• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၁ ဘာသာကျတာနဲ့ အတန်းကျတဲ့စနစ်ကို ပြောင်းစေချင်တဲ့ ဇဏ်ခီ

by ယုဖြူဟန်
10 August 2020
in Entertainment
A A
သရုပ်ဆောင် ဇဏ်ခီ / Zenn Kyi's Facebook

သရုပ်ဆောင် ဇဏ်ခီ / Zenn Kyi's Facebook

24.9k
VIEWS
Share on FacebookShare on Twitter

လတ်တလောမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများ ထွက်ရှိထားတာနဲ့ ပတ်သက်ပြီး ဇဏ်ခီက တွေးမိတဲ့အရာတခုကို ပြန်လည် ဝေမျှခဲ့ပါတယ်။

“တခုတော့ ကျနော် အမြဲတွေးမိတယ်။ ၁ ဘာသာကျတာနဲ့ အတန်းကျတဲ့စနစ် အမြန်ဆုံး ပြောင်းသွားစေချင်တယ်။ တခြားဘာသာတွေ ဘယ်လိုပဲအောင်အောင် တစ်ဘာသာ ကျတာနဲ့ အတန်းကျတော့ ကျတဲ့ ကျောင်းသားဟာ ဖြေရှင်းချက်မရှိ အော်တို လုံးလုံး အသုံးမကျတဲ့အဖြစ်ကို ရောက်ရပါတယ်”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10.6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
573
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
247

“မိသားစုတွေအတွင်းမှာလည်း အရှက်ကွဲသလို မိတ်ဆွေအသိုင်းအဝိုင်းတွေကြားရော ရပ်ကွက်ထဲမှာရော အရှက်ရကြရပါတယ်။ ကျောင်းပြန်တက်တော့လည်း အတန်းငယ်တွေနဲ့ အတူတူ တက်ရတော့ ရှက်ရပြန်တယ်။ တချို့သော မိဘတွေလည်း ရှက်တဲ့ဒဏ်ကို မခံနိုင်တော့ ရိုက်ကြနှက်ကြ လုပ်ကြပါတယ်။ ရှက်အောင် တမင်များ လုပ်ထားတဲ့ စနစ်များလားလို့တောင် တွေးမိတယ်” လို့ ဇဏ်ခီက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်တဲ့နေ့ဟာ ကျောင်းသားတယောက်အတွက် ပညာတတ်မြောက်ရေးထက် တိုင်းနဲ့ပြည်နယ် မိသာစုအသိုင်းအဝိုင်းများရဲ့ မဟာပြိုင်ပွဲကြီး ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အောင်စာရင်း ထွက်တဲ့နေ့ဟာ ကျောင်းသားတယောက်ရဲ့ပညာတက်မြောက်ရေးအတွက်ထက် တိုင်းနဲ့ပြည်နယ် မိသားစုအသိုင်းအဝိုင်းတွေရဲ့ မဟာပြိုင်ပွဲကြီး ဖြစ်နေတယ်။ အောင်စာရင်းတွေကို Public ချပြထားတော့ အောင်စာရင်း ကြည့်ရတဲ့နေ့လောက် Stress များတဲ့နေ့ မရှိဘူး။ ကျောင်းသားအတွက်ရော မိဘအတွက်ရော။ တော်တော်များများ ကျောင်းသားတွေကတော့ “အောင်ပါ့မလား” “ငါ့နာမည်မှပါပါ့မလား” ဆိုတဲ့ စိတ်ဖိစီးမှုကြီးနဲ့ အောင်စာရင်းကို သွားကြည့်ကြရတယ်” လို့ ဇဏ်ခီက ဆိုထားပါတယ်။

ဆက်လက်ပြီး “မအောင်လောက်ဘူးလို့ သိထားတဲ့သူတွေကျပြန်တော့လည်း တချို့က မိန်းမခိုးပြေးတဲ့သူပြေး၊ တချို့လည်း မိဘစိတ်ဆိုးတာကို ရင်မဆိုင်ရဲတော့ အကြောက်လွန်ပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်ကြတာမျိုးတွေအထိ ဖြစ်ကုန်တာတွေတောင် ရှိပါတယ်”

“စာတော်ကြီးတွေ ကျပြန်တော့လည်း သူတို့ Stress က နောက်တမျိုး၊ D ဘယ်နှစ်လုံး ထွက်မှာလဲကို ပူကြတယ်။ သူတို့တွေရဲ့ မိဘတွေကျတော့လည်း D ၃ လုံး ထွက်ရင် ၄ လုံး လိုချင်ကြတယ်။ ၄ လုံးထွက်ရင် ၅ လုံး၊ ၅ လုံးထွက်ရင် All D လိုချင်ကြတယ်” လို့ ပြောပါတယ်။

ကိုယ်တိုင်ရဲ့ ပညာရေး အတွေ့အကြုံများကိုလည်း အခုလို ဝေမျှခဲ့ပါတယ်။

“ကျနော် (၈) တန်းအောင်ပြီးနောက် US မှာ ကျောင်းဆက်တက်ခွင့်ရတယ်။ ဟိုဘက်က ပညာရေးစနစ်ကကျတော့ ၁ ဘာသာကျတာနဲ့ တခြားဘာသာတွေပါ မကျဘူး (ဒီက International ကျောင်းတွေလည်း ဒီလိုပဲလားတော့ မသိဘူး)။ အောင်တဲ့ ဘာသာတွေက နောက်တဆင့် ထက်တက်သွားတယ်။ ကျတဲ့ဘာသာကိုပဲ ပြန်ယူရပါတယ်။ ကျတာကိုလည်း လူသိရှင်ကြားကြီး ဖြစ်စရာ မလိုဘူး”

“တကယ်လို့ ပြန်ယူနေရတဲ့ဘာသာမှာ မလိုက်နိုင်သေးဘူးဖြစ်နေရင် ကျောင်းကနေ tuition (ကျနော်တို့ဒီမှာ ကျူရှင်လို့ ခေါ်တာကို) စီစဉ်ပေးပါတယ်။ တကယ် လိုအပ်မှသာ ကျူရှင်တက်ရပါတယ်။ လိုက်နိုင်တဲ့ ဘာသာတွေထဲမှာမှ မြန်မြန်ပြီးသွားလို့ အထက်တန်းကျောင်းအဆင့်အနေနဲ့ ယူဖို့ မရှိတော့ဘူးဆိုရင် တက္ကသိုလ်အဆင့် ဘာသာရပ်တွေကိုတောင် ကြိုယူလို့ရပါတယ်။ ရရင်ရသလောက် ပေးသွားတဲ့သဘောပါ” လို့ ဇဏ်ခီက ပြောပါတယ်။

၁ ဘာသာကျတာနဲ့ အတန်းကျတဲ့စနစ်ဟာ ကလေးများအပေါ်မှာ ဖိအားများတယ်လို့မြင်မိတာကြောင့် အမြန်ဆုံးပြင်စေချင်မိတယ်လို့ ဆိုပါတယ်။

“လောလောဆယ် ကျနော်တို့ဆီမှာ ကျောင်းသား တယောက်ချင်းစီကို အဲလိုလုပ်ပေးနိုင်တဲ့ စနစ်ဖြစ်ဖို့တော့ တော်တော်လေး မလွယ်သေးဘူးဆိုပေမယ့် ၁ ဘာသာလေး ကျတာနဲ့ အတန်းကျတဲ့ စနစ်ကတော့ ကလေးတွေအပေါ်မှာ တော်တော် ဖိအားများတယ်လို့ မြင်ပါတယ်။ အမြန်ဆုံးလည်း ပြင်စေချင်မိတယ်” လို့ ဇဏ်ခီက ပြောပါတယ်။

၂၀၁၉ – ၂၀၂၀ ခုနှစ် ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ရလဒ်များကိုတော့ သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

“စာမေးပွဲအောင်တဲ့သူတွေအားလုံး Congratulations ပါ။ D ထွက်တဲ့သူတွေကိုလည်း I’m proud of you ပါ။ D မပါတဲ့သူတွေလည်း It’s okay ပါ။ ကျတဲ့သူတွေလည်း နောက်နှစ်ရှိပါတယ်လို့ ပြောချင်ပါတယ်။ စိတ်ဓာတ် မကျပါနဲ့” လို့ ဇဏ်ခီက ပြောထားပါတယ်။

You may also like these stories:

“အနုပညာလောကမှာ ဘယ်သူမှ နှိုင်းယှဉ်ခံရတာကို မကြိုက်ကြဘူး”လို့ ဇဏ်ခီပြော

 

Your Thoughts …
Tags: ဇဏ်ခီတက္ကသိုလ်ဝင်တန်းအောင်စာရင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ကျောင်းသား ၆သောင်းကျော် စာမေးပွဲ ပြန်ဖြေရမည်

ကျောင်းသား ၆သောင်းကျော် စာမေးပွဲ ပြန်ဖြေရမည်

by ဧရာဝတီ
22 April 2025
2.2k

ငလျင်ကြောင့် ပျက်စီးသွားသော စာစစ်ဌာနများအစား အခြားစာစစ်ဌာနများ၌ အစားထိုးဖြေဆိုရမည် ဖြစ်ကာ မန္တလေးတွင် စာစစ်ဌာန ၉ ခု၊ မြစ်သားတွင် ၉ ခု၊ နေပြည်တော်တွင် ၁၀ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေသည့် ကျောင်းသားအရေအတွက် ယခုနှစ်တွင် ၂၀၁၉ ခုနှစ်က အရေအတွက်ထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်

တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သိသိသာသာကျဆင်းမှု စိုးရိမ်စရာဖြစ်

by ဧရာဝတီ
5 April 2023
7k

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေသည့် ကျောင်းသားအရေအတွက် ယခုနှစ်တွင် ၂၀၁၉ ခုနှစ်က အရေအတွက်ထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ  / Zenn Kyi's Facebook

ဇနီးဖြစ်သူကို သီချင်းတပုဒ် မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ ဇဏ်ခီ

by ယုဖြူဟန်
20 October 2020
44.5k

“ခရစ္စကို Surprise တိုက်ဖို့အတွက် ပြင်ဆင်ထားတယ်။ ကိုဗစ်ကာလဆိုတော့ ဘယ်မှလည်း သွားမရ၊ ဘာမှလည်း လုပ်မရဘူးဆိုတော့ တခုခုအိမ်မှာပဲ စီစဉ်လိုက်တယ်။

"Now And Ever" ရုပ်ရှင် Fan Meeting (ဓာတ်ပုံ - နေပိုင်/ဧရာဝတီ)

“Now And Ever” ရုပ်ရှင်ကနေ သိန်းပေါင်း ၁၁၀၀ ကျော် ဝင်ငွေခွန် ဆောင်မည်

by ချစ်ပိုး
3 December 2019
11.2k

"ဒီလုပ်ငန်းတခုကို ပြောပြချင်တာ အနုပညာလုပ်ငန်းဆိုတာ အခွန်ဘဏ္ဍာမှာ ဘယ်လောက် အကျိုးရှိလဲဆိုတာ သိစေချင်တယ်။ စင်ကာပူက ပရိသတ်တွေဆိုလည်း အရမ်းဝန်းရံခဲ့တယ်။

သရုပ်ဆောင် ဇဏ်ခီ / Zenn Kyi's Facebook

“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”

by ယုဖြူဟန်
15 December 2020
2.2k

“နောက်တချက်က ဆင်ဆာအဖွဲ့အနေနဲ့ ရုပ်ရှင်အနုပညာကိုဘယ်လောက်ထိ နားလည်သလဲ။ ခံစားတတ်သလဲ။ ကမ္ဘာ့ရုပ်ရှင် ဘယ်အဆင့်ရောက်နေပြီဆိုတာ ဘယ်လောက်သိသလဲ။

Messi နဲ့ ဇဏ်ခီတို့အတူ တွဲရိုက်ထားတဲ့ Ooredoo ကြော်ငြာ

ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့အတူ Ooredoo ကြော်ငြာ ရိုက်ခဲ့တဲ့ မင်းသား ဇဏ်ခီ

by သီဟတိုး
15 June 2018
18.4k

အဆိုပါ ထူးခြားတဲ့ အစီအစဉ်မှ တဆင့် သီးသန့် တီဗီကြော်ငြာများမှာ အူရီဒူးရဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် ပရိသတ်နဲ့ ကိုက်ညီတဲ့ အစီအစဉ်များစွာကို တင်ဆက်သွားမယ်လို့ သိရပါတယ်။

Next Post
မဲဆန္ဒနယ် ခွဲဝေယှဉ်ပြိုင်မည့် ကယားပါတီများဖြစ်သည့် KySDP နှင့် KNP

လာမည့်ရွေးကောက်ပွဲ မဲမပြန့်စေရေး ကယားနှစ်ပါတီ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်

“တနိုင်ငံလုံးမှာ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်”လို့ ကြံ့ခိုင်ရေးပါတီ ပြော (ရုပ်/သံ)

"တနိုင်ငံလုံးမှာ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်"လို့ ကြံ့ခိုင်ရေးပါတီ ပြော (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate