“ပဋိပက္ခ” သီချင်းနဲ့ Coach တွေကို အံ့သြစေခဲ့တဲ့ ယုဇန
The Voice Myanmar Season 3 ရဲ့ Blind Audition တတိယမြောက် အပတ်မှာတော့ Coach တွေအားလုံး အံ့သြသွားစေတဲ့ သီချင်းနဲ့ အဆိုတော် ယုဇနက ပြိုင်ပွဲဝင်တယောက်ပုံစံဖြင့် လာရောက်ဖျော်ဖြေခဲ့ပါတယ်။
အဆိုတော် ယုဇနက သူ့ရဲ့နာမည်ကြီးအောင်မြင်ခဲ့သော သီချင်းတပုဒ်ဖြစ်တဲ့ “ပဋိပက္ခ” သီချင်းကို သီဆိုခဲ့ပြီး အမြင်တမျိုးနဲ့ ပရိသတ်များကလည်း သဘောကျနှစ်သက်ခဲ့ကြပါတယ်။
“မနေ့ညက The Voice မှာ Surprise ဆိုခဲ့ရတာ အရမ်းပျော်စရာကောင်းလို့ အားပေးကြတဲ့ ချစ်ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။ ယု ပွဲမဆိုခင် အရမ်းကို စိတ်ပူနေခဲ့တာပါ။ ယုက အမြဲအလွဲလေးတွေ လုပ်တတ်လွန်းလို့လေ” လို့ ယုဇနက ပြောပါတယ်။
ယုဇနကတော့ သူ့ရဲ့ဖျော်ဖြေမှုမှာတော့ ဂီတမောင်နှမများရဲ့ လက်တွဲခေါ်ယူမှုကြောင့် အဆင်ပြေပြေနဲ့ ပရိသတ်ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ညကတော့ ကိုယ့်ဂီတမောင်နှမတွေရဲ့ ဖေးမမှု၊ လက်တွဲခေါ်ယူမှုတွေကြောင့် အဆင်ပြေပြေနဲ့ ပရိသတ်ပါပျော်အောင် လုပ်ပေးနိုင်ခဲ့လို့ ကိုRဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်၊ ညီမ နီနီခင်ဇော်တို့ကို အထူးပဲကျေးဇူးတင်ပါတယ်။ သီဆိုမှုမှာ အမှားအယွင်း တစုံတရာများရှိခဲ့ရင် ခွင့်လွှတ်ပေးပါရှင်။ လာရောက်ဖျော်ဖြေခွင့်ရတဲ့အတွက်
ယုဇနက သူ့ရဲ့ဖျော်ဖြေမှုကို တခြားသောပြိုင်ပွဲဝင်များကဲ့သို့ Coach များကို သီဆိုပြခဲ့ပြီး Coach ၄ ယောက်အနက် ၃ ယောက်က လှည့်ကြည့်ပြီး နောက်ဆုံးမှာတော့ ရန်ရန်ချန်းက လှည့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ “ပဋိပက္ခ” သီချင်းကိုတော့ Acid အဖွဲ့နဲ့အတူ အဆိုတော် ယုဇနတို့က သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
“ညှို့သောပင်လယ် ဆွဲငင်သောလမင်း”ရဲ့ မူရင်းအဆိုတော် Rဇာနည်နဲ့ မီးမီးခဲဖြစ်
အမေရိကန် ရုပ်ရှင်ရုံတွေမှာ “Tenet” ရုပ်ရှင် ဒေါ်လာ သန်း ၂၀ ကျော် ဝင်ငွေရ
BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ