Entertainment

နာမည်ကျော် "Supernatural" စီးရီးကို အောက်တိုဘာလတွင် အဆုံးသတ်မည်

အမေရိကန်နိုင်ငံရဲ့ CW ရုပ်သံလိုင်းကနေ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ စီးရီးနှစ်ခုအတွက် Season အသစ် ၂ ခု ပြသမယ့်ရက်ကို မကြာသေးခင်တုန်းက ကြေညာခဲ့ပါတယ်။ ပရိသတ်တွေဟာ Patrick Dempsey ကို “Devils” စီးရီးမှာ ပြန်လည်မြင်တွေ့ရမှာဖြစ်သလို Winchester ညီအစ်ကို နှစ်ဦးကို “Supernatural” ရဲ့ Season အသစ်မှာ နောက်ဆုံးအနေနဲ့ မြင်တွေ့ရတော့မှာပါ။

နောက်ဆုံးအပိုင်း ၇ ပိုင်း ပါဝင်မယ့် “Supernatural” စီးရီးရဲ့ Season အသစ်ကို CW ရုပ်သံလိုင်းကနေ လာမယ့် အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့မှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီစီးရီးကို ၂၀၂၀ ပြည့်နှစ် ဆောင်းဦးကာလမှာ ပြသမယ်လို့ CW ရုပ်သံလိုင်းက ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 ကြောင့် ရိုက်ကူးရေးတွေ ရပ်တန့်နေချိန်အတွင်းမှာတော့ “Supernatural” စီးရီးဟာ ပရိသတ်တွေကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်တော့မှာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်စလို့ CW ရုပ်သံကနေ စတင် ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီစီးရီးဟာ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့ကျရင် အဆုံးသတ်မှာဖြစ်ပါတယ်။ နောက်ဆုံးအပိုင်း မပြသမီ တရက်တည်းမှာ “Supernatural: The Long Road Home” ဆိုတဲ့ အထူးအပိုင်းတခုကိုလည်း ထုတ်လွှင့်ပြသဖို့ ရှိနေပါတယ်။

Hollywood Reporter မီဒီယာရဲ့ အဆိုအရ ၁၅ ခုမြောက် နောက်ဆုံး Season ရဲ့ ကျန်ရှိတဲ့အပိုင်း ၃ ပိုင်းကို သြဂုတ်လကုန် မတိုင်ခင် ပြန်လည် ရိုက်ကူးဖို့ ရှိနေပြီး တခြား ၄ ပိုင်းကတော့ Post-production အပိုင်းကို ရောက်နေပြီလို့ သိရပါတယ်။

“Supernatural” စီးရီးနဲ့အတူ CW ရုပ်သံလိုင်းဟာ ကြာသပတေးနေ့တိုင်း “The Outpost” စီးရီးရဲ့ တတိယ Season ကို ပြသသွားမှာဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ဖို့ ရှိပါတယ်။

ဆောင်းရာသီ အထူးထုတ်လွှင့်မှု အစီအစဉ်ကိုတော့ “World’s Funniest Animals” အစီအစဉ်၊ “Masters of Illusion” သတ္တမ Season တို့နဲ့ လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

“Pandora” စီးရီး ဒုတိယ Season ကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်ပြီး “Devils” စီးရီးအသစ်ကိုတော့ လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Ref: thejakartapost

You may also like these stories:

“ရခဲ့သမျှ အရာရာ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မှုံနံ့သာကျော်ရဲအောင်

ကျောက်ကပ် ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးအတွက် ကြိုးပမ်းနေတဲ့ မရှင်ငြိမ်းမယ်

Netflix ရဲ့မှတ်တမ်းစီးရီးကြောင့် နာမည်ကြီးလာတဲ့ “Tiger King” တိရစ္ဆာန်ရုံ ပိတ်လိုက်ရ

Loading