Entertainment

Facebook ပေါ်က ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းတဲ့ လမင်းကဗျာ

Want create site? Find Free WordPress Themes and plugins.

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သရုပ်ဆောင် လမင်းကဗျာက မင်းသမီးတွေကို ငွေကျပ် ၁၅ သိန်းကနေ သိန်း ၅၀၀ အထိ ပေးနိုင်တဲ့ စပွန်ဆာကြီးတွေနဲ့ ချိတ်ဆက်ပေးတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေအပေါ် အခုလို ပြန်ဖြေရှင်းလိုက်ပါတယ်။

“လမင်းကို နည်းမျိုးစုံနဲ့ နာမည် ဖျက်ထားတယ်။ သူပို့စ် တင်တော့ မိတ်တွေတွေက လာပြပေမယ့် ငါမှမဟုတ်ဘဲ ဆိုပြီး နေလိုက်တယ်။ တဖြည်းဖြည်းနဲ့ သတင်းက ပွပွလာတယ်။ ကိုယ်မဟုတ်မှ မဟုတ်ဘဲ ဆိုပြီးနေတာ ကြာလာတော့ မရှင်းလို့မရတော့ဘူး။ ဆိုပြီး ရှင်းရတာ။ ၀၉၅၁– ဖုန်းကို လမင်း ဟိုးအရင်ကတည်းက ကိုင်တာပါ။ Facebook မှာလည်း တင်ထားတယ်”

“လမင်းက Online Shopping လည်းလုပ်တော့ အကုန်လုံးသိတယ်။ အဲဒါကို လမင်း ဖုန်းနံပါတ်နဲ့ လမင်းပုံကို Viber မှာ ရိုက်ပြီး ဘယ်သူက တင်ထားတာလည်းတော့ မသိဘူး။ ဒါက လမင်းဖုန်းပဲ ဆိုပြီးတော့ အကုန်လုံးက ဝိုင်းဆက်ကြတာ။ မရပ်မနားတွေ ဆက်ကြတာဆိုတော့ လမင်းလည်း ဘာမှန်းမသိလို့ စက်ပိတ်ထားလိုက်တယ်။ အဲဒီအခါကျတော့မှ တကယ်ဟုတ်လို့ စက်ပိတ်တယ်လို့ ပြောကြတယ်”

“ဒါ လုပ်ကြံတာပါ။ လမင်းကို အပြီးရိုက်ချိုးတာ။ လမင်းလုပ်တာ ဟုတ်တယ်ဆိုရင် အဲဒီ ၁၅ သိန်းကနေ သိန်း ၅၀၀ အထိ List တွေ ရှိထားတယ်။ ဒါကို ချပြလိုက်မယ် ဆိုတော့ ချပြလိုက်ပါ။ တကယ်မရှိလို့ သူလည်း ချမပြဘူးလေ”လို့ လမင်းကဗျာက ပြောပါတယ်။

အခုလို မဟုတ်မမှန် အကြောင်းအရာများကို ဥပဒေအရ ဆက်လုပ်သွားမလားဆိုတာ စောင့်ကြည့်ပေးပါလို့ လမင်းကဗျာက ဆိုပါတယ်။

“ဥပဒေအရ ဆက်လုပ်သွားမလား ဆိုတာတော့ စောင့်ကြည့်ပေးကြပါ။ ပြောနေတဲ့ အကောင့်တုတွေ အစစ်တွေနဲ့ လာဆဲနေကြတဲ့သူတွေထဲက ကြည့်မရတဲ့သူတွေကိုလည်း လုပ်ပြမယ် စောင့်ကြည့်ပေးပါ။ လမင်းကဗျာအကြောင်းကို တင်မယ်ဆိုရင် သေချာ တိတိကျကျ ပုံတွေနဲ့ တင်ပါလို့။ သူများချွန်တဲ့ စာတွေနဲ့တော့ မတင်ပါနဲ့။ ကိုယ်လည်း အသိုင်းအဝိုင်းနဲ့နေတော့ သိက္ခာကျတယ်။ တကယ်ဆိုရင်တော့ ချပြပါ”လို့ လမင်းကဗျာက ပြောပါတယ်။

ဆက်လက်ပြီး လမင်းကဗျာ အိမ်ထောင်ကျဖူးတယ်လို့ဆိုတဲ့ သတင်းအပေါ် ကိုလည်း အခုလိုပဲ ပြန် ဖြေရှင်းခဲ့ပါတယ်။

“အိမ်ထောင်ကျဖူးတယ် ဆိုပြီးတော့ တင်ထားတဲ့ ပုံကလည်း လွန်ခဲ့တဲ့ ၆ နှစ်လောက်က တွဲတဲ့ ချစ်သူနဲ့ ပုံပါ။ အဲဒီဓာတ်ပုံက ပြင်ဦးလွင် တန်ဆောင်တိုင် တခုကို သီချင်းဆိုဖို့သွားရင်းက ရိုက်ဖြစ်တာပါ။ အဲဒီက ကိုငယ်ဆိုတဲ့ သတို့သမီး၊ သတို့သား ဓာတ်ပုံတွေ ရိုက်တဲ့ ဓာတ်ပုံဆိုင်ကနေပြီးတော့ လမင်းကို အကူအညီတောင်းပြီး ရိုက်ပေးပါလို့ ပြောလာလို့ အမှတ်တရဖြစ်အောင် ရိုက်လိုက်တာပါ”

“လမင်းကဗျာ စုံတွဲပုံတွေ ရိုက်တိုင်းသာ ယောကျာ်း ရကြေးဆို အများကြီး ဖြစ်နေမှာပေါ့။ သူ အဲဒီလို လုပ်လိုက်တော့လည်း ကိုယ်က Top ဖြစ်သွားတာပေါ့လေ။ ပရိသတ်တွေကလည်း ဦးနှောက်ရှိတဲ့သူတွေ များတယ်။ ဟုတ်လား၊ မဟုတ်လား သိနိုင်ကြတယ်”လို့ လမင်းကဗျာက ပြောပါတယ်။

လမင်းကဗျာကတော့ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ်တခုကို ကျော်လွန်လာပါပြီ။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေမှာ သိပ်မတွေ့ရတော့ဘဲ စားသောက်ဆိုင်နဲ့ ဘားကိုလည်း တွဲဖွင့်ပြီး လုပ်ကိုင်နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading