Entertainment

ဘွဲ့ရပြီးရင် အနုပညာနဲ့တွဲပြီး အလုပ်လုပ်မယ့် ယွန်းဝတီလွင်မိုး

သြစတြေးလျနိုင်ငံမှာ တက္ကသိုလ် တက်ရောက်နေတဲ့ ယွန်းဝတီလွင်မိုးကတော့ ဘွဲ့ရပြီးတဲ့အချိန်မှာ အနုပညာနဲ့တွဲပြီး လုပ်လို့ရမယ့် အလုပ် လုပ်သွားမယ်လို့ ဆိုပါတယ်။

“ဘွဲ့ရပြီးတာနဲ့ စီစဉ်ထားတာ ရှိပါတယ်။ အနုပညာနဲ့ပဲ တွဲလျက် လုပ်လို့ရမယ့် လုပ်ငန်းတခုကို စဖို့အတွက် အချစ်ဆုံး သူငယ်ချင်းတယောက်ယောက်နဲ့ပဲဖြစ်ဖြစ် စဖို့အတွက် စီစဉ်ထားပါတယ်။ ရုပ်ရှင်လောကနဲ့ပတ်သက်ပြီးတော့ ရိုက်ဖို့ အခွင့်အရေးတွေ ရလာမယ်ဆိုရင် ရုပ်ရှင် ကာရိုက်တာက ခေးနဲ့လည်း လိုက်ဖက်တယ်။ ခေးလည်း ကြိုက်တယ်၊ အဆင်ပြေတယ်ဆိုရင်တော့ ရိုက်ဖြစ်ပါမယ်” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

နိုင်ငံခြားမှာ ကျောင်းတက်နေတာတော့ Media & Communication မေဂျာ တက်ရောက်နေတာဖြစ်ပြီး စီးပွားရေးလုပ်ငန်းကိုတော့ ဘွဲ့ရတာနဲ့ လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ခေးရဲ့မေဂျာက Media & Communication ပါ။ ခေး Influencer တယောက်အနေနဲ့ရော Business အနေနဲ့ရော လုပ်လို့ရမယ့် အလုပ်ကိုစပြီးတော့ ဘွဲ့ရတာနဲ့ လုပ်သွားပါမယ်” လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။

အခုဆိုရင် ကျောင်းတက်နေတာ တတိယနှစ်ရောက်နေပြီ ဖြစ်ပြီး ဘွဲ့ရဖို့အတွက် ၆ လခန့် လိုသေးတယ်လို့ သိရပါတယ်။

“မကြာခင် တက္ကသိုလ်လည်း ပြီးတော့မယ်။ ဘွဲ့လည်း ရတော့မှာပါ။ ဒါပေမဲ့ ၆လလောက်တော့ လိုသေးပါတယ်။ ခေးတို့က ကျောင်းကို Week 1, Week 2, Week 3 ဆိုပြီး အပတ်စဉ်နဲ့ သွားပါတယ်။ ခေးတို့က ဒုတိယအပတ် ရောက်နေပြီ။ ဒါပေမဲ့ တတိယနှစ်ဖြစ်တဲ့အတွက် စာတွေအရမ်းများနေပါတယ်” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

ယွန်းဝတီလွင်မိုးကတော့ အဆိုပါအကြောင်းအရာများကို သူ့ရဲ့ Facebook Page ကနေ Live လွှင့်ကာ ပရိသတ်တွေနဲ့ အမေးအဖြေ ပြုလုပ်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ယွန်းဝတီလွင်မိုးက အမျိုးသားဖြစ်သူနဲ့အတူ သြစတြေးလျနိုင်ငံမှာ တက္ကသိုလ်တက်နေတာဖြစ်ပြီး သားဖြစ်သူ Liam (လွင်ထက်) ကတော့ အဘိုး အဘွားများနဲ့အတူ ရန်ကုန်မှာနေထိုင်လျက် ရှိပါတယ်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အကြံပြုလိုက်တဲ့ ယွန်းဝတီလွင်မိုး

သြစတြေးလျတောမီး မီးခိုးငွေ့တွေကြောင့် သားဖြစ်သူကို ခေါ်သွားဖို့ အဆင်မပြေသေးဘူးလို့ ယွန်းဝတီလွင်မိုးပြော

မြေးလေး Liam က အဘိုးထက် အောင်မြင်နေလို့ မနာလိုဖြစ်နေရတယ်လို့ လွင်မိုး ပြော

Loading