Entertainment

တကိုယ်တော်ခွေအတွက် အကြွေးတွေ အများကြီး ရှိနေတဲ့ မေမဒီ

Want create site? Find Free WordPress Themes and plugins.

မွေးနေ့မှာ ပထမဆုံး တကိုယ်တော်အခွေ ထွက်ရှိခဲ့တဲ့ အဆိုတော် မေမဒီကတော့ အခွေအတွက် အကြွေးတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

“ဒီအခွေထွက်ဖို့ကို ၂ နှစ် အချိန်ယူခဲ့ရပါတယ်။ ဒီကြားထဲမှာလည်း Friends ဆိုတဲ့ အခွေလေးလည်းရှိတယ်။ Shwe FM က ထုတ်ပေးတာလည်း ရှိတယ်။ ဒါပေမဲ့ တကိုယ်တော်ဆိုတော့ တခြားဘယ်အရာနဲ့မှတော့ နှိုင်းယှဉ်လို့မရဘူးပေါ့။ အခက်အခဲများစွာ ရှိနေတဲ့ ကြားထဲကနေ အကြွေးတွေလည်း အများကြီး ရှိနေတယ်။ ဒီအခွေအတွက်ပေါ့။ ရှင်းစရာတွေလည်း အများကြီး ကျန်သေးတယ်။ အဲဒါတွေကိုနောက်မှ ရှင်းမယ်ဆိုပြီး မွေးနေ့အမီလေး ထွက်လိုက်တာပါ” လို့ မေမဒီက ပြောပါတယ်။

ကုန်ကျစရိတ် အတိအကျကိုတော့ သေချာမတွက်ကြည့်ရသေးဘဲ အခွေကို တယောက်တည်း လုပ်ရတာကြောင့် အမှားအယွင်းရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးရန် ပြောခဲ့ပါတယ်။

“ကုန်ကျတာတော့ သေချာတော့ မတွက်ကြည့်ရသေးဘူး။ ရာကျော်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကြားထဲမှာ မှားခဲ့တဲ့ အမှားလေးတွေ ရှိတယ်။ အကောင်းဆုံး လုပ်ခဲ့တယ်။ တယောက်တည်း လုပ်ရတာ။ ဆရာသမားတွေက အကြံပေးတာပဲ ရှိတယ်။ ဒါပေမဲ့ ဓာတ်ပုံဒီဇိုင်း ထိုင်တာကအစ အကုန်လုံး ကိုယ့်ဘာသာ လုပ်ရတာဆိုတော့ အရမ်းခေါင်းခဲပါတယ်။ အရမ်းတာဝန်ယူပြီး လုပ်ရတာ ဖြစ်တဲ့အတွက် အမှားအယွင်းများ ရှိခဲ့သည်ရှိသော် ဒီကနေပဲ နားလည်ခွင့်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်” လို့ မေမဒီက ပြောပါတယ်။

အခွေအတွက် စိုးရိမ်စိတ်တွေတော့ ရှိနေပေမယ့် အကျိုးအမြတ်ဆိုတာကို မတွက်ထားဘဲ ပရိသတ်ကိုပေးဆပ်ချင်စိတ်ပဲ ရှိတယ်လို့ ဆိုပါတယ်။

“စိုးရိမ်တာတွေတော့ ရှိတယ်။ ဒါပေမဲ့လို့ ဒီထဲမှာ အကျိုးအမြတ်ဆိုတာကို မတွက်ထားဘူး။ ပရိသတ်ကို ပေးဆပ်ချင်တဲ့စိတ်ပဲ ရှိတယ်။ ဒီအခွေရောင်းရရင် ငါဘယ်လောက် ရရမယ်ဆိုတဲ့စိတ် မရှိပါဘူး။ အဲ့အခါကျတော့ ကိုယ်ထုတ်လိုက်တဲ့ သီချင်းက သူတို့ရင်ထဲ ရောက်ပြီဆိုရင် ကျေနပ်ပါပြီ။ အဲ့အတွက်တော့ သိပ်စိုးရိမ်စိတ်တော့ မရှိပါဘူး” လို့ မေမဒီက ပြောပါတယ်။

ကိုဗစ်ကာလ အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ အခွေ ထုတ်ခဲ့ရတဲ့ အကြောင်းကိုလည်း အခုလို ပြောခဲ့ပါတယ်။

“ကိုဗစ်ကာလမှာ လူတိုင်းကတော့ ပြောတယ်။ နင်က ရူးနေလားလို့ တော်တော်များများကတော့ ပြောကြတယ်။ ၉ လပိုင်း ၁၀ လပိုင်းကျမှပဲ ထုတ်ပါလားဆိုပြီး သူတို့ပေးတဲ့ အကြံကတော့ စေတနာနဲ့ပေးတာပါ။ ကိုယ့်ဘက်ကကျတော့ ကိုယ့်ရဲ့မိသားစုတွေ ရှိတယ်။ အားပေးနေတဲ့ ပရိသတ်တွေ ရှိတယ်။ ၇ ရက်နေ့က ကျနော့်မွေးနေ့ဆိုတော့ မွေးနေ့အမီလေး ထုတ်လိုက်တဲ့သဘောပါ” လို့ မေမဒီက ပြောပါတယ်။

မေမဒီရဲ့ တကိုယ်တော်အခွေကိုတော့ “This is May Ma D” လို့ နာမည်ပေးထားပြီး သီချင်းစုစုပေါင်း ၇ ပုဒ်နဲ့အတူ သြဂုတ်လ ၇ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

ကိုဗစ်ကာလက ယူတတ်ရင် သင်ခန်းစာတွေ ရတယ်လို့ မီးနိုပြော

Did you find apk for android? You can find new Free Android Games and apps.
Loading