BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ
နာမည်ကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့ “Blood, Sweat, and Tears” သီချင်း ကကွက်တွေအတိုင်း ကခုန်မိခဲ့တဲ့ မြောက်ကိုရီးယား လူငယ်စစ်သား ၃ ဦးဟာ အပြစ်ပေးခံရမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
အသက် ၂၀ ကျော်အရွယ် အဲ့ဒီစစ်သားတွေဟာ တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ်မှာရှိတဲ့ ဘဲ့ဒူတောင်ပေါ်မှာ လေ့လာရေးခရီး သွားနေစဉ်အတွင်းမှာ အဖမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီစစ်သားတွေဟာ တောင်ကိုရီးယားရဲ့ အရိပ်အငွေ့ လွှမ်းမိုးခံနေရတယ်လို့ အာဏာပိုင်တွေက ယုံကြည်တာကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်ရပ်ဟာ သြဂုတ်လ ၅ ရက်နေ့ တောင်ပိုင်း Hamgyong ပြည်နယ်က Sokhu ဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစစ်သားတွေဟာ ပြုံးယမ်းမြို့ကနေ ဟေဆန်မြို့ဆီ ရထားနဲ့ ခရီးသွားနေခဲ့တာ ဖြစ်ပါတယ်။ လေတပ်တပ်ခွဲက အဲ့ဒီအမျိုးသား ၃ ဦး ဟာ ဓာတ်အား ပြတ်တောက်မှုကြောင့် ရထားရပ်နားနေရချိန်အတွင်း ဖျော်ဖြေရေးပွဲတပွဲမှာ စတင် ကခုန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အထွေထွေနိုင်ငံရေး ဗျူရိုနဲ့ လုံခြုံရေးဗျူရိုတို့ရဲ့ အကြီးတန်းအရာရှိတွေနဲ့ စစ်သားတွေက ကြည့်ရှုနေကြတဲ့အချိန်မှာ အဲ့ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ အဖွဲ့တွေက အဲ့ဒီစစ်သားတွေ ကခုန်နေခဲ့တာကို သတိထားမိခဲ့ပြီး လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်သား ၃ ဦးကို လုံခြုံရေးအစောင့်တွေက ဆွဲခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။
Daily NK မီဒီယာရဲ့ အဆိုအရ အဲ့ဒီ စစ်သားတွေဟာ အတွေးအခေါ်တွေ လုံး၀ ပုပ်သိုးနေတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေတာကြောင့် သူတို့ရဲ့ တပ်ခွဲကို အရေးပေါ် အခြေအနေ ကြေညာလိုက်တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ
K-pop ဗီဒီယိုတွေအပါအဝင် ပြင်ပဗီဒီယိုတွေကို တပတ်ကို ၃ နာရီ ထောက်လှမ်းကြည့်ရှုတဲ့ အထူးဌာနတခုကိုလည်း မြောက်ကိုရီးယား လုံခြုံရေးဗျူရိုမှာ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
BTS အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံသားတွေကြ
မြောက်ကိုရီးယားမှာ ကိုရီးယားအနုပညာရှင်တွေအကြောင်း
Ref: ibtimes
You may also like these stories:
ကိုဗစ်ကာလ ဖြစ်ပေမယ့် K-pop အယ်လ်ဘမ်များ စံချိန်တင်ရောင်းရ
ထရမ့် စုဝေးပွဲကို TikTok သုံးသူတွေနဲ့ K-pop ပရိသတ်တွေ အယောင်ဆောင် စာရင်းပေး
ကမ္ဘာ့အကြီးဆုံး အခပေး အွန်လိုင်းဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့တဲ့ BTS အဖွဲ့