Entertainment

“ဆရာကြီး ဇဝနရဲ့ ဝတ္ထုဖြစ်တဲ့အတွက် ဆိုးပေက တာဝန်ကြီးတယ်”

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာကြီး ဇဝန ရေးသားထားတဲ့ “ဆိုးပေ” ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ပုံဖော်သွားမယ့် သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်က ဆရာကြီး ဇဝနရဲ့ ဝတ္ထုဖြစ်တဲ့အတွက် တော်တော်လေး တာဝန်ကြီးတယ်လို့ ဆိုပါတယ်။

“ပတ္တမြားကေခိုင်က စပြီး ဇာတ်တခု ရှိတယ်။ ဆရာကြီး ဇဝနရဲ့ ဆိုးပေလို့ ပြောတော့ ကျနော်လည်း အရင်ကတည်းက ကြိုက်ခဲ့တာ။ ရိုက်ရတော့မယ်ဆိုတော့ သေချာ ပြန်ဖတ်ရတာပေါ့။ ဖတ်ပြီးတော့ ကျနော့် ပုံစံနဲ့ကျနော် ရိုက်ချင်ပါတယ်ဆိုပြီး ဇာတ်ညွှန်း ဆဲဗင်းဒေးနဲ့ တိုင်ပင်တယ်”

“ကလေး သရုပ်ဆောင်တွေလည်း သေချာလေး ရွေးချယ်ပြီး လုပ်တယ်။ ကလေးတွေနဲ့ ရိုက်ရမှာတော့ နည်းနည်းတော့ ခက်မယ်။ ဒါပေမဲ့ ကလေးတွေက Talent ရှိပြီးသားပါ။ ကလေးတွေကလည်း လုပ်ချင်တယ်လို့ စိတ်အားထက်သန်ကြပါတယ်”

“လူကြီးတယောက်ကို သင်ရတာနဲ့ ကလေး တယောက်ကို သင်ရတာ မတူဘူးလေ။ ကလေးတွေကို သင်ရမှာတော့ ပိုပင်ပန်းတာပေါ့။ သူတို့လေးတွေအတွက်လည်း အန္တရာယ်များတာတွေ ပါမယ်။ သူတို့လည်း ပြင်ဆင်ခိုင်းထားတယ်။ မြန်မာ့ရိုးရာ ဓလေ့လေးတွေ ထည့်ထားတယ်။ ကိုယ်မသိတာတွေ ရှိရင် YouTube ကနေ ရှာတယ်။ ဆရာကြီး ဇဝနရဲ့ ဝတ္ထုဖြစ်တဲ့အတွက် တော်တော်လေးလည်း တာဝန်ကြီးပါတယ်”လို့ ခင်လှိုင်က ပြောပါတယ်။

ဟာသချည်းပဲ မဟုတ်ဘဲ ဒရာမာလည်း ထည့်ထားတယ်ဆိုတဲ့ ခင်လှိုင်က အပိုင်းတိုင်းမှာ Message ပေးသွားမယ်လို့ ဆိုပါတယ်။

“ဟာသပဲ မဟုတ်ဘဲ ဒရာမာလေးလည်း ထည့်ထားတယ်။ အပိုင်းတိုင်းမှာ Message ပေးတယ်။ ကလေးတွေရော လူကြီးရော ကြည့်လို့ရအောင် အောက်လုံးတွေတော့ ရှောင်ထားတယ်။ အခုက အရှိန်လည်း အသားကုန်တင်နေရတဲ့အချိန်၊ ပြီးတော့ ဇာတ်လမ်းတွဲကလည်း တခါမှ မရိုက်ဖူးဘူး။ ဒါပေမဲ့ ဇာတ်လမ်းတွဲ တပိုင်းစီ၊ တပိုင်းစီက ချိတ်ထားတာ မဟုတ်ဘူး။ ဒီဇာတ်လမ်းတွဲထဲမှာ ကျီးမနိုးပွဲနဲ့ ပတ်သက်တာလေးတွေ ထည့်ထားတယ်”

“ဆရာကြီး စာအုပ်ထဲမှာ မပါပေမယ့် ကျီးမနိုးပွဲ ဘာကြောင့်ဖြစ်လာရတယ် ဆိုတာကို သိတဲ့သူ နည်းတဲ့အတွက် ဒီ အကြောင်းလေးကို ထည့်သွားမယ်။ ဆရာကြီး ဇဝနရဲ့ ဝတ္ထုတွေထဲမှာ တချို့ဟာလေးတွေက ပြန်ရိုက်ဖို့ ခက်တယ်။ ဒါကြောင့် တိရစ္ဆာန်ပါတဲ့ဟာလေးတွေဆို ဦးခင်လှိုင် ဖြုတ်တယ်။ ဆရာကြီးရဲ့ မိသားစုကိုလည်း ကြိုပြီးတော့ တောင်းပန်ထားပါတယ်။ စာဖတ် ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီဘက်ခေတ်ပုံစံ နယ်မြို့လေးတွေအဖြစ် ပြောင်းထားတယ်”လို့ ခင်လှိုင်က ပြောပါတယ်။

“ဆိုးပေ” ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံနဲ့ အခြား သရုပ်ဆောင်များ၊ ကလေးသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။

You may also like these stories:

အလှမယ် မိုးစက်ဝိုင် ပါ ၂ ဦးကို အသရေဖျက်မှုဖြင့် ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်ထား

“အရင်က မူးလာနဲ့ အခု မူးလာ အများကြီး ကွာသွားပြီ”

“နိုင်ငံရေး အမြင်မတူတာကို အပြစ်ပြောလို့ မရပါဘူး”လို့ သည်ခေတ်နေ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading