The Voice Myanmar Season 3 ရဲ့ Blind Audition မှာ ပြိုင်ပွဲဝင် “ရဲခန့်” သီဆိုယှဉ်ပြိုင်ခဲ့တဲ့ “ညှို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းရဲ့ မူရင်းအဆိုတော် Rဇာနည်နဲ့ မီးမီးခဲ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ သီချင်းမှာ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းဖြစ်ပြီး ရုပ်ရှင်အတွက် အသစ်ရေးသားထားတဲ့ သီချင်းဖြစ်တယ်လို့ သိရပါတယ်။
“ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင်ဇာတ်ဝင်သီချင်း သီဆိုသူ မူရင်း အဆိုရှင်က Rဇာနည်ပါ။ ကျမတို့ မိသားစုပိုင် မဟာထွန်း ရုပ်ရှင်ထုတ်လုပ်ရေး၊ ဝတ္တု လွန်းထားထား(ဆေးတက္ကသိုလ်)၊ ဒါရိုက်တာက ကျွန်မ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ “ညှို့သောပင်လယ်၊ ဆွဲငင်သော လမင်း” ရုပ်ရှင်အတွက် အသစ်ရေးတဲ့ သီချင်းပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ဒီရုပ်ရှင်မှာတော့ ဒွေးနဲ့ ထွန်းအိန္ဒြာဗိုတို့က သရုပ်ဆောင်ထားခဲ့ပြီး သီချင်းကိုလည်း Rဇာနည်နဲ့ မီးမီးခဲတို့က “လမင်းသို့” ဆိုတဲ့ စုံတွဲသီချင်းခွေလည်း ထုတ်ခဲ့ပြီး ထုတ်လုပ်သူဟာလည်း ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ညီမဖြစ်သူက ထုတ်လုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။“မင်းသား ဒွေး၊ မင်းသမီး ထွန်းအိန္ဒြာဗို ပါ။ ပြီးတော့ “လမင်းသို့” အမည်နဲ့ Rဇာနည် ၊ မီးမီးခဲ စုံတွဲသီချင်းခွေ ထုတ်ခဲ့ပါသေးတယ်။ ထုတ်လုပ်သူက ကျမ ညီမ မနုရွှေရည်ပါ။ ဒီသီချင်းကို ဇာတ်ဝင်သီချင်းအဖြစ် တေးရေး စောခူဆဲက ရေးပြီး၊ Rဇာနည် နဲ့ မီးမီးခဲ စုံတွဲဆိုခဲ့တာပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ဆက်လက်ပြီး “မူရင်းအဆိုရှင် Rဇာနည်ကို အနားထားပြီး ခုလိုတွေ ပြောနေကြတာ မြင်တော့ စိတ်မကောင်း ဖြစ်မိလို့ပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောထားပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က MRTV-4 မှာ ပြသခဲ့တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition မှာ ပြိုင်ပွဲဝင်ရဲ့သီဆိုယှဉ်ပြိုင်မှုမှာ Coach ၄ ဦးလုံး လှည့်ကြည့်ခဲ့ပြီး ပြိုင်ပွဲဝင်ကတော့ “Team R Zar Ni” ကို ရွေးချယ်ခဲ့ပါတယ်။
ဒီသီချင်းကိုတော့ အဆိုတော် အောင်ထက် ပြန်လည် သီဆိုမှုကို ပရိသတ်များက ရင်းနှီးကျွမ်းဝင်ခဲ့ပြီး Coach တဦးဖြစ်တဲ့ နီနီခင်ဇော်က ပြိုင်ပွဲဝင်ဖြစ်သူ “ရဲခန့်” အား အဆိုပါ သီချင်း ပြန်လည် သီဆိုခဲ့သူ အောင်ထက်နဲ့ ဖုန်းပြောဆိုရင်း စကားပြောဆိုစေခဲ့ပါတယ်။
Coach တဦးဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ ဒီလိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်မှုများစွာ ရှိနေပါတယ်။
You may also like these stories:
The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း
ထူးထူးခြားခြားတဦးတည်းပြိုင်ပြီး Winner ဖြစ်ခဲ့ရတဲ့ Myanmar Idol Season 3 ရဲ့ Final ည