Entertainment

“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ရိုက်ကူးမယ့် “ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးရမှာမို့ ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားမှာ သဲပါရမယ့် ကာရိုက်တာက ကိုထွန်းထွန်းက သဲကို ကြိုက်တာ။ မသုနဲ့ကျတော့ ယောင်းမ ပုံစံလေး အပြိုင်ဇာတ်လေးပါ။ ဖေဖေ ကိုယ်တိုင်လည်း ဒီဇာတ်ကားအတွက် တော်တော်လေး ကြိုးစားထားတယ်။ Location တွေကိုလည်း ခဏခဏ သွားကြည့်ဖြစ်တယ်။ ဒီကား မရိုက်ခင် အမှတ်တရလေး ရှိတယ်။ အဲဒါက Photo Shooting နေ့မှာတင် ကလေးတွေနဲ့ ဆော့နေရတာ”

“ဆိုးပေ လုပ်မယ့် ကလေးလေးကလည်း အရမ်းသွက်လွန်းတယ်။ ဖေဖေက ဒီဇာတ်လမ်းတွဲ ရိုက်ဖို့ရှိတယ်ဆိုပြီးတော့ ဇာတ်ရေးနေတဲ့အချိန်မှာ ရိုက်မယ်ဆိုတာပဲ သိတာ။ ကိုယ်ပါမယ်လို့ မသိထားဘူး။ ဖေဖေလည်း တကယ် မသိပါဘူး။ ထွန်းဝီရတို့နဲ့ သီချင်းလုပ်နေတဲ့ အချိန်မှာ အန်တီ ပတ္တမြားကနေပြီးတော့ သဲလေးကိုလည်း ဒီကားထဲမှာ ထည့်ပေးပါလားလို့ဆိုတော့ ဖေဖေက သဲပါရမယ့် ကာရိုက်တာက ဒီနေရာလေးဆို ပိုအဆင်ပြေတယ်လို့ ပြောတယ်”

“ရင်လည်းခုန်တယ်။ ဖေဖေပေးတဲ့ ကာရိုက်တာကိုလည်း သဲ မရိုက်ဖူးဘူး။ ပြီးတော့ ၁၂ လရာသီပွဲတော်တွေကို အခြေခံပြီးရိုက်ထားတာ ဆိုတော့ ကလေးတွေလည်း ပါတဲ့အတွက် ပိုပျော်ဖို့ကောင်း တယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

ဖခင်ဖြစ်သူ ရိုက်ကူးမှာမို့လို့ ကြောက်နေတာမျိုး မရှိဘူးလို့ သဇင်ထူးမြင့်က ဆိုပြီး ခင်လှိုင်ကလည်း သမီးဖြစ်သူကို သင်ပေးတယ်လို့ ဆိုပါတယ်။

“အရင်ကရိုက်ရင် သိပ်သရုပ်မဆောင်တတ်သေးဘူး။ အခုတော့ အလုပ်လုပ်လာတာလည်း နည်းနည်းကြာတော့ ဒီကားမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်တတ်လာတယ်။ ဖေဖေ ပေးထားတဲ့ ကာရိုက်တာကို သဲ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဖေဖေရိုက်ရမှာဆိုရင် ကြောက်နေမယ် အဲ့လိုမျိုး ထင်ထားတာ။ ဖေဖေနဲ့ ကြော်ငြာ ဆုံတော့ ကြောက်တာ မရှိတော့ဘူး အဆင်ပြေတယ်။ နောက်ထပ် သီချင်းမှာလည်း ဖေဖေ ဒါရိုက်တာပဲ ဆိုတော့ ကြောက်တာ မရှိဘူး”

“၄၊ ၅ ခုလောက် ရိုက်ဖူးတော့ အဆင်ပြေနေပြီ။ ဖေဖေက သဲကို သင်ပြပေးတယ်။ စကားပြောတာ မပီတာတွေလည်း ပြောပြပေးတယ်။ ဖေဖေက ချစ်ဖို့ကောင်းတဲ့ ပုံစံပဲ လုပ်ပြလို့ မရဘူး။ စုံအောင် လုပ်ပြရမယ်လို့ သင်ပြပေးတယ်။ အရင်ကဆို လုပ်ရဲပါ့မလားဆိုတဲ့စိတ် ရှိတယ်။ နောက်ပိုင်းတော့ လုပ်ကြည့်မယ်ဆိုတဲ့စိတ် ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး ဘယ်နေရာလေး လိုတယ် ဆိုတာလေးတွေလည်း သိလာတယ်”လို့ သဇင်ထူးမြင့်က ပြောပါတယ်။

“ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံနဲ့ အခြား သရုပ်ဆောင်များ၊ ကလေးသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading