• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပိုက်ဆံတွေ ဆုံးရှုံးသွားလို့ စောင့်နေတာ ၇ နှစ်ရှိပါပြီ”လို့ ဒေါ်စန်းစန်းမြင့် ပြော

by ယုဖြူဟန်
31 August 2020
in Entertainment
A A
တရားလို ဒေါ်စန်းစန်းမြင့် / ဝေဝေနှင်း / ဧရာဝတီ

တရားလို ဒေါ်စန်းစန်းမြင့် / ဝေဝေနှင်း / ဧရာဝတီ

47.4k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ တရားလို ဒေါ်စန်းစန်းမြင့်က သူ့ရဲ့ပိုက်ဆံတွေ ဆုံးရှုံးသွားလို့ စောင့်နေတာ ၇ နှစ်ရှိပြီလို့ ယနေ့ရုံးချိန်းမှာ ပြောပါတယ်။

“ကျမလည်း မြန်မာလူမျိုး၊ အသက်လည်း ၅၀ ကျော်ပြီ။ ကျမ ရှာထားဖွေထားတဲ့ အိမ်တွေ၊ ကားတွေ၊ ပိုက်ဆံတွေကို ပင်ပန်းပြီး ရှာခဲ့ရတာပါ။ သူတို့လည်း မြန်မာလူမျိုးပဲ၊ ကျမလည်း မြန်မာလူမျိုးပဲ။ သူလည်း ကိုယ်ပိုင်အိမ်နဲ့ ခြံနဲ့ ကားနဲ့၊ ကျမရဲ့ယူသွားတဲ့ဟာတွေကို အခုဆိုရင် ၇ နှစ် ရှိပြီပေါ့”

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
175
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
572
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

“အပြင်မှာစောင့်တာ ၂ နှစ်၊ တရားစွဲတာ ၅ နှစ်မှာ ကျမ အရမ်းပဲ ပင်ပန်းပါတယ်။ ကျမကို မြို့နယ်ရော၊ ခရိုင်ရော၊ တိုင်းရော၊ နေပြည်တော်ရော အကုန်လုံးက ကူညီစောင်မပြီးနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

အခုလိုကာလမှာ အခက်အခဲတွေ ပိုရှိတာကြောင့် ဆုံးရှုံးသွားတဲ့ငွေတွေကိုလည်း လိုချင်တဲ့အကြောင်းလည်း ပြောပြခဲ့ပါတယ်။

“သာသနာဆိုတာ ကိုယ်လည်း လုပ်ချင်တာပဲ။ ကိုယ်ရှာထားဖွေထားတဲ့ ပိုက်ဆံတွေနဲ့ ကိုယ့်မှာ မရှိဘူး။ အခုဆို ပိုဆိုးတာပေါ့။ အခက်အခဲတွေ အများကြီး ရှိတယ်။ ကျမ ရှာထားဖွေထားတဲ့ အိမ်ရယ်၊ကားရယ်၊ ကျမ ငွေတွေရယ် စာချုပ်တွေနဲ့ ယူသွားတာတွေကို ပြန်ပေးပါလို့။ တောင်းပန်ပါတယ်။ ပြန်ပေးစေချင်ပါတယ်။ ကျမမှာ မိသားစု ရှိတယ်။ သားရော၊ သမီးရော ရှိတယ်။ ကျမလည်း အလှူဒါန လုပ်ချင်တာပေါ့။ တောင်းပန်ပါတယ်” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဆက်လက်ပြီး “သူ့လက်နဲ့ပဲ ပေးမယ့် စာရွက်တွေ ပြန်ပေးတယ်။ အဲ့ပိုက်ဆံတွေပဲ ပြန်တောင်းတာ ၇ နှစ်လုံးလုံး သုံးပြီးသွားပြီလေ။ ၇ နှစ်လုံးလုံးလည်း ဒုက္ခတွေ ပေးပြီးသွားပြီလေ။ သူများပိုက်ဆံတွေလည်း ပြန်မလိုချင်ဘူး။ ကိုယ့်ပိုက်ဆံပဲ ကိုယ်ပြန်လိုချင်တယ်။ ကိုယ်လည်း သာသနာ လုပ်တတ်တယ်။ ကိုယ့်မှာ သားသမီးတွေ ရှိတယ်။ သူလည်း သာသနာလုပ်ချင်သလို ကျမလည်း လုပ်ချင်ပါတယ်” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဒီကနေ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ နောက်တိုးတရားခံအဖြစ် စွဲဆိုထားတဲ့ အမှုရုံးချိန်းမှာတော့ တရားလို ဒေါ်စန်းစန်းမြင့်ကို စစ်ဆေးနေဆဲဖြစ်ပေမယ့် စွပ်စွဲခံရသူဘက်မှ နေပြည်တော်သို့ အမှုတွဲတင်ထားတာကြောင့် မစစ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

သရုပ်ဆောင် မေသန်းနုကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုကတော့ ၂၀၁၆ ခုနှစ်က စတင်ကာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ကင်းမြို့နယ်မှ စွဲဆိုထားတဲ့ တရားမမှုအတွက် ချမှတ်ခဲ့တဲ့ ပြန်သွင်းငွေများကို သိန်း ၃၀ ပဲသွင်းရသေးတယ်လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

“အရင်အမှုကတော့ နိုင်ပြီလေ။ ရန်ကင်းက အမှုက ပြန်ကျပြီ။ ငွေပဲ မရသေးတာ။ ရုံးက ၃၅၀ ပဲ ချတယ်။ ကျမရဲ့ဘဏ်စာရွက်က ၆၂၅၊ သူတက်ခိုင်းသလို ရုံးတွေ လိုက်တက်နေတာပေါ့။ ကျမဆီက လက်မှတ်ထိုးပြီး တကယ်ယူသွားတဲ့အတွက် ဒါလေးကို ကျမကို လုပ်ပေးပါ။ ငွေက သိန်း ၃၀ ဝင်ပြီး ၂ နှစ် ကျော်တယ်။ တရားမမှုကို ပိုက်ဆံလည်း လာမသွင်းဘူး။ အခုဆိုရင် သွင်းမယ် ၂၀၀ ကျော်လောက် ရှိပြီပေါ့။ တလကို ၁၀ သိန်းနဲ့” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ယခု နောက်တိုးအမှုကတော့ မေသန်းနုနဲ့ တခြားတယောက်မှ ဒေါ်စန်းစန်းမြင့်ရဲ့ လှည်းတန်းမှာရှိတဲ့ သိန်း ၂၅၀၀ တန် နေအိမ်ကို ပေါင်ခဲ့ရာကနေ ဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့အမှု ဖြစ်ပါတယ်။

You may also like these stories:

အကျဉ်းကျနေစဉ် ကူညီသူများအား ကျေးဇူးတင်စကားပြောတဲ့ မေသန်းနု

မေသန်းနုအမှု အယူခံ ရှုံးတဲ့အတွက် တိုင်းအဆင့် ထပ်တက်မယ့် စင်ရော်မောင်မောင်

Your Thoughts …
Tags: ဒေါ်စန်းစန်းမြင့်မေသန်းနု
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် မေသန်းနု  / ချစ်ပိုး / ဧရာဝတီ

သြင်္ကန်မိုး မင်းသမီး မေသန်းနု ပြောပြတဲ့ သြင်္ကန်အမှတ်တရများ

by ချစ်ပိုး
16 April 2019
18.6k

သြင်္ကန်တော့ အမှတ်တရတွေ အများကြီးပေါ့။ သြင်္ကန်မင်းသမီးအနေနဲ့လည်း တော်တော်များများက သတ်မှတ်ကြတယ်။

ရွှေကြို ထက်လင်းအောင်ကို သင်ကြားပေးနေတဲ့ မေသန်းနု  / ချစ်ပိုး  / ဧရာဝတီ

“ရွှေကြိုကနေ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာတာတွေ ရှိတယ်”လို့ မေသန်းနု ပြော

by ချစ်ပိုး
10 March 2019
13.1k

အပြိုင်အဆိုင်ထဲမှာ အသစ်လေးတွေက ပိုပြီး အားကောင်းသလိုပဲ။ မဆင့်တို့ကတော့ ကြိုဆိုရမယ်။ အောင်မြင်တဲ့ နှစ်လို့ ပြောရမယ်။ အဟောင်းတွေကတော့ ဘာမှပြောစရာ မရှိဘူး”လို့ မေသန်းနုက ဆိုပါတယ်။

ယခင် ရုံးချိန်းမှာ တွေ့ရတဲ့ တရားလို ဒေါ်စန်းစန်းမြင့်  / ယုဖြူဟန် / ဧရာဝတီ

တရားလို ဒေါ်စန်းစန်းမြင့်မှ သက်သေခံစာချုပ်များ တင်သွင်းခဲ့တဲ့ ယနေ့ ရုံးချိန်း

by ယုဖြူဟန်
10 March 2020
21.6k

လက်ရှိအချိန်မှာတော့ အဆိုပါအမှုအတွက် တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်အား စစ်ဆေးရန် ရုံးချိန်း ၈ ချိန်း ပေးခဲ့ပြီး အမှုအားလုံးအတွက် ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ ဒေါ်စန်းစန်းမြင့်  / ယုဖြူဟန် / ဧရာဝတီ

“ဆုံးရှုံးသွားတဲ့ ငွေတွေ ပြန်ရရင် မေသန်းနု အမှုကို ရုတ်သိမ်းပေးမယ်”လို့ ဒေါ်စန်းစန်းမြင့် ပြော

by ယုဖြူဟန်
18 February 2020
11.3k

မပေးတဲ့အတွက်လည်း စိတ်မကောင်းဘူး။ ပေးရင်ဘာပဲဖြစ်ဖြစ် ကျမ ဆုံးရှုံးနစ်နာသွားတဲ့ ၆ နှစ်လုံး ကျမ ဒုက္ခရောက်တာတွေကို ကျမ ပိုက်ဆံရရင် ကျေနပ်ပါပြီ”

သရုပ်ဆောင် မေသန်းနု / ဧရာဝတီ

မေသန်းနုအမှု ရုံးချိန်း ကင်းလွတ်ခွင့်တင်ခြင်းအား တရားရုံးမှ ပလပ်ခဲ့

by ယုဖြူဟန်
27 February 2020
10.3k

အမှုကိုတော့ ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးမှာဖြစ်ပြီး ဦးစွာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်အား စစ်ဆေးရန် ရုံးချိန်း ၈ ချိန်း ချိန်းဆိုကာ စစ်ဆေးသွားမှာပဲဖြစ်ပါတယ်။

သရုပ်ဆောင် မေသန်းနု / ဧရာဝတီ

အကျဉ်းကျနေစဉ် ကူညီသူများအား ကျေးဇူးတင်စကားပြောတဲ့ မေသန်းနု

by ယုဖြူဟန်
2 July 2020
7.8k

မဆင့်ကို အားလုံးစောင့်ရှောက်ကြတာလေ။ မဆင့် ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ မေသန်းနုက ပြောပါတယ်။

Next Post
ကိုဗစ်ထောက်ပံ့ကြေး တောင်ပြုံးနတ်ကတော်များ မရရှိ (ရုပ်/သံ)

ကိုဗစ်ထောက်ပံ့ကြေး တောင်ပြုံးနတ်ကတော်များ မရရှိ (ရုပ်/သံ)

ထူးခြားတဲ့ ဆိုက်ကား

ထူးခြားတဲ့ ဆိုက်ကား

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate