သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက တရားစွဲဆိုထားတဲ့ အမှုဟာ အခုဆိုရင် ၁ နှစ်နီးပါး ရှိလာခဲ့ပါပြီ။ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်းမှာတော့ မိုးအောင်ရင်ကို စတင်စစ်ဆေးခဲ့ပါတယ်။
“ဒီနေ့မှာတော့ မိုးအောင်ရင်က အံဆုံးပေါက်နေလို့ဆိုပြီး ဆေးခွင့် လာတင်ပါတယ်။ ကျန်းမာရေး မကောင်းတာလည်း ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပါ။ ဒီနေ့က မဖြစ်မနေ စစ်မယ်လို့ ပြောတော့ စစ်ဖြစ်ပါတယ်။ နည်းနည်းတော့ စစ်ဖြစ်ပါတယ်။ သူ့ဘက်က စပြီးတော့ ပြောတာပေါ့။ အံဆုံးပေါက်နေတော့ ပါးစပ်က မဟနိုင်ဘူး။ သူက မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းမခံရခင် ကာလကအကြောင်းကို ပြောပါတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ဒီနေ့ ရုံးချိန်းကတော့ ၁၉ ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး မိုးအောင်ရင်ကို စစ်ဆေးခဲ့ရာမှာ ပါးတခြမ်း ရောင်နေတာကြောင့် ရုံးချိန်းပြန်ချိန်းခဲ့ရတယ်လို့ သိရပါတယ်။
“ဒီနေ့ ရုံးချိန်းကတော့ ၁၉ ကြိမ်မြောက် ရုံးချိန်း ဖြစ်ပါတယ်။ စွပ်စွဲခံရသူ မိုးအောင်ရင်ကို စပြီးစစ်ဆေးပါတယ်။ စပြီးတော့ စစ်တဲ့အခါမှာ မိုးအောင်ရင်က ပါးတခြမ်းက ရောင်နေတဲ့အတွက် ရုံးချိန်း ပြန်ချိန်းပေးပါတယ်။ နောက်ရုံးချိန်းကတော့ ၃၁ ရက်နေ့ကို ပြန်ချိန်းပါတယ်။ မိုးအောင်ရင်ကိုပဲ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်”လို့ ရန်ကင်းမြို့နယ် ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
ဆက်လက်ပြီး “ဒီအမှုမှာ တရားမ သက်သေ မိုးအောင်ရင် အပါအဝင် ၁၁ ယောက်ကို သက်သေပြသထားပါတယ်။ အကြောင်းအရာတခုခု ပေါ်ပေါက်လာရင် နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့ ရုံးချိန်း ၇ ချိန်းအတွင်းမှာ အပြီးစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ရုံးချိန်း ရွှေ့ဆိုင်းခြင်း မူဝါဒနဲ့အညီ ရုံးချိန်းရွှေ့ဆိုင်းခြင်း ပေါ်ပေါက်လာမယ်ဆိုရင်တော့ သတ်မှတ်ရုံးချိန်းထက် ကျော်လွန်တာတွေ ဖြစ်ပေါ်လာစေပါတယ်” လို့ သူက ပြောပါတယ်။
နောက်ရုံးချိန်းကိုတော့ သြဂုတ်လ ၃၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပြီး မိုးအောင်ရင်ကိုပဲ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
You may also like these stories:
“ရခိုင်ပြည်နယ်မှာ ကူးစက်မှု မြင့်တက်လာတာ စိတ်မကောင်းဘူး”
ဗုဒ္ဓတရားတော်တွေကို ဂီတနဲ့တွဲပြီး ဖော်ပြတဲ့ ဂျပန်နိုင်ငံက ဇင်ဘုန်းကြီး
Mozey Cosmetics ရဲ့ မှားယွင်းစွပ်စွဲမှုကြောင့် အချုပ် ကျခံခဲ့ရတဲ့ မေဟန်နီထွေး