• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုဗစ် Negative အဖြေ ထွက်ခဲ့တဲ့ ဒီဇိုင်နာ သျှတ္တရတို့ မိသားစု

by ယုဖြူဟန်
2 September 2020
in Entertainment
A A
ရခိုင်တိုင်းရင်းသား ဒီဇိုင်နာ သျှတ္တရ / ဝေဝေနှင်း / ဧရာဝတီ

ရခိုင်တိုင်းရင်းသား ဒီဇိုင်နာ သျှတ္တရ / ဝေဝေနှင်း / ဧရာဝတီ

15.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ပြန်လာတဲ့ ခရီးသွား ရာဇဝင် ရှိခဲ့တဲ့ ဒီဇိုင်နာ သျှတ္တရတို့ မိသားစုဟာ COVID-19 ရောဂါပိုး ရှိ၊ မရှိ သွားရောက် စစ်ဆေးခဲ့ရာ Negative အဖြေ ထွက်ခဲ့တယ်လို့ သိရပါတယ်။

“ဇာတိက ကျောက်ဖြူကပါ။ ကျနော်က ရခိုင်လူမျိုး ဖြစ်တယ်။ ကျောက်ဖြူကနေ ၁၀ ရက်နေ့က လာတဲ့လူတွေ အကုန်လုံးကို ကြေညာတယ်ပေါ့။ လူအယောက် ၅၀၀၀ ကျော်ကို ကိုဗစ်နဲ့ ပတ်သက်ပြီး ဆေးစစ်ဖို့ ဆိုပြီး ကြေညာတာ တွေ့တယ်။ အိမ်မှာလည်း အလုပ်သမားတွေ အကုန်လုံးကို အပြင်မထွက်ခိုင်းဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေတယ်။ နည်းနည်း အရေးကြီးတဲ့ လူမှ တွေ့တယ်”

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
186
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
607

“ဒီအချိန်က နည်းနည်း ဂရုစိုက်ရမယ့် အချိန်လည်း ဖြစ်တယ်။ အဓိကက ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း အများကြီးဖြစ်နေတယ်ဆိုပြီး ကြားနေရတော့ ပိုကြောက်ပြီးတော့ နေတယ်။ အိမ်မှာက မိသားစုရယ်၊ အလုပ်သမားတွေရယ်နဲ့ ပေါင်းရင် ၁၀ ယောက် ဝန်းကျင်လောက် ရှိတယ်”လို့ သျှတ္တရက ပြောပါတယ်။

ရခိုင်မှာရှိတဲ့ ညီမဝမ်းကွဲရဲ့ ၈ လအရွယ် ကလေး နေမကောင်းတဲ့အတွက် ရန်ကုန်ကို ဆေးခန်း ပြသရန်ခေါ်ယူခဲ့တာကြောင့် အိမ်မှာ လူဦးရေ များသွားပြီး ရခိုင်ကလာတဲ့လူ အများကြီးရှိတယ်ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အတိုင်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ရခိုင်က ကျနော့် ညီမ ဝမ်းကွဲရဲ့ကလေးက နေမကောင်းတော့ ဆေးခန်းပြမယ်ဆိုပြီး ရောက်နေတာ ရှိတယ်။ ဘယ်အချိန်ကရောက်တာလဲဆိုရင် ပထမလှိုင်း ပြီးသွားတဲ့အချိန်မှာ ကလေးကကျတော့ ၈ လပဲရှိသေးတယ်။ နေမကောင်းတာ ၃ ၊ ၄ လလောက် ရှိပြီဆိုတော့ ရန်ကုန်မှာလာပြီး ဆေးခန်းပြလိုက်ပါလားဆိုပြီး ကျနော် ကိုယ်တိုင်လည်း ရန်ကုန်ကို ခေါ်လိုက်တာ ဖြစ်တယ်”

“အိမ်မှာ ၁၃ ယောက်၊ ၁၄ ယောက် ဖြစ်သွားတယ်။ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ အိမ်ရှေ့မှာ လူတွေကထွက်လုပ်ကြတော့ ရခိုင်တွေ အများကြီး ဒီအိမ်မှာရှိတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားတိုင်တယ်။ အဲ့အချိန်မှာ အိမ်က လူစာရင်းနဲ့ ဘယ်နေ့၊ ဘယ်အချိန်က ပြန်ရောက်လဲ ပြောခိုင်းတော့ လူက အရမ်းကြောက်သွားတာ”လို့ သျှတ္တရက ပြောပါတယ်။

“၈ နာရီသတင်း ရခိုင်ပြည်နယ်က ပြန်လာတဲ့သူတွေ စာရင်းမှာ ကိုယ့်အိမ်က လူ ၃ ယောက်ရယ်၊ ၈ လကလေးတယောက်ရယ်၊ နာမည်ရယ်၊ နေရပ်လိပ်စာရယ် ပါလာတာပေါ့။ အဲ့မှာ တအိမ်လုံး စိတ်ပူသွားတယ်။ ဘယ်လိုလုပ်ကြမလဲဆိုပြီး ဖြစ်ကြတယ်။ ကျနော်တို့အိမ်က ရခိုင်ပြန်လာတဲ့သူတွေက ၁၈ ရက်နေ့ Flight နဲ့ ပြန်လာတယ်”

“အရမ်းနီးစပ်တယ်ဆိုတော့ ကူးမယ်ဆိုရင် တအိမ်လုံးကူးမှာဆိုတော့ ပြောပြတယ်။ ဘယ်လိုတွေနေထိုင် ဆိုပြီးတော့။ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်တော့ သူတို့က ပြန်ပြောမယ်လို့ ပြောတယ်။ တအိမ်လုံးကလည်း အရမ်းစိတ်ပူပြီး နေလို့ကို မရဘူး။ အဲ့ ၃ ရက်မှာ ဧည့်သည်တွေကိုလည်း မလာခိုင်းဘူး” လို့ သျှတ္တရက ပြောပါတယ်။

ရောဂါပိုး စစ်ဆေးပြီးတဲ့ရက်မှာပဲ ရောဂါပိုးတွေ့ရှိသူ ၉၅ ဦး တပြိုင်နက် တွေ့ရှိခဲ့တာကြောင့်လည်း များစွာ စိတ်ပူခဲ့ရပြီး စာရင်းဇယား မထွက်မချင်း စိတ်ပင်ပန်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စစ်တဲ့နေ့မှ လူဦးရေ ၉၅ ဦး အများဆုံးနဲ့ ထွက်လာတယ်။ လူနာမည်နဲ့ ထွက်လာမလား။ ညနေ ၅ နာရီမှာ အရေးပေါ်ကားနဲ့များ ရောက်လာမလားဆိုပြီး စိတ်တွေ လှုပ်ရှားတယ်။ အရမ်းစိတ်ပင်ပန်းတယ်။ နာမည်စာရင်း မထွက်မချင်းကို တညလုံးလည်း အိပ်မရဘူး။ စာရင်းထွက်တဲ့ အချိန်မှာမှ ကိုယ့်အိမ်က လူတွေ နာမည် မပါဘူး၊ အသက်တွေ မပါဘူးဆိုပြီး သက်ပြင်း ချနိုင်တယ်”

“ဒါတောင် ကိုယ့်ကို ဘယ်သူမှ မဆက်သွယ်လာသေးတော့ စိတ်မအေးနိုင်သေးဘူး။ အုပ်ချုပ်ရေးမှူးကလည်း မသိသေးဘူးတဲ့။ နောက်တော့ ကျန်းမာရေးဝန်ကြီးဌာနကို ဖုန်းဆက်တော့ စာရင်းထဲမှာ မပါဘူးတဲ့။ ဗဟန်းမြို့နယ်က မပါဘူးဆိုလို့ စိတ်အေးရတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သျှတ္တရက “ကျနော်တို့ တအိမ်လုံးကတော့ Negative ပါ။ ကိုဗစ်ရောဂါ မတွေ့ရှိရပါဘူး။ တကယ်တော့ ကိုယ့်စိတ်က အရမ်းကြောက်တာပါ။ ကိုယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အချိန်မှာ မကြောက်ဘူးလို့ အားတင်းထားပေမယ့် အဲ့လိုအချိန်မှာ အရမ်းကို ခံစားရတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က ပြန်လာတဲ့သူ တော်တော်များများ ဆေးသွားမစစ်တာတွေ ရှိနေသေးတာကြောင့် သွားရောက် စစ်ဆေးဖို့အတွက် တိုက်တွန်းထားပြီး သူ့ရဲ့အတွေ့အကြုံများကိုလည်း အကြံပေးထားပါတယ်။

“ရခိုင်ကလာတဲ့သူ တော်တော်များများ အယောက် ၄၀၀၀ ဝန်းကျင်လောက်ကို ဆေးသွား မစစ်သေးဘူးလို့ သိရပါတယ်။ တကယ် ကိုယ်နဲ့သိတဲ့သူဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်ဖြစ်ဖြစ် အကြံဉာဏ်ပေးပါ။ ခရီးသွား ရာဇဝင်ရှိရင် သွားစစ်လိုက်ပါ။ ဆရာဝန်တွေ၊ ပိုးရှိတဲ့သူတွေဆီကနေ ကူးမှာစိုးလို့ PPE ဝတ်စုံဝတ်သွားပါလို့ အကြံပေးချင်ပါတယ်”

“ဒီဟာက ပူတယ်ဆိုပေမယ့် အချိန် ၁ နာရီ ၂ နာရီလောက် ဝတ်ထားရုံနဲ့ ကာကွယ်နိုင်ပါတယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဆို ဒီဝတ်စုံတွေကို တချိန်လုံး ဝတ်ထားရတယ်။ ကိုယ်ဟာ ခဏလေး ဝတ်ရမှာကို ရှက်တာ၊ ကြောက်တာ မဟုတ်ဘဲ အပြည့်အစုံ ဝတ်ပြီး သွားစစ်ပါလို့ အကြံပေးချင်ပါတယ်” လို့ သျှတ္တရက ပြောပါတယ်။

ဒီဇိုင်နာ သျှတ္တရကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ Facebook အကောင့်ကနေ Live လွှင့်ကာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ သျှတ္တရက ရခိုင်တိုင်းရင်းသား ဒီဇိုင်နာတဦးဖြစ်ပြီး လက်ရှိ MNTV မှာ ပြသနေတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာလည်း နတ်ဝတ်စုံများကို ဖန်တီးထားသူ ဖြစ်ပါတယ်။

You may also like these stories:

“ကိုယ်တိုင်လည်း စိုးရိမ်သလို ပရိသတ်တွေကိုလည်း ဂရုစိုက်စေချင်တယ်”

“ရခိုင်ပြည်နယ်ကြီး ကိုဗစ်ရောဂါကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ”

နစ်နာမှုအတွက် လျော်ကြေး သိန်း ၉၀၀၀ တောင်းဆိုထားတဲ့ မေဟန်နီထွေး

Your Thoughts …
Tags: COVID-19ဒီဇိုင်နာ သျှတ္တရရခိုင်ပြည်နယ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

TNLA စစ်သားစုသည့်သတင်းကြောင့် အရပ်သား ၂၀၀ ကျော် ထွက်ပြေး

အဆိုတော် လေးဖြူ / ဝေဝေနှင်း / ဧရာဝတီ

“ဆန္ဒမဲပေးကြမည်” သီချင်း သီဆိုထားတဲ့ လေးဖြူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate