲ့ မိုးနတ်သား ကာရိုက်တာ အကြောင်း ပြောပြတဲ့ ခါရာ
အမျိုးသမီး ဒါရိုက်တာတယောက်အနေနဲ့ အမြဲကြိုးစားနေတဲ့ ဒါရိုက်တာ မေဘရဏီ