အဆိုတော် ယုန်လေးက ပြီးခဲ့တဲ့ရက်ပိုင်းက စိတ်ညစ်စရာများစွာနဲ့ ကြုံတွေခဲ့ရပြီး ရိုက်ကူးခွင့်များ ၁ နှစ်ခန့် ပိတ်ခံရတာကြောင့် အရင်လို ပြန်မရပ်တည်နိုင်မှာကို အကြောက်ဆုံးပါလို့ ပြောပါတယ်။
“ကျနော် တနှစ် အပိတ်ခံရတယ်အပေါ်မှာ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ စားဝတ်နေရေးနဲ့ ကျနော် တာဝန်ယူထားတဲ့ လူတွေအတွက်တော့ ကျနော် ပြန်ရုန်းကန်မှရမှာ ဖြစ်တဲ့အတွက် ကျနော် ရှင်သန်နေမှ ရပါမယ်” လို့ ယုန်လေးက ပြောပါတယ်။
အခက်အခဲဖြစ်နေတဲ့အချိန်မှာ “We love Yone Lay” ၊ “We Stand with Yone Lay” အဖွဲ့များမှ ယုန်လေး တာဝန်ယူထားတဲ့ လူများနဲ့ ယုန်လေးအတွက် ထောက်ပံ့ကြေးများကို လစဉ် တတ်နိုင်သလောက် ပေးမယ်ဆိုတာကြောင့်လည်း ပျော်ရွှင် ကြည်နူး ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
“We Love Yone Lay ၊ We Stan With You Yone Lay ဆိုပြီး အဖွဲ့တွေ ဖွဲ့ထားပြီး ကျနော် တာဝန်ယူထားတဲ့ လူတွေနဲ့ ကျနော့်အတွက် ထောက်ပံ့ကြေး သူတို့ တတ်နိုင်သလောက် လစဉ်ပေးမယ်၊ ထောက်ပံ့မယ်ဆိုပြီး ပြောလာတော့ ပျော်ပြီးကြည်းနူးမိသလို ဝမ်းလည်း ဝမ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကပဲ သူများကို ထောက်ပံ့ချင်တာ၊ ကူညီချင်တာ။ ကျနော် မစွမ်းနိုင်တော့မှာကို အရင်လို ပြန်မရပ်တည်နိုင်မှာကို အကြောက်ဆုံးပဲ” လို့ ယုန်လေးက ပြောပါတယ်။
ဒီလိုအားပေးကြတဲ့ တယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပြီး သူ့ရဲ့ပုံကို တက်တူးထိုးထားတဲ့ လူများအတွက်လည်း အစီစဉ်တွေ ရှိတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ရိုက်စရာ ရုပ်ရှင်ကားတွေ ပျက်ခဲ့ရပြီး သူလုပ်လို့ရတဲ့ ဘောင်အတွင်းကနေ အလုပ်များကို လုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။
“စရံ ယူစရာ ရိုက်စရာ ရုပ်ရှင်ကားတွေ ပျက်ခဲ့ပါတယ်။ အခု လုပ်လို့ရတဲ့ ဘောင်ထဲက အလုပ်လေးတွေကို အရင်ထက် ပိုကြိုးစားပြီး လုပ်ပါမယ်။ Facebook မှာ Post တင်ပြီး ကျနော် ကြော်ငြာပေးလို့ ရပါတယ်”
“ရုပ်ရှင်အစည်းရုံးကို စော်ကားတာ မဟုတ်ပါဘူး ခင်ဗျာ။ ရုပ်ရှင်အစည်းအရုံးကို လျှောက်လွှာတင်စရာ မလိုဘဲ Facebook အတွက် ကြော်ငြာလေးတွေ ရိုက်ပေးလို့ရပါတယ်။ ဖုန်းနဲ့ပဲ ရိုက်မှာ ဖြစ်တဲ့အတွက် လူဦးရေလည်း ရှူတင်မှာ မများပါဘူး။ ဒါလေးတွေတော့ လုပ်လို့ရပါတယ်”လို့ ယုန်လေးက ပြောပါတယ်။
လက်ရှိ ယုန်လေးမှာ သူ့ရဲ့ Facebook Acount အပါအဝင် Page ၆ ခုကိုမှာ Follower ၃ သန်း ရှိနေတဲ့အတွက် ကြော်ငြာများ ရိုက်ကူးဖို့အတွက် အလုပ်များအပ်ပေးကြပါလို့ တောင်းဆိုထားပါတယ်။
“ကျနော့်မှာရှိတဲ့ Original Gangster ၊ Special 9 ၊ သတိအန္တရာယ်ရှိသည် ၊ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ ၊ Mafia City ၊ YONE LAY Page တွေနဲ့ YONE LAY Acc အားလုံးပေါင်းရင် Follower ၃ သန်းလောက် ရှိပါတယ်။ ဒါလေးနဲ့ ကျနော် ပြန်ရပ်တည်မယ်။ အရင်လို ပရဟိတတွေ လိုအပ်တဲ့ လူတွေကို ကူဖို့ မရရအောင် ပြန်ကြိုးစားမယ်။ အဲ့အတွက် ကျနော့်ကို ကြော်ငြာလေးတွေ အပ်ပါ။ အလုပ်လေးတွေ ပေးဖို့ တောင်းဆိုပါတယ်။ တတ်စွမ်းသလောက် အကောင်းဆုံးကြိုးစားပေးပါမယ်” လို့ ယုန်လေးက ဆိုပါတယ်။
အဆိုပါ အကြောင်းအရာများကိုတော့ ယုန်လေးက သူ့ရဲ့ Facebook အကောင့်မှာ ပြောပြထားတာ ဖြစ်ပါတယ်။ အဆိုတော် ယုန်လေးကိုတော့ သူရိုက်ကူးခဲ့တဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီမြန်မာပြည်)” Music Video နဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။
You may also like these stories:
Facebook Cele နေဆန်း အောင်မြင်နေတဲ့အပေါ် ဂုဏ်ယူတဲ့ သရုပ်ဆောင် နေဆန်း
ဘွဲ့ရပြီးရင် အနုပညာနဲ့တွဲပြီး အလုပ်လုပ်မယ့် ယွန်းဝတီလွင်မိုး
“နိုင်ငံရေးကို နားမလည်ပေမယ့် ပယ်မဲ မဖြစ်အောင် မဲပေးမှာပါ”