Entertainment

“ဝေဠုကျော်က ကျမဘဝကို လက်ခံခဲ့လို့ ရှေ့ဆက်ခဲ့တာ”လို့ သင်းသင်း ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ ဝေဠုကျော်နဲ့ ပတ်သက်ခဲ့တာဟာ သူမရဲ့ဘဝကို လက်ခံခဲ့တာကြောင့် ရှေ့ဆက်ခဲ့တာလို့ ပြောပါတယ်။

“ကျမဟာ ဝေဠုကျော်နဲ့စပြီး ပတ်သက်ကတည်းက ကျမရဲ့အတိတ်အကြောင်း၊ ဘဝအကြောင်း၊ဖြတ်သန်းလာတဲ့ ဘဝအကြောင်း၊ ဖြတ်သန်းလာတာ အကုန်မှန်သမျှကို ဝေဠုကျော်ကို အကုန်လုံးပြောပြထားခဲ့ပြီးမှ ကျမတို့ နှစ်ယောက်ဟာ ရှေ့ဆက်ခဲ့တာ။ ကျမ ဘဝကို လက်ခံခဲ့လို့ ရှေ့ဆက်ခဲ့တာ”

“ကျမသည် ဘယ်တော့မှ လိမ်ညာခဲ့တဲ့ အမျိုသမီး မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပဲ။ လိုင်းပေါ်မှာက ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ထိုးနှက်ချက်တွေ အများကြီး ပေးထားတယ်။ အဲ့အပေါ်မှာ ကျမဘာလို့ မဖြေရှင်းတာလဲဆိုတော့ ကျမ မဟုတ်ဘူး။ မဟုတ်တဲ့အတွက် မဖြေရှင်းဘူး။ ဘာဖြစ်လို့လဲ ကျမ လိပ်ပြာသန့်ပြီးသားလေ” လို့ သင်းသင်းက ပြောပါတယ်။

လတ်တလောမှာလည်း သင်းသင်းရဲ့အတိတ်က ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ်များအတွက်လည်း လိပ်ပြာလုံတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ဝေဠုကျော်နဲ့ စပြီး မပတ်သက်ခင်ကတည်းက မိန်းမတယောက်အနေနဲ့ ဖြတ်သန်းလာတဲ့အပေါ်မှာ ဘယ်လို ယုတ်မာတဲ့ ယောကျာ်းတွေနဲ့ တွေ့ခဲ့ရလဲဆိုတာ ဝေဠုကျော်ကို ဖွင့်ပြောခဲ့ပြီးသား။ အခု သူတို့ဘက်က မေးနေတဲ့ မေးခွန်းတွေ အကုန်လုံးသည် ကျမဟာ ဝေဠုကျော်ကို အစအဆုံး ပြောပြထားပြီးမှ ကျမတို့ နှစ်ယောက် ရှေ့ဆက်ခဲ့တာ။ အခု သူတို့မေး ကျမအမှန်အတိုင်း ဖြေခဲ့တာပဲ။ သူ့ကိုလည်း အမှန်အတိုင်း ပြောခဲ့ပြီးသား” လို့ သင်းသင်းက ပြောပါတယ်။

ဆက်လက်ပြီး “တခုပြောချင်တာ ဘယ်တုန်းကမှ သူများမယားငယ် အဖြစ်မခံခဲ့ဘူး။ မိန်းမတယောက်လေ။ ယောကျာ်းတွေကို ယုံကြည်မှုတခုနဲ့ ပတ်သက်ခဲ့တာ။ ဒါပေမဲ့ ယောကျာ်းတွေ အကုန်လုံးက တယောက် တမျိုးစီ ကလိမ်ကကျစ်ကျ၊ ယုတ်မာပြီးတော့ ကျမအပေါ်ကို လိမ်ခဲ့တာပဲ ရှိတယ်။ ယောကျ်ားတိုင်းက ကိုယ့်ကို လိမ်ညာ ယုတ်မာသွားတာပဲ ရှိတာ”

“ကျမဘက်က လိမ်ညာယုတ်မာခဲ့တာ တခုမှ မရှိဘူး။ ဘယ်ယောကျ်ားဆီကမှလည်း မတော်မတရားလျော်ကြေးယူထားတဲ့ ရာဇဝင်လည်း မရှိဘူး။ အဲ့အတွက် ကျမလိပ်ပြာ ကျမ သန့်ထားပြီးသား။ ကိုယ်ပတ်သက်ခဲ့တဲ့ ယောကျာ်းတွေက ကိုယ့်အပေါ် လိမ်ညာယုတ်မာသွားခဲ့တာ။ အဲဒါကို မခံချင်စိတ်နဲ့ သွားခဲ့တာ” လို့ ပြောပါတယ်။

အတိတ်က ပတ်သက်ခဲ့တဲ့ အမျိုးသားတွေကိုလည်း ယုံကြည်မှုတခုနဲ့သာ ပတ်သက်ခဲ့တာဖြစ်ပြီး အွန်လိုင်းပေးမှာ ပြောနေကြသလို ငွေရေးကြေးရေး ကိစ္စများ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ယောကျာ်းတွေနဲ့ ပတ်သက်ခဲ့တာသည် ယုံကြည်မှုနဲ့ပဲ ပတ်သက်ခဲ့တာ။ အဲ့တော့ ဘယ်ယောကျာ်းဆီကမှ လျော်ကြေး မတော်မတရား မတောင်းခဲ့ဘူးသလို ဟလည်း မဟခဲ့ဘူး” လို့ သင်းသင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းတခုမှာတော့ ဝေဠုကျော်ဘက်မှ သင်းသင်းအား တရားရုံးမှာ လိမ်ညာထွက်ဆို တင်ပြခဲ့တယ်ဆိုပြီး တင်ပြခဲ့ပေမယ့် တရားရုံးမှ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

“လိမ်ညာထွက်ဆိုတယ် ဆိုတာကလည်း ကျမဘက်က အမှုမှန်ပေါ်ပေါက်လို့ ပြီးခဲ့တဲ့ရုံးချိန်းက အဲ့အမှုကို တရားရုံးက ပယ်ဖျက်ခဲ့ပါတယ်။ သိန်း ၃၀ မယူခဲ့တဲ့ကိစ္စလည်း ပေါ်လွင်ခဲ့လို့ တရားရုံးက ဖျက်ပေးခဲ့ပါတယ်” လို့ သင်းသင်းက ပြောပါတယ်။

လက်ရှိမှာတော့ စွပ်စွဲခံရသူ ဝေဠုကျော်ဘက်ကို စစ်ဆေးနေပြီဖြစ်ပြီး တရားလို သင်းသင်းကိုတော့ စစ်ဆေးပြီး ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ “အမှုက အချိန်တန်ရင် ပြီးသွားမှာပါ” လို့ မီဒီယာများကို တရားရုံးအထွက်မှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

You may also like these stories:

မင်းသား Sushant Singh အတွက် ၂၄ နာရီကြာ ဆုတောင်းပွဲ ကျင်းပမည်

“ငြိမ်းချမ်းကြပါစေ” သီချင်းကို Music Video ရိုက်ခွင့်မပေးဘူး

၂၀၂၀ NLD အောင်နိုင်ရေးသီချင်းကို အနုပညာရှင်များစွာ ပါဝင်သီဆိုမည်

Did you find apk for android? You can find new Free Android Games and apps.
Loading