ကွယ်လွန်သူမင်းသား Sushant Singh ရဲ့ ညီမ Shweta Singh Kirti ဟာ လွန်ခဲ့တဲ့ ၂ လလောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ မင်းသားအတွက် ၂၄ နာရီကြာ ကမ္ဘာတဝန်းကနေ မေတ္တာပို့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အခုလို ဆုတောင်းပွဲ ပြုလုပ်ရတာဟာ အစ်ကို သေဆုံးခဲ့တဲ့ ကိစ္စကို ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CBI)က ဝင်ရောက်စစ်ဆေးဖို့ တွန်းအားပေးလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
လာမယ့် သြဂုတ်လ ၁၅ ရက်နေ့၊ နေထိုင်ရာနိုင်ငံတွေရဲ့ နံနက် ၁၀ နာရီကနေ စတင်ပြုလုပ်နိုင်တဲ့ ဆုတောင်းပွဲနဲ့ ပတ်သက်လို့ Shweta က “အစ်ကို ကျမတို့ကို ထားသွားခဲ့တာ ၂ လရှိခဲ့ပြီ။ ကျမတို့ကတော့ အဲ့ဒီနေ့မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သိရဖို့ အမှန်တရားကို သိရဖို့ တိုက်ခိုက်နေရဆဲပါ။ အမှန်တရားကို ဖော်ထုတ်နိုင်ပြီး ကျမတို့ ချစ်ရတဲ့ Sushant အတွက် တရားမျှတမှုကို ရှာတွေ့နိုင်ဖို့ Sushant အတွက် ကမ္ဘာတဝန်းကနေ ၂၄ နာရီကြာဆုတောင်းပွဲတွေ လုပ်ဆောင်ဖို့ အားလုံးက ကျမတို့နဲ့အတူ ပူးပေါင်းပေးဖို့ တောင်းဆိုလိုပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Shweta ဟာ သူ့ရဲ့ Instagram အကောင့်မှာ ဗီဒီယိုသတင်းစကားတခုကို တင်ခဲ့ပြီး CBI ရဲ့ ဝင်ရောက်စုံစမ်းဖို့ လိုအပ်သလားဆိုတဲ့မေးခွန်းအပေါ် အလေးပေးပြောဆိုမှုတွေ ရှိလာပြီး သူ့ရဲ့ မိသားစုတွေက အမှုကို ပိတ်ဖို့ လိုလားနေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
သူက “ဟယ်လို၊ အားလုံးပဲ။ ကျမကတော့ Sushant Singh ရဲ့ ညီမ Shweta Singh ဖြစ်ပါတယ်။ Sushant အတွက် CBI က ဝင်ရောက်စုံစမ်းရေး တောင်းဆိုဖို့နဲ့ အတူတကွ ရပ်တည်ကြဖို့ အားလုံးကို တောင်းဆိုပါတယ်။ ကျမတို့ အမှန်တရားကို သိရပါမယ်။ Sushant အတွက် တရားမျှတမှုကို ယူဆောင်ရပါမယ်။ ပြီးတော့ ကျမတို့ ဘယ်တော့မှ အမှုကို ပိတ်မှာ မဟုတ်ပါဘူး”
“ကျမတို့ ငြိမ်းချမ်းတဲ့ ဘဝတခုကို အဲ့ဒီလိုရှင်သန်နိုင်မှာလည်း မဟုတ်ပါဘူး။ ကျမတို့ အမှန်တရားကို သိနိုင်ဖို့ CBI စစ်ဆေးမှုလုပ်ဆောင်ဖို့ တောင်းဆိုကြပေးဖို့ လိုပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Shweta ဟာ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ရည်မှန်ချက်တွေအကြောင်းရေးထားတဲ့ Sushant ရဲ့ ဒိုင်ယာရီ ဓာတ်ပုံတွေကိုလည်း မျှဝေခဲ့ပါတယ်။ မင်းသားဟာ သရုပ်ဆောင်စွမ်းရည်၊ ဘာသာစကား၊ ယဉ်ကျေးမှု ပတ်သက်လို့ ထူးခြားတက် တိုးတက်မှုကို လိုအပ်ခဲ့ပြီး ဟောလိဝုဒ် ထိပ်တန်းအေဂျင်စီတခု၊ ထိပ်တန်း သရုပ်ဆောင်တွေနဲ့လည်း မိတ်ဆွေဖြစ်လိုကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့တုန်းက မွမ်ဘိုင်းက အိမ်မှာ မင်းသား Sushant ကို သေဆုံးလျက် အနေအထားနဲ့ တွေ့ခဲ့ကြရတာပါ။ မွမ်ဘိုင်းရဲတပ်ဖွဲ့ကတော့ ဒါကဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ပြီး CBI က ဒီကိစ္စကို ဝင်ရောက် မကိုင်တွယ်ခင်အထိ ဒီအမှုနဲ့ ပတ်သက်ပြီး လူပေါင်း ၅၆ ဦးထံမှ ဖြောင့်ချက်တွေကိုလည်း မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
မင်းသား ဆူရှန့်ဟာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဆရာဝန်တွေ ပြော
အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့ ဘောလိဝုဒ်မင်းသား Sanjay Dutt
အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ