Netflix ကနေ ပြသနေတဲ့ “The Crown” စီးရီးဟာ ဒိုင်ယာနာမင်းသမီးအဖြစ် သရုပ်ဆောင်မယ့်သူကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ သြစတြေးလျ မင်းသမီး Elizabeth Debicki ဟာ “The Crown” စီးရီးနဲ့ Season ၅ နဲ့ ၆ တို့မှာ ဝေလမင်းသမီးအဖြစ် သရုပ်ဆောင်မှာဖြစ်တယ်လို့ Netflix က သတင်းထုတ်ပြန်ထားပါတယ်။
မင်းသမီး Debicki ပါဝင်လာမယ့် အဲ့ဒီစီးရီးမှာ အဲလိဇဘက်ဘုရင်မကြီးအဖြစ် မင်းသမီး Imelda Staunton ၊ မင်းသမီး မာဂရက်အဖြစ် မင်းသမီး Lesley Manville ၊ မင်းသားကြီး ဖီးလစ်အဖြစ် မင်းသား Jonathan Pryce တို့က သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
အဲလိဇဘက် ဘုရင်မကြီးအဖြစ် မင်းသမီး Staunton ရဲ့အရှေ့မှာ မင်းသမီး Olivia Colman နဲ့ မင်းသမီး Claire Foy တို့က သရုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီဒရာမာရဲ့ စတုတ္ထမြောက် Season မှာ ဒိုင်ယာနာ မင်းသမီးအဖြစ် မင်းသမီး Emma Corrin က သရုပ်ဆောင်ထားပြီး မင်းသမီး Debicki က အဲ့ဒီဇာတ်ကောင်ရဲ့ ဒရာမာ အဆန်ဆုံးအပိုင်းတွေမှာ သရုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Season ၅ နဲ့ ၆ တို့ဟာ အဲ့ဒီဒရာမာရဲ့ နောက်ဆုံး Season တွေ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ စတုတ္ထမြောက် Season ပြသမယ့်ရက်ကိုတော့ မကြေညာရသေးပါဘူး။
မင်းသမီး Debicki က “ဒိုင်ယာနာ မင်းသမီးရဲ့ စိတ်ဓာတ်၊ စကားတွေနဲ့ လုပ်ရပ်တွေဟာ လူတော်တော်များများရဲ့ နှလုံးသားထဲမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အင်အားကြီးတဲ့ စီးရီးမှာ ပါဝင်ရတာဟာ ကျမရဲ့ စစ်မှန်တဲ့ အခွင့်အရေးနဲ့ ဂုဏ်ပဲ ဖြစ်ပါတယ်။ အပိုင်း ၁ မှာကတည်းက ကျမကို ဆွဲခေါ်သွားခဲ့တဲ့ စီးရီးပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် သြစတြေးလျမင်းသမီး Debicki ဟာ ဒါရိုက်တာ Steve McQueen ရဲ့ “Widows” ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီးနောက် သူ့ကို တက်သစ်စ မင်းသမီးအဖြစ် တွေ့မြင်ခဲ့ကြရတာပါ။
မင်းသမီးဟာ ဒါရိုက်တာ Christopher Nolan ရဲ့ “Tenet” ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် “The Great Gatsby”, “The Burnt Orange Heresy” နဲ့ ”Guardians Of The Galaxy Vol. 2” ရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသမီး တလက်လည်း ဖြစ်ပါတယ်။
Ref: cnalifestyle
You may also like these stories:
မင်းသား Sushant Singh အတွက် ၂၄ နာရီကြာ ဆုတောင်းပွဲ ကျင်းပမည်
Blackpink အဖွဲ့နဲ့အတူ သီချင်း သီဆိုမယ့် Selena Gomez
အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့ ဘောလိဝုဒ်မင်းသား Sanjay Dutt