အလှမယ်တယောက်ဖြစ်ခဲ့တဲ့ သင်းသင်းကတော့ ပြိုင်ပွဲပြိုင်စဉ်က ပွဲစီစဉ်သူရဲ့ လိမ်လည်မှုကြောင့် အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲမှာ ပြိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“Miss ဆိုရင် Miss ပဲ သိလိုက်တာ။ အိမ်ထောင်သည်တွေက Miss လျှောက်လို့ရမှန်း မသိလိုက်ဘူး။ အဲ့အချိန်မှာ စီစဉ်တဲ့သူက ဖောင်ဖြည့်ပြီးတော့မှ လိမ်ပြီးတော့ခေါ်လိုက်တာ အဲ့ Organizer သည် သူ့ကိုယ်သူ လိပ်ပြာသန့်လိမ့်မယ် ထင်ပါတယ်”လို့ သင်းသင်းက ပြောပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ကို စွဲဆိုထားတဲ့ အမှုရဲ့ တရားခွင်မှာလည်း အလှမယ် ကိစ္စရပ်နဲ့ ပတ်သက်ပြီးမေးလာတာတွေ ရှိပြီး ဒီအကြောင်းအရာများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“Miss နဲ့ ပတ်သက်ပြီးတော့လည်း မေးလာပါတယ်။ အဲ့အပေါ်မှာ ဘာပြောချင်တာလဲဆိုရင် ကျမတို့ သိထားတဲ့ Miss ဆိုတာက အိမ်ထောင်သည် Mrs ဆိုတာမျိုး မကြားခဲ့ဖူးဘူး။ လူလွတ်တယောက်သာ ဒီ Miss ပွဲမှာ ပြိုင်လို့ရတယ်ဆိုပြီး သိထားတာ။ အဲ့တုန်းက Organizer က လုပ်စားသွားတဲ့ အပိုင်းမှာ အိမ်ထောင်ရှင် Miss ဆိုပြီးတော့။ ကျမတို့က အင်္ဂလိပ်စာမှ မတတ်တာ။ စာမတတ်လို့ အိမ်ထောင်ရှင် Mrs လား၊ ရိုးရိုး Miss လားဆိုတာကို မသိဘူး” လို့ သင်းသင်းက ပြောပါတယ်။
အဆိုပါ ပွဲစီစဉ်သူကတော့ သင်းသင်းထံမှ ငွေများလိမ်လည်ယူသွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ပြီလို့ ဆိုပါတယ်။
“အခု အဲ့လူက ရှိမှ မရှိတော့တာ။ လိမ်ညာပြီးတော့ ပျောက်ကွယ်သွားပြီလေ။ အတုအယောင် ငွေလုပ်စားနေတာလေ။ လိုင်စင်ဆိုတာက လိုင်စင် မပြောနဲ့။ ကျမ ဘွဲ့မရဘူး။ အပြင်မှာ ဘွဲ့လက်မှတ်အတု လုပ်ပြီး ဧည့်ခန်းထဲမှာ ဘွဲ့ရပါတယ်ဆိုပြီး ချိတ်လို့ရတာပဲ။ Organizer အစစ်အမှန်ဆိုရင် ဒီနေ့ထိရပ်တည်နေရမှာပေါ့။ လုံးဝ ပျောက်ကွယ်သွားတာပဲလေ။ ကိုယ့်ဆီကလည်း ပိုက်ဆံတွေ လိမ်သွားတယ်။ အများကြီးပဲ လိမ်လည်ပြီးတော့ တောင်းဆိုခဲ့တယ်။ သတိထားစေချင်တယ်” လို့ သင်းသင်းက ပြောပါတယ်။
ပြိုင်ပွဲဝင်ပြိုင်စဉ်က နောက်ဆုတ်မရတဲ့ အခြေအနေကြောင့် အိမ်ထောင်ရှင် အလှမယ်အဖြစ် ပြိုင်ခဲ့ရတယ်လို့ သိရပါတယ်။
“ကျမကိုယ်ကျမ ဝင်ပြိုင်ခဲ့တာ ကျမက Miss ပဲ။ ကျမနဲ့အတူ တခြားသူတွေလည်း အလွတ်တွေ အများကြီးပါတယ်။ ၃ ၊ ၄ ယောက် ပါတယ်။ ပွဲစမှသာ နောက်ဆုတ်လို့ မရတော့တဲ့ အနေအထား ငွေတွေက သွင်းပြီးသွားပြီလေ။ နောက်ဆုတ်လို့ မရလို့သာ ဒီပြိုင်ပွဲကိုဝင်ပြိုင်ခဲ့တာ။ အဲဒါကြောင့်လည်း အပျို Miss International Crown ကို ဝင်ပြိုင်လာခဲ့တာ” လို့ သင်းသင်းက ပြောပါတယ်။
လက်ရှိမှာတော့ သင်းသင်းကိုတော့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူမရဲ့နောက်ကြောင်း ရာဇဝင်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဖြန့်ဝေခံနေရပြီး ဒီအကြောင်းအရာတွေကိုတော့ မဟုတ်မှန်တာဖြစ်တဲ့အတွက် မဖြေရှင်းဘူးလို့ ဆိုပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ကို စွဲဆိုထားတဲ့အမှုမှာလည်း ဝေဠုကျော်အား စစ်ဆေးနေပြီ ဖြစ်ပါတယ်။
You may also like these stories:
၁၀ တန်းကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ သားအတွက် ဂုဏ်ယူနေတဲ့ ဝိုင်းချစ်
ချစ်သုဝေတို့ သားအဖ အမှုအား ပလပ်ခဲ့ပေမယ့် ဆက်လက် ဆောင်ရွက်မည်
“ဝေဠုကျော်က ကျမဘဝကို လက်ခံခဲ့လို့ ရှေ့ဆက်ခဲ့တာ”လို့ သင်းသင်း ပြော