• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

နစ်နာမှုအတွက် လျော်ကြေး သိန်း ၉၀၀၀ တောင်းဆိုထားတဲ့ မေဟန်နီထွေး

by ယုဖြူဟန်
1 September 2020
in Entertainment
A A
မိုးစက်ဝိုင်အား တရားစွဲဆိုထားသူ မေဟန်နီထွေး / ဝေဝေနှင်း / ဧရာဝတီ

မိုးစက်ဝိုင်အား တရားစွဲဆိုထားသူ မေဟန်နီထွေး / ဝေဝေနှင်း / ဧရာဝတီ

26.7k
VIEWS
Share on FacebookShare on Twitter

ကုမ္ပဏီငွေကြေးများကို အလွဲသုံးစားပြုလုပ်တယ်ဆိုတဲ့ မှားယွင်းစွာ စွပ်စွဲချက်ကြောင့် အချုပ် ၁ လ ကျခံခဲ့ရတဲ့ မေဟန်နီထွေးကတော့ သူ့ရဲ့နစ်နာမှုအတွက် ဒေါ်ဝေဝေခိုင် (ခေါ်) အလှမယ် မိုးစက်ဝိုင်အား ငွေကျပ် သိန်း ၉၀၀၀ နစ်နာကြေး တောင်းထားတယ်လို့ သိရပါတယ်။

“ကျမ အမှု စွဲထားတာ ရှိတယ်။ အဲဒါက ဒီအမှု (အသရေဖျက်မှု)ရယ်၊ ပြီးတော့ နစ်နာကြေး သိန်း ၉၀၀၀ တောင်းထားပါတယ်။ တခြားသူတွေ အမြင်မှာတော့ ဒါကိုများတယ်လို့ ထင်မှာပေါ့။ ကျမရဲ့ဂုဏ်သိက္ခာ၊ အပျိုလေးတယောက်ရဲ့အရှက်၊ မိသားစုအားလုံးရဲ့အရှက် သိက္ခာကို နင်းချေလိုက်တဲ့အတွက်၊ ဝန်ထမ်းတွေကို မတရားပြုလုပ်တဲ့သူတွေအတွက်ကို ကျမ နမူနာ တခုအနေနဲ့ကို ဒီလောက်တန်ကြေးအနေနဲ့ တောင်းတာ။ တရားသူကြီးက ဆုံးဖြတ်ရမယ့် ကိစ္စဆိုတော့ ရ၊ မရတော့ မသိဘူးပေါ့” လို့ မေဟန်နီထွေးက ပြောပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.5k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
447
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

ဒီလို အမှုကိစ္စဖြစ်ခဲ့တာကြောင့်လည်း မေဟန်နီထွေးရဲ့ မင်္ဂလာဆောင်မယ့် ကိစ္စလည်း ပျက်သွားခဲ့ရပြီး ဘာအတွက်ကြောင့် အခုလိုလုပ်ခဲ့တာလဲဆိုတာကို နားမလည်ဘူးလို့ ဆိုပါတယ်။

“ကုန်ကုန်ပြောရရင် ကျမ မင်္ဂလာဆောင်မယ့်ကိစ္စလည်း ပျက်စီးသွားပါတယ်။ ဒီဟာကြောင့်ပေါ့။ ဒါဆို ကျမ ဘယ်လောက်နစ်နာလဲဆိုတာ ခန့်မှန်းမိမယ် ထင်ပါတယ်။ ကျမ ဘယ်သူ့ကိုမှ မပြောလိုဘူး။ လူတယောက်ကို ဒီလောက် လုပ်ထားပြီးရင်တော့ ဒီလိုလုပ်တဲ့ အကြောင်းကိုလည်း ဘယ်လိုမှ စဉ်းစားမရဘူး။ ကျမကတော့ သူတို့ကြောင့်မို့လို့ ကျမ ဘဝ လုံးဝကို ပျက်စီးသွားတာ” လို့ မေဟန်နီထွေးက ပြောပါတယ်။

ဆက်လက်ပြီး “ကျမတို့ မင်္ဂလာဆောင်ဖို့အတွက် စုထားတဲ့ ပိုက်ဆံတွေ အကုန်လုံးကို တရားစရိတ်အဖြစ် သုံးလိုက်ရတဲ့အတွက် မင်္ဂလာဆောင်ဖို့အတွက် တပြားမှ မရှိတော့ဘူး။ တဖက်ကတော့ ငြင်းဆန်တာတော့ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

တဖက်မှ လာရောက် တောင်းပန်ညှိနှိုင်းတာမျိုး မရှိသေးဘဲ ကိုယ်တိုင်လည်း ဝန်ထမ်းဖြစ်တာကြောင့် မတရားခံရတဲ့ ဝန်ထမ်းတွေအတွက် အခုလို တရားစွဲဆိုရတာ ဖြစ်တယ်လို့ သိရပါတယ်။

“တောင်းပန်တာက ယနေ့အထိ မရှိသေးပါဘူး။ ညှိနှိုင်းတာလည်း မရှိပါဘူး။ ကျမကို ညှိနှိုင်းတာ၊ မနှိုင်းတာထက် ကိုယ်လုပ်တဲ့အမှားပေါ်မှာ ကိုယ်တကယ် နောင်တရလား။ ကျမ အဲဒါပဲ မေးလိုက်ချင်တာ။ အခုဆိုရင် ကျမတို့နိုင်ငံမှာ သူဌေးနဲ့ ဝန်ထမ်းဆိုရင် ဝန်ထမ်းက များတယ်။ ဒါပေမဲ့ တခုခု ပြဿနာဖြစ်လာပြီဆိုရင် ကျမတို့ ဝန်ထမ်းတွေမှာ တိုင်မယ်လို့သာ ပြောကြတာ၊ မတိုင်ဖြစ်ကြဘူး”

“တကယ်တမ်း မတရားခံလိုက်ရတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုရင် နောက်အလုပ်တခုကိုသွားရင် အခက်အခဲဖြစ်မှာတွေ ကိုယ့်စရိတ် ကိုယ်စားပြီး ရုံးကို လာရမှာတွေ ဖြစ်တဲ့အတွက်ကို အလုပ်ထွက်စာ တင်လိုက်ကြတယ်။ ကျမလည်း ဒီသဘောပဲ။ အလုပ်ထွက်စာ တင်ပြီး တခြားအလုပ်မှာ ကျမ လုပ်နေတာ ၄ လ ရှိနေပြီ” လို့ မေဟန်နီထွေးက ပြောပါတယ်။

တခြားအလုပ်များမှာ သွားရောက် လျှောက်ထားတဲ့အခါမှာ တဖက်က လူကို တရားမစွဲပါက အလုပ်ခန့်ပေးမယ်ဆိုတဲ့ စကားလုံးများနဲ့အတူ အချုပ်မှ လွတ်မြောက်လာခြင်းကိုလည်း အာမခံနဲ့ လွတ်လာတယ်ဆိုတဲ့ သတင်းစကားများလည်း ကြားရတယ်လို့ ဆိုပါတယ်။

“အလုပ် သွားလျှောက်တယ်။ တချို့အလုပ်ရှင်တွေက ဘယ်လိုပြောလဲဆိုရင် သူ့ကို (မိုးစက်ဝိုင်ကို) တရားမစွဲဘူးဆိုရင် အလုပ်ခန့်မယ်ဆိုတဲ့ စကားလုံးတွေ၊ ကိစ္စပြီးပြတ်ပြီးပြီလားဆိုပြီး ထိုးနှက်ခံရတယ်။ နောက်ပြီး ကျမ လွတ်လာတာက ကွင်းလုံးကျွတ် လွတ်လာတာပါ။ အမှုမှန် ပေါ်ပေါက်သွားတဲ့အတွက် လွတ်လာတာ”

“ဒါပေမဲ့ ပြန်ကြားရတဲ့ စကားလုံးတွေက ကျမဟာ အာမခံနဲ့ လွတ်လာတယ်ဆိုပြီး ကြားရတယ်။ ကျမဟာ ကွင်းလုံးကျွတ် လွတ်လာတာပါ”လို့ မေဟန်နီထွေးက ပြောပါတယ်။

မမေဟန်နီထွေးကတော့ Mozey Cosmetics ကုမ္ပဏီမှာ Sale Manager ရာထူးဖြင့် အလုပ်လုပ်ကိုင်ခဲ့ပြီး သူမကိုတော့ ကုမ္ပဏီဘက်မှ ပုဒ်မ ၄၀၈ (ငွေကြေးလိမ်လည်မှု) ၊ ၄၇၂ (တံဆိပ်ခေါင်းအတု လုပ်မှု) တို့ဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုအခါမှာတော့ မေဟန်နီထွေးက ဗဟန်းမြို့နယ် တရားရုံးမှာ ဒေါ်ဝေဝေခိုင် (ခေါ်) အလှမယ် မိုးစက်ဝိုင်ပါ ၂ ဦးတို့ကို အသရေဖျက်မှုဖြင့် ဦးတိုက် လျှောက်ထားပြီး ရဲလုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သူမရဲ့နစ်နာမှုအတွက် လျော်ကြေးငွေကိုတော့ အနောက်ပိုင်းခရိုင် တရားရုံးမှာ တောင်းဆိုထားတာ ဖြစ်ပါတယ်။

You may also like these stories:

Mozey Cosmetics ရဲ့ မှားယွင်းစွပ်စွဲမှုကြောင့် အချုပ် ကျခံခဲ့ရတဲ့ မေဟန်နီထွေး

အလှမယ် မိုးစက်ဝိုင် ပါ ၂ ဦးကို အသရေဖျက်မှုဖြင့် ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်ထား

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တဲ့အကြောင်း ပြောပြတဲ့ အလှမယ် မိုးစက်ဝိုင်

Your Thoughts …
Tags: မိုးစက်ဝိုင်မေဟန်နီထွေးအသရေဖျက်မှု
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

X က Media Matters အလှူရှင် အချက်အလက် တောင်းဆိုမှု ပယ်ချခံရဖွယ်ရှိ

X က Media Matters အလှူရှင် အချက်အလက် တောင်းဆိုမှု ပယ်ချခံရဖွယ်ရှိ

by ဧရာဝတီ
27 October 2024
849

အီလွန်မတ်စ် ကို ဆန့်ကျင်တဲ့ လူတဦးချင်းစီထံမှ အလှူငွေတွေ တောင်းခံခဲ့ခြင်း ရှိမရှိ အဲဒီ လက်ဝဲယိမ်း စောင့်ကြည့်ရေး အဖွဲ့က သိနိုင်တာကြောင့် Media Matters ရဲ့ အလှူရှင် အချက်အလက်တွေ ရရှိနိုင်ဖို့က အရေးကြီးကြောင်း X...

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် / AFP

ဘုရင်စနစ်ကို အသရေဖျက်မှု သက်ဆင် အာမခံရ

by ဧရာဝတီ
20 June 2024
647

သက်ဆင်သည် တရားစီရင်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန်အသင့်ရှိကြောင်း ၎င်း၏ရှေ့နေ ဝင်းယက် ချက်မွန်ထရီက ပြောသည်။

ဒေါ်နယ် ထရမ့်နှင့် စတော်မီ ဒန်နီရယ် / AFP

ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ

by ဧရာဝတီ
5 April 2023
14k

ဒန်နီရယ်က သူသည် ထရမ့်နှင့် ၂၀၀၆ ခုနှစ်က လိင်ပိုင်းဆက်ဆံရေး ရှိခဲ့ကြောင်း ပြောသည်။

ဒေါ်နယ်ထရမ့် မကြာမီ သာမန် နိုင်ငံသားတယောက် ဖြစ်လာသည့်အခါ တရားမမှု ရှေ့နေများ၊ အစိုးရ ရှေ့နေများ၏ ပစ်မှတ်ဖြစ်လာပါတော့မည် / Getty Images

အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ

by ဧရာဝတီ
22 November 2020
59k

သမ္မတပင်ဖြစ်စေကာမူ မည်သည့် အမေရိကန်နိုင်ငံသားမျှ ဥပဒေ၏ အထက်တွင် လုံးလုံးလျားလျား ရှိမနေပါ။

ဗဟန်းမြို့နယ် တရားရုံး  / ဧရာဝတီ

အလှမယ် မိုးစက်ဝိုင် ပါ ၂ ဦးကို အသရေဖျက်မှုဖြင့် ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်ထား

by ယုဖြူဟန်
11 August 2020
20.2k

ဒီအမှုကိုတော့ ရဲစခန်းမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးရန်အတွက် အစီရင်ခံစာ တင်ထားတယ်လို့ သိရပါတယ်။

သူဌေးကြီး Elon Musk နဲ့ မင်းသား Johnn Depp

“တပွဲတလမ်း အကဲစမ်းမလား”လို့ Johnny Depp ကို သူဌေး Elon Musk စိန်ခေါ်

by မစ်ကီ
30 July 2020
6.5k

ဒါ့အပြင် သူဌေးကြီးက မင်းသမီး Amber၊ စူပါမော်ဒယ် Cara Delevingne တို့နဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုလည်း ငြင်းဆိုထားပါတယ်။

Next Post
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ယန်ကျီချီ

တရုတ်ထိပ်တန်း နိုင်ငံခြားရေးအရာရှိ မြန်မာသို့ လာမည်

အမေရိကန်နိုင်ငံက Delta Air Lines

Mask မတပ်ရင် လေယာဉ်စီးခွင့်မပြုတဲ့ အမေရိကန် Delta Air Lines

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate