ဂျပန်ဘုန်းတော်ကြီးတွေဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် အထူးအဆန်းတွေ လုပ်လေ့ ရှိပါတယ်။ ဗုဒ္ဓတရားတော်တွေကို ဂီတအမျိုးအစား တခုခုနဲ့ ဟောကြားဖို့ ဘယ်ဘုန်းကြီးတွေကမှ စဉ်းစားလေ့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဂျပန် ဇင်ဘုန်းကြီးတပါးဖြစ်တဲ့ Yogrtsu Akasaka ကတော့ ဗုဒ္ဓတရားတော်တွေကို ဂီတနဲ့ တွဲဖက် တင်ပြလေ့ရှိသလို ဆိုရှယ်မီဒီယာတွေပေါ်လည်း တင်လေ့ ရှိပါတယ်။
အာကာဆာကာလို့ နာမည်ရတဲ့ ဘုန်းတော်ကြီးဟာ ၂၀၁၅ ခုနှစ်မှာ ဘုန်းကြီး ဝတ်ခဲ့ပါတယ်။ ဘုန်းကြီး မဝတ်ခင် ကာလတွေမှာတော့ သူဟာ ဂီတသမားတယောက် ဖြစ်ခဲ့ပါတယ်။
ဘုန်းတော်ကြီး Akasaka က “ဘုန်းကြီးဖြစ်ဖို့ သင်ကြားချက်တွေ ပြီးဆုံးတဲ့အချိန်တွေမှာ ဂီတကို ပြန်လုပ်ချင်တဲ့စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ စိတ်ထဲမှာ ဘုန်းကြီး ဖြစ်ချင်စိတ်ကော၊ ဂီတပညာရှင်ဖြစ်ချင်စိတ်ကော ရှိနေပါတယ်။ ဒါကြောင့်လည်း ဂီတနဲ့ ဗုဒ္ဓတရားတော်တွေကို ကြိုးစားပေါင်းစပ်ရင် ဖြစ်နိုင်တယ်ဆိုတာ စိတ်ကူးမိပါတယ်”လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ဂီတနဲ့ ဗုဒ္ဓတရားတော် ပေါင်းစပ်ထားတဲ့ ဂီတ ဗီဒီယိုဖိုင်တခုကို YouTube ပေါ် တင်ခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူ ၉ သိန်းကျော် ရှိခဲ့ပါတယ်။ သူကိုယ်တိုင် ဖန်တီးထားတဲ့ ဂီတမှာဆိုရင်လည်း အသံပေါင်းများစွာ ပါဝင်နေပါတယ်။
ဇင်ဘုန်းတော်ကြီး တင်ထားတဲ့ ဗီဒီယိုဖိုင်
COVID-19 ဖြစ်ပွားလာတဲ့ အချိန်မှာတော့ ဘုန်းတော်ကြီးဟာ သူဖန်တီးထားတဲ့ ဂီတနဲ့ ဗုဒ္ဓတရားတော်ပေါင်းစပ်မှုကို အွန်လိုင်းကနေတဆင့် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး လူတော်တော်များများ ဝင်ရောက်ကြည့်ရှုခဲ့ကြပါတယ်။
ကိုဗစ်ကာလအတွင်း နိုင်ငံအများစု Lockdown ချနေကြချိန်မှာ ဗုဒ္ဓဆိုတာ ဘာလဲလို့ လူငယ်တွေ သိရအောင် လုပ်ဆောင်နိုင်ဖို့ သူ့အနေနဲ့ အခွင့်အရေးရခဲ့တယ်လို့ အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Akasaka က ပြောပါတယ်။
လူအများစုအနေနဲ့ ဗုဒ္ဓဝါဒဟာ ကွယ်လွန်ပြီးသူတွေနဲ့သာ သက်ဆိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တော့ ဒီယုံကြည်မှုဟာ မှန်ကန်တဲ့ ယုံကြည်မှု မဟုတ်ပါဘူး။ ဒါကြောင့်လည်း သူဖန်တီးပေါင်းစပ်ထားတဲ့ ဂီတက လူငယ်တွေကို ဆွဲဆောင်နိုင်ခဲ့မယ်ဆိုရင် လူငယ်တွေအနေနဲ့ ဗုဒ္ဓဝါဒကို သိနိုင်ဖို့ အခွင့်အရေးကောင်းတခုပဲလို့ AFP သတင်းဌာနကို ဘုန်းတော်ကြီး Akasaka က ပြောကြားခဲ့ပါတယ်။
Ref: indianexpress
You may also like these stories:
တောင်ကိုရီးယားမှာ ရုပ်သံစီးရီးနဲ့ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားလိုက်ပြီ
အမေရိကန်နိုင်ငံမှာ “Unhinged” ရုပ်ရှင်ဖြင့် ရုပ်ရှင်ရုံများကို ပြန်ဖွင့်လှစ်
007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား