• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သားလေး မင်းရွှေရောင်တင် အကြောင်း ပြောပြတဲ့ တင်မောင်ဆန်းမင်းဝင်း

by ချစ်ပိုး
12 August 2020
in Entertainment
A A
ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းတို့ သားအဖ  /  ချစ်ပိုး / ဧရာဝတီ

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းတို့ သားအဖ / ချစ်ပိုး / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

သားလေး မင်းရွှေရောင်တင်ရဲ့ ဖခင်ဖြစ်သူ ဇာတ်မင်းသား တင်မောင်ဆန်မင်းဝင်းက အခုလို ကိုဗစ်ကာလမှာ ကျောင်းတွေ မဖွင့်သေးခင် အွန်လိုင်းကနေ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး မိဘတဦးအနေနဲ့ အမြင်ကို အခုလိုပဲ ပြောပါတယ်။

“အခုက ကိုဗစ်ကာလလည်း ဖြစ်နေတော့ ကျောင်းတွေ မဖွင့်သေးတော့ အွန်လိုင်း စနစ်နဲ့ သွားနေတယ်။ အဲ့လို သွားတာ မကောင်းဘူးလား ဆိုတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ သင်တာလောက် မထိရောက်ဘူး။ ကင်မရာ ပိတ်ထားတာတွေ ရှိတယ်။ ဆရာမကလည်း အများနဲ့ ပြောနေရတာလေ။ ကျောင်းတွေမှာတောင် ဆူနေရတာ။ အွန်လိုင်းကနေတော့ ပိုဆိုးတာပေါ့”

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.8k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
876
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
616

“ဒီစနစ်က မကောင်းဘူး မဟုတ်ဘူး။ ကောင်းတယ်။ နောက်ပိုင်း ကျောင်းတွေ ဖွင့်စေချင်တယ်။ ကျောင်းတွေ ဖွင့်မှ အဆင်ပြေမှာ။ ဖွင့်ရင်လည်း ကျန်းမာရေးအရ ညီအောင်လုပ်ပြီး ထိန်းထိန်းသိမ်းသိမ်းလေး ဖွင့်စေချင်တယ်။ သားက အနုပညာတွေ လုပ်နေတာတော့ ဂုဏ်ယူပါတယ်။ ဂုဏ်ယူတယ်ဆိုပေမယ့်လည်း ပညာရေးကို မထိခိုက်စေချင်ဘူး”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ဆက်လက်ပြီး သားလေးကို ချစ်ကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပြီး သားလေး အနုပညာကို စိတ်ဝင်စားတယ်ဆိုရင်လည်း ပံ့ပိုးပေးဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။

“သားလေးကို ချစ်တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပညာရေးကြောင့် အနုပညာတွေ မလုပ်ဖြစ်ရင်လည်း ခွင့်လွှတ်ပါ။ ကလေးမိဘဆိုတော့ ကလေးကို ဘွဲ့လေးတော့ ရစေချင်တယ်။ ရသွားလို့ အနုပညာ စိတ်ဝင်စားရင်လည်း လုပ်ပေးဖို့ အဆင်သင့်ပါပဲ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

သားလေး မင်းရွှေရောင်တင်ကတော့ မကြာခင် ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်)ရိုက်ကူးမယ့် “ဆိုးပေ” ဇာတ်လမ်းတွဲမှာ ဆိုးပေနေရာကနေ ပါဝင်မှာဖြစ်ပြီး ပါဝင်ဖြစ်ပုံကိုလည်း အခုလို ပြောပါတယ်။

“ဒီဇာတ်ကားအတွက် မပတ္တမြားကေခိုင်က လာပြောတော့ အမှန်အတိုင်းပြောရရင် မရိုက်စေချင်ဘူး။ ကျောင်းစာ ပျက်မှာလည်း စိုးတယ်။ အရင်တုန်းကဆိုရင် သူက ဇာတ်ကနေရတာဆိုတော့ အတန်းတွေလည်း ပျက်ထားရတယ်။ အခုလည်း ၁ လလောက် ရိုက်မှာဆိုတော့ ထပ်ပျက်ရမယ့် သဘော။ ဒါပေမဲ့လည်း ဆိုးပေ ကာရိုက်တာက သူနဲ့ အံဝင်ခွင်ကျ ဖြစ်နေတော့ ဒါဆိုလည်းရိုက်လိုက်တော့ ဆိုပြီးတော့ ခွင့်ပြုလိုက်တာပါ”

“သူကတော့ အနုပညာ အရည်အချင်း မပြည့်ဝသေးဘူး။ အခုမှ ၂ ကားမြောက်ဆိုတော့ သိပ်တော့ စိတ်မချသေးဘူး။ ဇာတ်စင်ပေါ်ပိုင်းကတော့ ပိုင်တယ်။ ပြီးတော့ ကျနော့်ကို ချစ်ကြလို့ သူ့ကို ချစ်ကြတာ မဟုတ်ဘူး။ သူ့ကို ချစ်ကြလို့ ကျနော့်ကို အားပေးကြသလို ဖြစ်နေပြီ။ အခုတော့ ဆိုးပေ ကာရိုက်တာအတွက်က သူ့မှာ နည်းနည်းလေး လိုအပ်နေတာ ဆိုတော့ ကိုခင်လှိုင် သင်သွားပါလိမ့်မယ်။ သူ့ဆရာတွေ ကိုထွန်းထွန်းတို့၊ ကိုခင်လှိုင်တို့ သင်သွားပါလိမ့်မယ်”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းကတော့ “သစ္စာမေတ္တာ ရွှေမန်းသဘင်” အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့မြေး၊ မင်းသား ဆန်းဝင်းရဲ့သား ဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းမှာတော့ မင်းရွှေရောင်တင်ဆိုတဲ့ သားလေးတဦး ရှိပြီး ပျော်ရွှင်စရာမိသားစုကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

“ဆရာကြီး ဇဝနရဲ့ ဝတ္ထုဖြစ်တဲ့အတွက် ဆိုးပေက တာဝန်ကြီးတယ်”

“နိုင်ငံရေး အမြင်မတူတာကို အပြစ်ပြောလို့ မရပါဘူး”လို့ သည်ခေတ်နေ ပြော

“ဆိုးပေ” ဇာတ်လမ်းတွဲမှာ မယ်မြ နေရာက ပါဝင်မယ့် ပိုင်ဖြိုးသု

Your Thoughts …
Tags: တင်မောင်ဆန်းမင်းဝင်းမင်းရွှေရောင်တင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း  / ဧရာဝတီ

ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုပ်တွေကို အော်ပရာအဖြစ် ပြန်ဖျော်ဖြေမယ့် တင်မောင်ဆန်းမင်းဝင်း

by ဒီလှိုင်းဝင်း
17 July 2019
9k

ဒီနှစ်မှာ အဘိုးအောင်မြင်ခဲ့တဲ့ 'ထွက်ရပ်လမ်း'၊ 'ဂီတရူး' အပါအဝင် အခြားဟာတွေကိုလည်း အော်ပရာ ကောက်နှုတ်ချက်အဖြစ် တင်ဆက်သွားဖို့ ရှိပါတယ်"လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း  / ချစ်ပိုး / ဧရာဝတီ

ကိုဗစ်ကာလမှာ ကပြ ဖျော်ဖြေနေတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ မိုးရာသီသဘင်ပွဲ

by ချစ်ပိုး
9 August 2020
6.4k

“ကိုဗစ်ကာလမှာ စားထားတော့ ဝိတ်ကျအောင်လည်း မနည်းကြိုးစားထားရပါတယ်။ ပြန်ကရချိန်မှာ ကရတာ နည်းနည်း ခက်သွားတယ်။ ကြိုးစားပြီးတော့ ကပြထားပါတယ်။

တင်မောင်ဆန်းမင်းဝင်း၊ မင်းရွှေရောင်တင် တို့ မိသားစု /  ချစ်ပိုး / ဧရာဝတီ

တင်မောင်ဆန်းမင်းဝင်းတို့ သားအဖ ဖျော်ဖြေမယ့် မိုးရာသီအထူးပွဲ လာတော့မည်

by ချစ်ပိုး
6 July 2018
10.6k

ကပြဖျော်ဖြေမယ့် တင်မောင်ဆန်းမင်းဝင်းရဲ့ အထူးပွဲမှာ သားဖြစ်သူ မင်းရွှေရောင်တင်ကလည်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အသက်ငယ်ငယ်နဲ့ ဇာတ်ကနေတဲ့ မင်းသားငယ်လေးဖြစ်ပါတယ်။

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း / ဧရာဝတီ

“CDM မှာ မပါဝင်ကြရင် ကျနော်တို့ လုပ်နေတာ အလကားပဲ”

by ချစ်ပိုး
22 February 2021
7.6k

“ငြိမ်းချမ်းစွာ ဆန္ဒပြနေပေမယ့် ပစ်မိန့်တွေ ပေးတာကိုတော့ မကောင်းဘူး။ ဘယ်နိုင်ငံမှာမှ ပစ်သတ်မှာ မဟုတ်ဘူး။ ပစ်သတ်စရာ အကြောင်းလည်း မရှိပါဘူး။

Next Post
ဒါနန်းမြို့မှာ မီးရထား၊ လေယာဉ်အပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အားလုံးကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

ဒါနန်းမြို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အားလုံး ယာယီရပ်ဆိုင်း

နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ ဦးဆောင်သူ ၂ ဦး ဖမ်းဆီးခံရ (ရုပ်/သံ)

နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ ဦးဆောင်သူ ၂ ဦး ဖမ်းဆီးခံရ (ရုပ်/သံ)

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate