အမေရိကားမှာ နေထိုင်တဲ့ မိသားစုထံကနေ မြန်မာနိုင်ငံကို ပြန်ရောက်ရှိနေတဲ့ သရုပ်ဆောင် နိုင်းနိုင်းဟာ ၃ ပတ်ခန့် Quarantine ဝင်ရောက်နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်ခန့်က “လေဆိပ်မသွားခင် ရဲဘော်များနဲ့ ဒီတခါ ဓာတ်ပုံရိုက်တာ ရယ်ပြီးရိုက် လွမ်းတယ်ဗျာ။ ရဲဘော်တွေကို ရန်ကုန်ရောက်ရင် ၂၁ ရက် Q ဝင်ရမယ်။ ချစ်သောသူများလည်း ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဟာ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း ဖြစ်ပါတယ်” လို့ နိုင်းနိုင်းက ပြောပါတယ်။
ပရိသတ်များကိုလည်း အရင်ကထက်ပိုပြီး ဂရုစိုက်ကြဖို့နဲ့ အမြဲ သတိရှိကြဖို့လည်း ပြောထားပါတယ်။
“ရန်ကုန်ပြန်ရောက်တော့ ကျနော့်ကို ၃ ပတ် အနားယူပါဆိုလို့ ချစ်သော ပရိသတ်များလည်း အရင်ထက်ပိုပြီး ဂရုစိုက်ကြပါ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ စကားက ကိုဗစ်ကာလမှာ မမှန်ပါ။ ကိုယ်ဖြစ်ရင် ကိုယ့်မိဘ၊ ညီအစ်ကို မောင်နှမ၊ သားသမီးနဲ့ ဇနီး၊ ဘေးပတ်ဝန်းကျင်ပါ အကုန်ခံရမှာပါ။ Mask ကို အပြင်ထွက်တိုင်းဝတ်ဆင်သွားပါ။ လက်ကို သေချာဆေးပါ။ သတိ အမြဲရှိကြပါ” လို့ နိုင်းနိုင်းက ပြောထားပါတယ်။
နိုင်းနိုင်းကတော့ ရန်ကုန်ပြန်ရောက်ရောက်ချင်း ဟိုတယ် Quarantine ဝင်ရောက်တဲ့အကြောင်းကို ဗီဒီယိုဖိုင်တခုနဲ့အတူ ဖော်ပြထားတာ ဖြစ်ပါတယ်။ မိသားစုရှိတဲ့ အမေရိကားကိုတော့ လွန်ခဲ့တဲ့ ၁ လခန့်ကသွားရောက်ခဲ့တာဖြစ်ပြီး ၁ လကျော် သွားရောက် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကားကို ရောက်ရှိစဉ်ကလည်း မိသားစုများနဲ့အတူ အလှူတခု ပြုလုပ်ခဲ့ပြီး သားလေးရဲ့မွေးနေ့ပွဲလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ နိုင်းနိုင်းကတော့ သားတယောက်၊ သမီး ၃ ယောက်နဲ့အတူ ပျော်ရွှင်စရာ မိသားစုတခုကို ပိုင်ဆိုင်ထားပြီး သူကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်များ အားလပ်တဲ့အချိန်များမှာ မိသားစုထံ သွားရောက်လေ့ ရှိပါတယ်။
You may also like these stories:
ကိုဗစ် Negative အဖြေ ထွက်ခဲ့တဲ့ ဒီဇိုင်နာ သျှတ္တရတို့ မိသားစု
“ကိုယ်တိုင်လည်း စိုးရိမ်သလို ပရိသတ်တွေကိုလည်း ဂရုစိုက်စေချင်တယ်”
“ရခိုင်ပြည်နယ်ကြီး ကိုဗစ်ရောဂါကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ”