နာမည်ကျော် ကိုရီးယားမင်းသားတွေဖြစ်ကြတဲ့ Lee Dong Wook, Kim Bum, Song Seung Heon, Yoo Yeon Seok နဲ့ Lee Kwang Soo တို့ဟာ အခုလအတွင်းမှာ အထူး တွေ့ဆုံပွဲတခုနဲ့ ပရိသတ်တွေကို နှုတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီမင်းသား ၅ ဦးလုံးရဲ့ အေဂျင်စီဖြစ်တဲ့ King Kong by Starship က ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ TikTok နဲ့ လက်တွဲပြီး အွန်လိုင်းပရိသတ် တွေ့ဆုံပွဲတခုကို ကျင်းပပေးမှာလည်း ဖြစ်ပါတယ်။
သြဂုတ်လ ၃ ရက်နေ့မှာ အေဂျင်စီက “သြဂုတ်လ ၁၄ ရက်၊ ကိုရီးယားစံတော်ချိန် ည ၈ နာရီမှာ မင်းသားတွေဖြစ်ကြတဲ့ Song Seung Heon, Lee Dong Wook, Yoo Yeon Seok, Lee Kwang Soo နဲ့ Kim Bum တို့ဟာ TikTok ကနေ ကမ္ဘာ့ပရိသတ် တွေ့ဆုံပွဲတခုကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီပရိသတ် တွေ့ဆုံပွဲဟာ ပြည်တွင်းနဲ့ ပြည်ပက ပရိသတ်တွေအတွက် ဖြစ်ပါတယ်”
“လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါကာလမှာ ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။ ဒါပေမဲ့ ဒီအခွင့်အလမ်းဟာ ပရိသတ်တွေအတွက် ခွန်အားဖြစ်စေပြီး ပျော်ရွှင်စေလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုထားပါတယ်။
“TikTok Stage with Men and Mission” လို့ နာမည်ပေးထားတဲ့ အဲ့ဒီပရိသတ် တွေ့ဆုံပွဲမှာ အပိုင်း ၂ ပိုင်း ပါဝင်မှာဖြစ်ပြီး အပိုင်းတခုမှာ မင်းသားတွေဟာ သီးခြားမစ်ရှစ်တွေကို ပြည့်မြောက်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေက မင်းသားတွေ လုပ်ဆောင်တဲ့ မစ်ရှင်တွေ အောင်မြင်ဖို့ ဆုတောင်းပေးရမှာ ဖြစ်ပါတယ်။ အထူးတွဲဖက်အစီအစဉ်နဲ့ အံ့သြဖွယ် တင်ဆက်မှုလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
တရားဝင်ပိုစတာမှာတော့ မင်းသား ၅ ဦးလုံးဟာ အဖြူ၊အနက် အနောက်တိုင်း ဝတ်စုံတွေကို ဝတ်ဆင်ထားတာ မြင်တွေ့ရပါတယ်။ Song Seung Heon, Kim Bum နဲ့ Yoo Yeon Seok တို့ဟာ သူတို့ရဲ့ စွဲမက်ဖွယ် အကြည့်ကို ပြသနေသလို Lee Dong Wook နဲ့ Lee Kwang Soo တို့ဟာ သူတို့ရဲ့ နှစ်လိုဖွယ် အပြုံးနဲ့ ကင်မရာကို ကြည့်နေရတာ မြင်တွေ့ရပါတယ်။
“TikTok Stage with Men and Mission” ပရိသတ် တွေ့ဆုံပွဲကို သြဂုတ်လ ၁၄ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ည ၈ နာရီမှာ TikTok ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
Running Man အစီအစဉ်မှ မင်းသား Lee Kwang Soo ပါဝင်တဲ့ “Live” ဇာတ်လမ်းတွဲ
ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေကို စတင်စွဲလမ်းစေခဲ့တဲ့ နာမည်ကျော်မင်းသားများ