Entertainment

သရုပ်ဆောင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ခါရာ

Want create site? Find Free WordPress Themes and plugins.

ရုပ်ရည်ချောမောပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ခါရာကတော့ စိန်ခေါ်မှုများတဲ့ ဇာတ်ကောင်မျိုး ပရိသတ်တွေထံ ချပြဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကိုဗစ်ကာလ မတိုင်ခင်တုန်းက တိုင်ပင်ထားတဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်။ ကျနော့် သရုပ်ဆောင်မှုကို ဒီထက်ချပြလို့ရမယ့် ဇာတ်ကောင်မျိုး၊ ဒီထက် အသေးစိတ်ပြင်ဆင်ရမယ့် ဇာတ်ကောင်မျိုး၊ စီးမျောရမယ့် ဇာတ်ကောင်မျိုး အဲ့လိုမျိုး ကျနော် လုပ်ဖို့ ရှိတယ်။ ကျနော် သေချာကို ပြင်ဆင်ရမယ့် ဇာတ်ကောင်မျိုး၊ ကျနော့်အတွက် စိန်ခေါ်မှုများတဲ့ ဇာတ်ကောင်မျိုး ချပြဖို့ ရှိတယ်”

“ဟဲဗီး ဒရာမာပေါ့။ အခုလက်ရှိ ရှိတဲ့ အသက်ထက် ကြီးပြီးလုပ်ရမယ့် ကာရိုက်တာပေါ့။ လုပ်ရမှာကလည်း အဲ့ကာရိုက်တာ မပီပြင်ရင် ဒီဇာတ်လမ်းက သွားပြီ။ အရမ်း စိန်ခေါ်မှုများတဲ့ ကာရိုက်တာကို ကျနော် ကြိုးစားပြီး လုပ်သွားဖို့ ရှိတယ်”လို့ ခါရာက ပြောပါတယ်။

သရုပ်ဆောင်ဆိုတာ ကာရိုက်တာတခုကို လုပ်ပြီဆိုရင် သေချာစီးမျောရတယ်လို့ဆိုပြီး ခါရာက ဖန်တီးမှု ရှိနေမှ သရုပ်ဆောင်တယောက် ပီသတာလို့ ဆိုပါတယ်။

“ကျနော် ဖြစ်ချင်တဲ့ သရုပ်ဆောင်ဆိုတာ ကာရိုက်တာတခုကို လုပ်ပြီဆိုရင် သေချာစီးမျောပြီးတော့ ကျနော် ခါရာဆိုတာကို မေ့ပြီးတော့ အဲ့ကာရိုက်တာအတိုင်းကို ဖြစ်အောင် လုပ်တယ်။ လူတိုင်းမှာ နောက်ခံ Background တွေ ရှိတယ်။ အဲ့တာကို ကျနော်က ပြန်ပြီး ဖန်တီး လုပ်ရတာပေ့ါ။ ခံယူချက်ကတော့ တယောက်နဲ့ တယောက်တော့ တူမှာ မဟုတ်ဘူး”

“သရုပ်ဆောင် တယောက်က ကာရိုက်တာကို ဖန်တီးတဲ့နေရာမှာ အသေးစိတ်သိပြီး ဖန်တီးလေလေအနုစိတ်ပြီး ဘယ်လိုလေး ဖန်တီးမလဲ။ ဇာတ်ညွှန်းမှာ အကြမ်းဖျင်းပဲ ပြောပြမှာ။ ကျန်တာတွေကို ကိုယ့်ဟာကို ဖန်တီး လုပ်ရမှာ သရုပ်ဆောင်တယောက်ရဲ့ တာဝန်ပဲ။ တချို့က ရှိတယ်။ ဒါရိုက်တာ ခိုင်းတဲ့အတိုင်းပဲ လိုက်လုပ်တယ်ဆိုရင် စက်ရုပ်လို ဖြစ်နေမှာပေါ့။ အဲ့ဒါ သရုပ်ဆောင် မဟုတ်ဘူး။ ဖန်တီးမှု ရှိနေမှ သရုပ်ဆောင်တယောက် ပီသတာပါ”လို့ ခါရာက ပြောပါတယ်။

သရုပ်ဆောင် ပညာတွေလည်း အများကြီးလေ့လာနေတယ်လို့ ခါရာက ဆိုပါတယ်။

“ကျနော်လည်း သရုပ်ဆောင် ပညာတွေ အများကြီးလေ့လာနေပါတယ်။ ဒီထက် ကောင်းတဲ့ သရုပ်ဆောင်မှုတွေ ချပြသွားဖို့လည်း ရှိပါတယ်။ ကျနော်လည်း ကြိုးစားနေရတုန်းပါပဲ။ အခုမှစပြီး လုပ်မယ့် သရုပ်ဆောင် အသစ်တွေကို ပြောချင်တာက ကျနော်တို့ နိုင်ငံမှာက သရုပ်ဆောင်ဆိုပြီး ကျောင်းတွေ သိပ်မရှိတော့ ကိုယ့်ဟာကိုယ်ပဲ လေ့လာရတယ်”

“တချို့ကျတော့ အတွေ့အကြုံကနေပဲ လုပ်သွားတာတွေ ရှိတယ်။ mood နဲ့ပဲ လုပ်တယ်လို့ပြောကြတယ်။ တကယ်တမ်းကျ သရုပ်ဆောင်မှာ နည်းလမ်းတွေ အများကြီးရှိတယ်။ ကိုယ်က ကာရိုက်တာကို ဘယ်လို အံဝင်ခွင်ကျလုပ်မလဲ။ သေချာ လေ့လာပြီး ကြိုးစားကြပါ”လို့ ခါရာက ပြောပါတယ်။

သရုပ်ဆောင် ခါရာကတော့ MNTV ရုပ်သံလိုင်းမှာ ပြသမယ့် “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ မိုးနတ်သားအဖြစ် ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

You may also like these stories:

Organizer ရဲ့ လိမ်လည်မှုကြောင့် အိမ်ထောင်ရှင်အလှမယ်ပွဲမှာ ပြိုင်ခဲ့ရတဲ့ သင်းသင်း

၁၀ တန်းကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ သားအတွက် ဂုဏ်ယူနေတဲ့ ဝိုင်းချစ်

ချစ်သုဝေတို့ သားအဖ အမှုအား ပလပ်ခဲ့ပေမယ့် ဆက်လက် ဆောင်ရွက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading