အဆိုတော် ရဲရင့်အောင်က သူ့ရဲ့ တကိုယ်တော်ခွေသစ် “G.O.A.T” သီချင်း အယ်လ်ဘမ် မိတ်ဆက်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသီချင်းခွေနဲ့ ပတ်သက်ပြီး ရဲရင့်အောင်က အခုလို ဆိုပါတယ်။
“G.O.A.T ဆိုတဲ့ နာမည်လေးက ကျနော် ခံစားရတာလေးကို ပေးထားတာပါ။ သီချင်းကတော့ ၁၁ ပုဒ်၊ Remix တပုဒ်လည်း ပါပါတယ်။ ကျနော့်ခွေထဲက သီချင်းတွေသည် ဒီသီချင်းတွေ ဖန်တီးနေချိန်မှာ ကျနော့်အတွက် အားတွေ ဖြစ်တယ်။ ဘာမှ ဆက်မလုပ်ချင်တော့ဘူးလို့ ခံစားရရင် ကျနော် အကြမ်းသွင်းထားတဲ့ သီချင်းလေးတွေ ပြန်နားထောင်ရင် အရမ်းအားရတယ်။ အဲ့ဒါကြောင့်လည်း ဒီခွေကို ထုတ်ဖြစ်တာပါ”
“ကျနေ့ာ် အခွေမှာတော့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေတွင်း ဒီချိန်မှာ ဒါဖြစ်နေတယ်။ ဒါ လုပ်လိုက်တယ်။ အခွေထဲ ထည့်လိုက်တယ်။ စိတ်မကောင်းဖြစ်တာ ခံစားရတယ်။ စိတ်ဓာတ်ကျတာတွေ ခံစားရတယ်။ ထည့်လိုက်တယ်။ ရေးဖြစ်ခဲ့တဲ့ သီချင်းတွေ တော်တော်များတယ်။ ကျန်တာတွေကို နောက်ထပ် ထွက်မယ့် အခွေအတွက် ထည့်လိုက်တယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
အခွေ မထွက်တာ ကြာပြီဖြစ်နေတဲ့ ရဲရင့်အောင်က ဒီသီချင်းခွေက ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ ပရိသတ်တွေအတွက် ရင်ထဲရောက်လိမ့်မယ်လို့ ဆိုပါတယ်။
“ကျနော့် အခွေက ကျနော့်အနေနဲ့ အချိန်တွေ ယူထားလို့ အရမ်းကောင်းနေမယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဟဲဗီးတွေ လုပ်ထားတယ်လို့လည်း ကျနော်ပြောမှာ မဟုတ်ဘူး။ ခံစားချက်တွေ တိုက်ဆိုင်တဲ့ ပရိသတ်တွေတော့ ရင်ထဲရောက်မယ် ထင်ပါတယ်။ မွေးနေ့က အမှတ်တရဖြစ်မှာပါ”
“အခု ကိုဗစ်ကာလမှာ ရောင်းဖို့ အဆင်ပြေတဲ့ နည်းစနစ်တွေ အကုန်လုံး Team နဲ့ တိုင်ပင်ပြီးတော့ လုပ်မှာပါ။ အကယ်လို့ အခွေ ဝယ်လို့ မရဘူးဆိုတဲ့သူတွေအတွက်လည်း နားထောင်လို့ ရအောင် လုပ်ပေးမှာပါ။ တခွေလုံးကိုလည်း အားရပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
မွေးနေ့မှာ အမှတ်တရဖြစ်အောင် အခွေထုတ်ဖြစ်တာကြောင့် အကျိုးအမြတ် မမျှော်မှန်းထားဘူးလို့ ဆိုပါတယ်။
“ပရိုမိုးရှင်း မလုပ်ရတော့ အပြင်မှာ တွေ့ပြီး သီချင်းတွေဆိုတာ နားထောင်ချင်ကြတယ်။ တွေ့ပြီး ဝယ်ချင်ကြတဲ့သူတွေအတွက် အခက်အခဲတွေ ဖြစ်တာပေါ့။ မွေးနေ့မှာ ခွေထွက်ဖြစ်တယ်။ ကျနော့် မွေးနေ့မှာ ထွက်မယ်ဆိုကတည်းက ဘာအကျိုးအမြတ်မှ မမျှော်မှန်းထားဘူး။ ကျနော် လုပ်ထားတဲ့ သီချင်းတွေ ပရိသတ်ဆီကို ရောက်သွားဖို့ပဲ မျှော်လင့်တယ်။ ကျနော် Limited Edition Box တွေလည်း ရောင်းဖို့ လုပ်ထားတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။
You may also like these stories:
သရုပ်ဆောင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ခါရာ
Organizer ရဲ့ လိမ်လည်မှုကြောင့် အိမ်ထောင်ရှင်အလှမယ်ပွဲမှာ ပြိုင်ခဲ့ရတဲ့ သင်းသင်း
၁၀ တန်းကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ သားအတွက် ဂုဏ်ယူနေတဲ့ ဝိုင်းချစ်