Entertainment

Netflix ရဲ့မှတ်တမ်းစီးရီးကြောင့် နာမည်ကြီးလာတဲ့ “Tiger King” တိရစ္ဆာန်ရုံ ပိတ်လိုက်ရ

Want create site? Find Free WordPress Themes and plugins.

Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ “Tiger King” မှတ်တမ်းစီးရီးကြောင့် တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စုံစမ်းစစ်ဆေးသူတွေရဲ့ ဖိအားတွေ ထွက်ပေါ်လာတဲ့အတွက် အဲဒီ ပုဂ္ဂလိကပိုင် တိရစ္ဆာန်ရုံကို ပိတ်လိုက်ရတယ်လို့ ပိုင်ရှင်က ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်၊ Greater Wynewood Exotic Animal Park ရဲ့ လက်ရှိပိုင်ရှင် Jeff Lowe က “ဒီနေ့မှာတော့ ကျနော်တို့ဟာ ဒီတိရိစ္ဆာန်ရုံကို ပိတ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်” လို့ Facebook ပို့စ်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်အစိုးရ စုံစမ်းစစ်ဆေးသူတွေဟာ တိရစ္ဆာန် ရုံဖွင့်ခွင့် လိုင်စင်ကို ၂၁ ရက်ကြာ ရပ်ဆိုင်းလိုက်ကြောင်းနဲ့ သူကိုယ်တိုင်ကလည်း အဲဒီလိုင်စင်ကို လက်လွှတ်ခံလိုက်ကြောင်း ပိုင်ရှင် Lowe က ဆိုပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့တုန်းက ရေးသားခဲ့တဲ့ ပို့စ်မှာ သူက ခြင်္သေ့နဲ့ ကျားအုပ်စုတွေဟာ အကောင်းဆုံး ပြုစုစောင့်ရှောက်မှုကို ဆက်လက်ရရှိမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ပုဂ္ဂလိက တိရစ္ဆာန်ရုံတွေနဲ့ ပိုင်ရှင်တွေအကြောင်း ရိုက်ကူးဖော်ပြထားတဲ့ အဲ့ဒီ မှုခင်းစီးရီး “Tiger King” ဟာ မတ်လမှာ ထုတ်လွှင့်ခဲ့ချိန်ကစလို့ ကမ္ဘာတဝန်းမှာ လူပြောများလာခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်က ကြောင်ကြီးမျိုးနွယ် ကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူ Carole Baskin နဲ့၊ သူ့ကို သတ်ဖြတ်ဖို့ လူတဦး ငှားရမ်းခဲ့တဲ့ အိုကလာဟိုးမား တိရစ္ဆာန်ရုံဝန်ထမ်း Joe Exotic တို့အကြောင်း ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။

Lowe ဟာ Wynewood ပန်းခြံကို သူ့ရဲ့မိတ်ဆွေ Exotic ထံကနေ ပိုင်ဆိုင်မှု လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာတော့ အိုကလာဟိုးမားစီးတီးမှ တရားသူကြီးတဦးက အဲဒီ တိရစ္ဆာန်ရုံကို တက်ကြွလှုပ်ရှာသူ Baskin ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

Netflix ရဲ့ အဲ့ဒီစီးရီးထဲမှာ တိရစ္ဆာန်ရုံအတွက် ဝင်ငွေရလမ်းများဟာ နားလည် ယုံကြည်နိုင်ဖွယ် မရှိဘူးလို့ ဖော်ပြထားပြီး အဲ့ဒီလိုကနေ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေနဲ့ ရူးမိုက်တဲ့သူတွေရဲ့ ပစ်မှတ်တခု ဖြစ်လာစေခဲ့တယ်လို့ Lowe က ရေးသားထားပါတယ်။

Netflix ရဲ့ အဆိုအရ ပြသအပြီး ၁၀ ရက်အတွင်းမှ ကြည့်ရှုသူ ၃၄ သန်းကျော်ရှိခဲ့တဲ့ Tiger King စီးရီးဟာ လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် Emmy ဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းစီးရီးဆုအပါအဝင် ဆု ၆ ခု လျာထားခံထားရပါတယ်။

Ref: CNA

You maya also like these stories:

ပထမ Season မှာ အပိုင်း ၈ ပိုင်း ပါဝင်မယ့် Netflix ရဲ့ Resident Evil တီဗီစီးရီး

“Mulan” ရုပ်ရှင်ကို Disney+ မှတဆင့် ကြည့်ရှုနိုင်တော့မည်

ဂိမ်း ပရိသတ်တွေအတွက် ရည်ရွယ်တဲ့ Netflix ရဲ့ “The Witcher” စီးရီး

Did you find apk for android? You can find new Free Android Games and apps.
Loading