တနှစ်ကိုတပွဲ ကျင်းပလေ့ရှိတဲ့ နှင်းဆီအဖွဲ့ရဲ့ အငြိမ့်များကိုတော့ ပရိသတ်က စွဲလမ်း နှစ်သက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီနှစ်မှာတော့ COVID-19 ရောဂါ အန္တရာယ်ကြောင့် ပွဲမကျင်းပနိုင်ပေမယ့် အွန်လိုင်းမှတဆင့် ဖျော်ဖြေ တင်ဆက်သွားမယ်လို့ သိရပါတယ်။
ဒီပွဲဟာ နှင်းဆီပွဲတွေထဲမှာ ပထမဆုံး Unplugged Music Show ဖြစ်တာကြောင့် ထူးခြားမှုများ၊ ကြိုးပမ်းမှုများနဲ့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
နှင်းဆီအဖွဲ့ဟာ ပုံမှန်ဆို အငြိမ့်ကိုသာ အဓိက ဖျော်ဖြေခဲ့ပေမယ့် အခုအခါမှာတော့ မတူညီတဲ့ ဖျော်ဖြေတင်ဆက်မှုဖြစ်တဲ့ Unplugged Music Show ကို တင်ဆက်မှာပဲ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ ဦးဆောင်မှုဖြင့် သရုပ်ဆောင် မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့က သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
မာလာမြိုင်နှင်းဆီ Unplugged Music Show ကိုတော့ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး Live တင်ဆက်မှုအနေဖြင့် Channel K ရုပ်သံလိုင်းနဲ့ Facebook Live အနေနဲ့ကတော့ Facebook Page ၄ ခုတို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။
နှင်းဆီအဖွဲ့ကတော့ နှင်းဆီနဲ့ ပတ်သက်တဲ့ နာမည်အမျိုးမျိုးဖြင့် အငြိမ့်ပွဲများစွာကို ဖျော်ဖြေ တင်ဆက်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တခုကို ကျော်လွန်လာပြီဖြစ်ပြီး နောက်ဆုံး ဖျော်ဖြေတင်ဆက်ခဲ့တဲ့ပွဲ “နှင်းဆီပဝါ ခြုံတဲ့လက်” ကိုတော့ ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နှင်းဆီပွဲများဟာ များသောအားဖြင့် ပရဟိတရန်ပုံငွေပွဲအဖြစ် ဖျော်ဖြေတင်ဆက်ကြတာဖြစ်ပြီး ရရှိတဲ့အကျိုးအမြတ်များကိုတော့ နေရာအနှံ့မှာရှိတဲ့ လိုအပ်နေတဲ့ နေရာများကို လှူဒါန်းလေ့ ရှိပါတယ်။
You may also like these stories:
အမေရိကားက ပြန်လာပြီး Quarantine ၃ ပတ် ဝင်နေတဲ့ နိုင်းနိုင်း
“ဆန္ဒမဲပေးကြမည်” သီချင်း သီဆိုထားတဲ့ လေးဖြူ