ကမ္ဘာတဝန်းမှာ COVID-19 ကန့်သတ်ချက်တွေကြောင့် ရုံတွင်းမှာ ကြည့်ရှုရမယ့် ရုပ်ရှင်ရုံတွေကို ပိတ်လိုက်တဲ့အတွက် Tel Aviv မြူနီစပယ်အဖွဲ့ဟာ မြို့နေလူထုအနေနဲ့ တဦးနဲ့ တဦး ခပ်ခွာခွာနေပြီး လဟာပြင်ဇာတ်ရုံမှာ ရုပ်ရှင်ကြည့်ရသလို ဖြစ်စေမယ့် ရေပေါ်ရုပ်ရှင်ရုံ တရုံကို ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီ ရေပေါ်ရုပ်ရှင်ရုံမှာ လှေရပ်နားနိုင်တဲ့ ထိုင်ခုံနေရာ ၇၀ ဖန်တီးပေးထားပြီး Yarkon Park ရေကန်ထဲမှာ လှေလှော်ရင်းလည်း ရုပ်ရှင်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအချင်းချင်း ခပ်ခွာခွာနေဖို့ ၂ မီတာ အကွာကနေ ရုပ်ရှင်ကြည့်ရမယ်လို့ Tel Aviv မြူနီစပယ်အဖွဲ့က ဆိုပါတယ်။ သြဂုတ်လကုန်ပိုင်း အထိ ညနေတိုင်း ရုပ်ရှင် ၂ ကား ပြသမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပထမဆုံးပွဲစဉ်ကို လူပေါင်း ၂၀၀ တက်ရောက်ခဲ့ကြပြီး “Paddington 2” မိသားစု ဟာသဇာတ်မြူး ရုပ်ရှင်ကို ပြသခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက COVID-19 ရောဂါကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အစ္စရေးမှာ ဒုတိယလှိုင်း ရောဂါကူးစက်မှုတွေအတွက် ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ အစ္စရေးနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁ သိန်းနီးပါးရှိခဲ့ပြီး သေဆုံးသူ ၇၉၅ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။
Ref: thejakartapost